Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းမူနှင့်အရာတော်နယ်စပ်တွင် စစ်ကောင်စီစစ်ကြောင်း နှစ်ခုအား တိုက်ခိုက်

ZERO အဖွဲ့သည် စစ်ကြောင်း (၁၊၂နှင့် ၃)ကို ဦးဆောင် တိုက်ခိုက်ခဲ့ပြီး မြင်းခြံတပ်ရင်း (၄) မှ ရဲဘော် နှစ်ဦးကျဆုံးကာ ZERO အဖွဲ့မှ ရဲဘော်တစ်ဦး လက်မောင်း( မစိုးရိမ်ရ ) ဒဏ်ရာရခဲ့သည်ဟု ၎င်းက ပြောသည်။

ဖေဖော်ဝါရီ ၂၁ ရက်က နွားမသင်းရွာကို စစ်ကောင်စီတပ်က မီးရှို့ခဲ့စဥ်၊ ဓာတ်ပုံ-အရာတော်ပို့စ်
ဖေဖော်ဝါရီ ၂၁ ရက်က နွားမသင်းရွာကို စစ်ကောင်စီတပ်က မီးရှို့ခဲ့စဥ်၊ ဓာတ်ပုံ-အရာတော်ပို့စ်

အရာရှိတစ်ဦးအပါအဝင် ၁၀ဦးထက်မနည်းသေ၊ PDF ရဲဘော်နှစ်ဦးလည်း ကျဆုံး

စစ်ကိုင်းတိုင်း၊ အရာတော်နယ်မှတဆင့် မြင်းမူမြို့နယ်ဘက်သို့ စစ်ကြောင်းထိုးလာပြီး မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီစစ်ကြောင်းနှစ်ခုအား ဒေသတွင်း PDFများက ပူးပေါင်းတိုက်ခိုက်ရာ အရာရှိတစ်ဦးအပါအဝင် ၁၀ ဦးထက်မနည်း သေဆုံးပြီး PDF ရဲဘော်နှစ်ဦးလည်း ကျဆုံးခဲ့ကြောင်း ZERO ပြောက်ကြားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၂၄ ရက်) ညနေ ၄နာရီခွဲခန့်က မြင်းမူမြို့နယ်၊ ကျောက်ပြောက်ရွာ၊ မင်းရွာများကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်း နှစ်ခုအား တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ၂ နာရီခန့်ကြာခဲ့ပြီး စစ်သား ၁၀ဦးခန့်သေဆုံးခဲ့ကြောင်း ZERO ပြောက်ကြားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

ZERO အဖွဲ့သည် စစ်ကြောင်း (၁၊၂နှင့် ၃)ကို ဦးဆောင် တိုက်ခိုက်ခဲ့ပြီး မြင်းခြံတပ်ရင်း (၄) မှ ရဲဘော် နှစ်ဦးကျဆုံးကာ ZERO အဖွဲ့မှ ရဲဘော်တစ်ဦး လက်မောင်း( မစိုးရိမ်ရ ) ဒဏ်ရာရခဲ့သည်ဟု ၎င်းက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည်အရာတော်နယ်မှတဆင့် အရာတော်၊ ကျောက်ပြောက်၊ သခွပ်ပင်၊ နွားမသင်း၊ မင်းရွာ အစရှိသည့် အရာတော်နယ်တောင်ဘက်ခြမ်းရွာများအား စစ်ကြောင်းထိုးခဲ့သည်။

Public Service Announcement

Public Service Announcement

“၂၁ ရက်နေ့ကစတိုက်တာ။ ပထမဆုံးစစ်ကြောင်းပေါ့။ သုံးကြောင်းလာတာကို ကျွန်တော်တို့က အစွန်ဆုံးစစ်ကြောင်းကို ဖြတ်တိုက်ခဲ့တာ။ အဲဒီနေ့က အရာရှိအပါအဝင် ၉ ကောင်ရ(သေဆုံး)ခဲ့ပါတယ်။ မနေ့ကရွာကိုမီးရှို့တော့ တော်တော်ကုန်သလောက်ဖြစ်နေပြီ။ အဲဒီအချိန်မှာ ညနေလေးနာရီခွဲမှာ ဝင်တိုက်ပါတယ်။ နယ်မြေခံတော်လှန်ရေးအင်းစုနဲ့တပ်ရင်းတွေလည်းပါတယ်။ ကျွန်တော်တို့သိရတာက ဆယ်ကောင်မျက်မြင်ပေါ့နော်”ဟု ကိုသက်ကြီးက ပြောသည်။

