Connect with us

Hi, what are you looking for?

သတင်း

NUGနှင့် KIOပူးပေါင်းပြီး CDM ကျောင်းသူ၊ကျောင်းသားများအတွက်ဖွင့်လှစ်သည့် KSCU တက္ကသိုလ် ပထမဆုံးဘွဲ့နှင်းသဘင် လိုင်ဇာ၌ ပြုလုပ်

စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်အတွင်းရှိ တက္ကသိုလ် ၈ခုက CDM တက္ကသိုလ် ဆရာ၊ ဆရာမများပူးပေါင်းပြီး အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်မှတဆင့် ပညာရပ်စုံ တက္ကသိုလ်ကို တည်ထောင်ထားခြင်းဖြစ်သည်။

(KSCUတက္ကသိုလ်ဘွဲ့နှင်းသဘင်အခမ်းအနားပြုလုပ်နေစဥ်။ဓာတ်ပုံ - Kachinwaves)
(KSCUတက္ကသိုလ်ဘွဲ့နှင်းသဘင်အခမ်းအနားပြုလုပ်နေစဥ်။ဓာတ်ပုံ - Kachinwaves)

▪︎ဒုဗိုလ်ချုပ်ကြီးဂွန်မော်နှင့် ဒေါက်တာဇော်ဝေစိုးတို့ မိန့်ခွန်းပြော

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ပူးပေါင်းဖွင့်လှစ်သည့် ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် (KSCU) ၏ ပထမဆုံး ဘွဲ့နှင်းသဘင် အခမ်းအနားကို KIO ဌာနချုပ် လိုင်ဇာ၌ ယနေ့ကျင်းပခဲ့သည်။

CDM ကျောင်းသား၊ကျောင်းသူများအတွက် ရည်ရွယ်ဖွင့်လှစ်ခဲ့သည့် အဆိုပါ တက္ကသိုလ်၏ ပထမဆုံးဘွဲ့နှင်းသဘင် အခမ်းအနားတွင် မြန်မာစာ၊ ဓာတုဗေဒ၊ အင်္ဂလိပ်၊ စိတ်ပညာ၊ ပထဝီ၊ ဥပဒေ၊ စီးပွားရေး၊ သမိုင်းနှင့် ဒဿနိကဗေဒစသည့် ဘာသာရပ်များကို သင်ယူလေ့လာခဲ့သည့် ကျောင်းသားကျောင်းသူ ၆၃ဦးက ဘွဲ့လက်ခံရယူခဲ့သည်ဟု Kachinwaves က ဖော်ပြထားသည်။

(KSCUတက္ကသိုလ်ဘွဲ့နှင်းသဘင်အခမ်းအနားပြုလုပ်နေစဥ်။ဓာတ်ပုံ - Kachinwaves)
(KSCUတက္ကသိုလ်ဘွဲ့နှင်းသဘင်အခမ်းအနားပြုလုပ်နေစဥ်။ဓာတ်ပုံ – Kachinwaves)

အခမ်းအနားသို့ KSCU၏ အဓိပတိဖြစ်သူ ကချင်လွတ်လပ်ရေးကောင်စီ(KIC) ဒုဥက္ကဋ္ဌ(၁) ဒုဗိုလ်ချုပ်ကြီး ဂွန်မော်တက်ရောက်ပြီး ဘွဲရမောင်မယ်များအား ဘွဲ့လက်မှတ်ပေးအပ်သကဲ့သို့ NUG ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကလည်း အွန်လိုင်းမှတဆင့် ဂုဏ်ပြုစကား ပြောကြားခဲ့သည်ဟုဆိုသည်။

(KSCUတက္ကသိုလ်ဘွဲ့နှင်းသဘင်အခမ်းအနားပြုလုပ်နေစဥ်။ဓာတ်ပုံ - Kachinwaves)
(KSCUတက္ကသိုလ်ဘွဲ့နှင်းသဘင်အခမ်းအနားပြုလုပ်နေစဥ်။ဓာတ်ပုံ – Kachinwaves)

ယခုတက္ကသိုလ်သည် တော်လှန်ရေးလိုအပ်ချက်အရ ပေါ်ပေါက်လာခြင်းဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပညာရေး၏ ခြေလှမ်းအစဖြစ်သည်ဟု ယုံကြည်ကြောင်း ဝန်ကြီးဒေါက်တာဇော်ဝေစိုးက ပြောကြားခဲ့သည်။