၎င်းကဆက်လက်၍ “ဒါပေမယ့် ကင်း​ထောက်တွေ အတည်ပြုမှုအရ အကောင်နှစ်ဆယ်လောက်ရခဲ့(သေဆုံး)ပါတယ်။ အင်အား ၇၀ လောက်ပါတဲ့စစ်ကြောင်းက အခုပြန်ဆုတ်သွားတဲ့အချိန်မှာ အင်အား ၂၀ ပဲ ကျန်တော့တယ်ဆိုတော့ ဒီမှာ တောာ်တော်လေးသေတယ်လို့ပြောရမှာပါ။ တိုက်ပွဲက တောက်လျှောက်ဖြစ်နေတာပါ။”ဟု ပြောသည်။

ကျေးရွာ လေးရွာခန့်ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး မင်းရွာမှာ ရွာလုံးကျွတ်ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ အဆိုပါ ကျေးရွာများအား ယနေ့နံနက်ပိုင်းတွင် နယ်မြေရှင်းလင်းရေးပြုလုပ်နေကြောင်း ဒေသတွင်း PDF များက ပြောသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကူခေါ်၍ တိုက်နယ်စွန် PDF ၊ဘိုသံခဲအဖွဲ့၊ ဗိုလ်ယက္ခအဖွဲ့၊ ၊ ရင်း (၈)ခွဲ – ၃ အဖွဲ့တို့နှင့် မဟာမိတ်အဖွဲ့များလည်း ပါဝင်တိုက်ခိုက်ခဲ့ကြောင်း၊ ဖေဖော်ဝါရီ၂၃ရက်တွင် နောက်တန်းမှနေ၍ ကာစစ်အတွက်ကင်းစောင့်ပြီး စစ်ဘေးရှောင်ပြည်သူများကို ကူညီကာကွယ်စောင့်ရှောက်ခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၂၄ရက်တွင် တိုက်ပွဲ၌ ပါဝင်ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း တိုက်နယ်စွန် PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ ညနေ ၃ နာရီ ၂၃မိနစ်တွင် စစ်ကောင်စီတပ်စွဲရာ ရွာအခြေကို နေရာယူနိုင်ခဲ့ပြီး ညနေ ၄ နာရီ ၃၇ မိနစ်ခန့်တွင် ရွာထဲသို့ဝင်ကာ ထိပ်တိုက်ရင်ဆိုင်ပစ်ခတ်ခဲ့ကြောင်း၊ ညနေ ၅ နာရီခွဲခန့်တွင် စစ်​ကြောင်းသုံးကြောင်းခွဲဆင်းလာသည့်အနက် အလယ်စစ်ကြောင်းနှင့် ထိပ်တိုက်တွေ့ခဲ့သည်ဟု ဆိုသည်။

အဆိုပါ စစ်ဆင်ရေးကို ZERO ပြောက်ကြားတပ်ဖွဲ့ (တပ်ရင်း – ၇ မြင်းခြံခရိုင်)၊ တလုပ်PDF (တပ်ရင်း -၂ မြင်းခြံခရိုင်)၊ စစ်ကိုင်းခရိုင် တပ်ရင်း – ၁၊ GTR (စစ်ကိုင်းခရိုင် တပ်ရင်း – ၂၊ တပ်ခွဲ -၂ )၊ မန္တလေးခရိုင် တပ်ရင်း၊ မုံရွာခရိုင်တပ်ရင်း – ၆၊ ကိုရန်နိုင် အဖွဲ့၊ ဆားတောင်မိုးကြိုးအဖွဲ့၊ လက်နက်ကြီးအဖွဲ့နှင့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဖေဖော်ဝါရီ ၂၃ ရက် မွန်းလွဲ ၂ နာရီခန့်က အရာတော်မြို့နယ်တောင်ပိုင်း မလဲသာ၊ ကန်ရင်းဒေသ၌ စစ်ကောင်စီတပ်က လေကြောင်းမှပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ညနေ ၃ နာရီ မိနစ်၂၀အထိ အရာတော်ဒေသအတွင်းသို့ ရဟတ်ယာဉ်ဖြင့် တပ်ကူ (၄)ကြိမ်အထိ ပို့ဆောင်ခဲ့ကြောင်း အရာတော်ပကဖအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။