Public Service Announcement

Public Service Announcement

ဒုဗိုလ်ချုပ်ကြီးဂွန်မော်ကလည်း တော်လှန်ရေးကာလနှင့် တော်လှန်ရေးအလွန် ပြန်လည် ထူထောင်ရေးကာလများတွင် ဘွဲ့ရမောင်မယ်များက မိမိတို့၏ အရည်အသွေး ၊ ကြံ့ခိုင်သည့် စိတ်ဓာတ်များဖြင့် ပါဝင်ရန်၊ ထိုသို့ ပါဝင်ပြီး တက္ကသိုလ်၏ ဂုဏ်သိက္ခာကို မြှင့်တင်နိုင်ရေး ကြိုးစားရမည်ဖြစ်ကြောင်း တိုက်တွန်းခဲ့သည်ဟု ဆိုသည်။ KSCU ကို ၂၀၂၂ မေလ၌ စတင်ထူထောင်ခဲ့ပြီးစက်တင်ဘာလတွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

(KSCUတက္ကသိုလ်ဘွဲ့နှင်းသဘင်အခမ်းအနားပြုလုပ်နေစဥ်။ဓာတ်ပုံ - Kachinwaves)
(KSCUတက္ကသိုလ်ဘွဲ့နှင်းသဘင်အခမ်းအနားပြုလုပ်နေစဥ်။ဓာတ်ပုံ – Kachinwaves)

ကချင်ပြည်နယ်နှင့် ကချင်ပြည်နယ်နှင့် ထိစပ်ဒေသရှိ အဆင့်မြင့်ပညာ ရှာဖွေလိုကြသည့် ကျောင်းသားကျောင်းသူများအတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်းKSCUလက်ထောက်အဓိပတိဖြစ်သူ ဒေါက်တာအောင်ကိုလင်းက သတင်းမီဒီယာများသို့ ဖြေကြားထားသည်။အခြေခံလူထု ကျန်းမာရေးတက္ကသိုလ်ကိုလည်း ဖွင့်နိုင်ရန် ကြိုးပမ်းသွားမည်ဟု ၎င်းကဆက်​ပြောသည်။

(KSCUတက္ကသိုလ်ဘွဲ့နှင်းသဘင်အခမ်းအနားပြုလုပ်နေစဥ်။ဓာတ်ပုံ - Kachinwaves)
(KSCUတက္ကသိုလ်ဘွဲ့နှင်းသဘင်အခမ်းအနားပြုလုပ်နေစဥ်။ဓာတ်ပုံ – Kachinwaves)

စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်အတွင်းရှိ တက္ကသိုလ် ၈ခုက CDM တက္ကသိုလ် ဆရာ၊ ဆရာမများပူးပေါင်းပြီး အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်မှတဆင့် ပညာရပ်စုံ တက္ကသိုလ်ကို တည်ထောင်ထားခြင်းဖြစ်သည်။

“ အနာဂတ်မှာလည်း ကျနော်တို့ ကချင်ပြည်နယ် လူထုအတွက် ကချင်ပြည်နယ် ဒေသအတွက် လိုအပ်တဲ့ ပညာရပ်ဆိုင်ရာ တက္ကသိုလ်တွေ ကျနော်တို့က ဆက်ဖွင့်သွားမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ကျနော်တို့မှာမရှိသေးတဲ့ စီးပွားရေးတက္ကသိုလ်လိုဟာမျိုးဖွင့်သွားဖို့ အလားအလာရှိပါတယ်” ဟု ဒေါက်တာအောင်ကိုလင်းက တက္ကသိုလ်ဖွင့်စကပြောကြားထားသည်။

KIOနယ်မြေတွင် NUGနှင့် KIO ပူးပေါင်းတည်ထောင်ထားသည့် KSCU တက္ကသိုလ်အပြင် KIOက ဖွင့်လှစ်ထားသည့် အခြားတက္ကသိုလ်များလည်းရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မြစ်ဆုံရေကာတာ စီမံကိန်းကို လုံး၀ဖျက်သိမ်းရေး ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ရဲ့ သဘောထားကို ထုတ်ပြန်ပေးဖို့ တင်ပြလိုကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW)ဒါရိုက်တာ မဆိုင်းမိုင်က ပြောကြားပါတယ်။