Connect with us

Hi, what are you looking for?

သတင်း

CDMများ၏ ဆန္ဒကိုထည့်သွင်းစဉ်းစားပြီး အကူအညီများရရေးကြိုးပမ်းရန် ပြည်ထောင်စု ဝန်ကြီးချုပ် ပြော

ကော်မတီအနေဖြင့် တော်လှန်ရေးအခြေအနေအရ ဆက်လက်အကောင်အထည်ဖော်သင့်သည့်ကိစ္စများကို ဆွေးနွေးလုပ်ဆောင်ကြရန်လည်း ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မှာကြားသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဝန်ထမ်းများ CDM လှုပ်ရှားမှုပါဝင်ကြရန် ရန်ကုန်မြို့၌ လှုံ့ဆော်ဆန္ဒပြနေစဉ်၊ ဓာတ်ပုံ - CJ
စစ်တပ်က အာဏာသိမ်းပြီးနောက် ဝန်ထမ်းများ CDM လှုပ်ရှားမှုပါဝင်ကြရန် ရန်ကုန်မြို့၌ လှုံ့ဆော်ဆန္ဒပြနေစဉ်၊ ဓာတ်ပုံ - CJ

အာဏာဖီဆန်ရေးလှုပ်ရှားမှ(CDM) မူဝါဒ အသက်ဝင် အောင်လုပ်ဆောင်ရန်နှင့် CDMများ၏ ဆန္ဒကို ထည့်သွင်းစဉ်းစားရန် အရေးကြီးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ယမန်နေ့က ကျင်းပသည့် CDM အောင်မြင်ရေးကော်မတီအစည်းအဝေး၌ ပြောကြားခဲ့သည်။

အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုသည် နွေဦးတော်လှန်ရေးကြီးကို အရှိန်အမြင့်ဆုံးရောက်ရှိသွားပြီး နိုင်ငံတကာ၏ အာရုံစိုက်မှုရရှိနိုင်ခဲ့သည်အထိ တော်လှန်ရေးကိုအားကောင်းအောင်မောင်းနှင်ပေးခဲ့ကြောင်း၊ ယင်းလှုပ်ရှားမှုတွင် ပါဝင်ပြီး ယနေ့အထိ အားမလျှော့စတမ်း တိုက်ပွဲနေသည့် CDMများသည် နိုင်ငံ့ဂုဏ်ဆောင်များဖြစ်ပြီး လေးစားချီးကျူးထိုက်သူများ ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

“တိုင်းပြည်ရဲ့ အနာဂတ်အတွက် မိမိတို့ရဲ့ ဘဝတွေ အသက်တွေစတေးပြီးယုံကြည်စွာနဲ့ ရှေ့ဆက်နေကြတဲ့အတွက် အခုလိုနှစ်နှစ်ကျော်ကြာတဲ့အထိ တော်လှန်ရေးဟာ အရှိန်အဟုန်ကောင်းကောင်းနဲ့ စစ်အာဏာရှင်အကြမ်းစစ်တပ်ကို ဆက်လက်ပြီး အားကောင်းစွာဖိအားပေးတုံ့ပြန်လျက်ရှိပါတယ်။ ဒီစိတ်ဓါတ်တွေနဲ့ ဆက်လက် တိုက်ပွဲဝင်နေကြတဲ့အတွက်ကြောင့်ဘဲ အခုဆိုရင် ကမ္ဘာကြီးက မျက်နှာလွှဲထားလို့မရအောင် မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ ပိုပြီးအာရုံစိုက် လုပ်ဆောင်လာရတာတွေရှိပါတယ်။ ကော်မတီအနေနဲ့လည်း ဒီကဏ္ဏကနေပြီး ကျွန်တော်တို့ရဲ့ စီဒီအမ်များအတွက် အကူအညီများရရှိနိုင်ဖို့ စီစဉ်ဆောင်ရွက်သွားဖို့ကိုလည်း မှာကြားလိုပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားသည်။

ပြီးခဲ့သည့် ၂နှစ်အတွင်း ကော်မတီအနေဖြင့် CDMဆိုင်ရာ အထောက်ပံ့ကူညီရေးအစီအစဉ်များ၊ လုံခြုံရေး၊ လှုမှုရေး၊ လေ့လာသင်ယူမှု မရပ်တန့် စေရေးစီမံကိန်းများ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ အားဖြည့်အကူအညီပေးရေး အစီအစဉ်များကို ဆောင်ရွက်ပေးခဲ့သော်လည်း လိုအပ်ချက်များ အကန့်အသတ်များ ရှိနေဆဲဖြစ်သည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ကော်မတီအနေဖြင့် တော်လှန်ရေးအခြေအနေအရ ဆက်လက်အကောင်အထည်ဖော်သင့်သည့်ကိစ္စများကို ဆွေးနွေးလုပ်ဆောင်ကြရန်လည်း ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မှာကြားသည်။

“ကော်မတီအနေနဲ့ စီဒီအမ်များနဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ မူဝါဒများကို ဆက်လက်ပြီး အသက်ဝင်အောင် လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။နိဂုံးချုပ်အနေနဲ့ ပြောကြားရရင် မူဝါဒများကို အကောင်အထည် ဖော်ဆောင်ရာမှာလည်း စီဒီအမ်များရဲ့ ဆန္ဒသဘောထားကို ထည့်သွင်းစဉ်းစားဖို့ အင်မတန်အရေးကြီးသလို တဖက်မှာလည်း ကျနော်တို့အစိုးရဟာ လူအခွင့်အရေးကို အာမခံတဲ့ အစိုးရတရပ်အနေနဲ့ စံတန်ဖိုးများကို လိုက်နာရမှာ ဖြစ်တဲ့အတွက် ဒီအချက်တွေကို သေသေချာချာ ထည့်သွင်းစဉ်းစားပြီး ဆွေးနွေးဆောင်ရွက်သွားကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်”ဟု ဝန်ကြီးချုပ်က ပြောကြားသည်။

CDM များအတွက် ဂုဏ်ပြုချီးမြှင့်ခြင်းဆိုင်ရာ ကြေညာချက်ကို အမျိုးသားညီညွတ်ရေးအစိုးရက ယခု ဖေဖော်ဝါရီ ၁ရက်တွင် ထုတ်ပြန်ခဲ့ရာ တော်လှန်ရေးကာလအလွန်တွင် နိုင်ငံတော်အဆင့် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် ချီးမြှင့်ပေးအပ်ရန်၊ ယခု ဖေဖော်ဝါရီ ၁ရက်မှစ၍ မူလရာထူးတာဝန်ထက် တစ်ဆင့်တိုး၍ ရာထူးတိုးခန့်အပ်ကြောင်းနှင့် တော်လှန်ရေး ကာလအလွန်တွင် လုပ်ခလစငွေများ၊ ချီးမြှင့်ငွေများကို တလုံးတခဲတည်း ပြန်လည်ပေးအပ်သွားရန်အချက်များ ပါဝင်သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။

သတင်း

တော်လှန်ရေး (၅)နှစ်ကျော်တဲ့အထိ စိတ်ဓာတ်မကျဘဲပါဝင်နေတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ဝန်ထမ်းတွေ စည်းလုံးကြဖို့ ဂုဏ်ပြုတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ( SCEF) ပေါ်ပေါက်လာမှုကို လှိုက်လှဲစွာကြိုဆိုထောက်ခံကြောင်း CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခုက ဒီကနေ့ ဧပြီ ၁ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာ၀တီခရိုင် အုတ်ဖိုမြို့နယ် အောင်သုခ ရပ်ကွက်နေ ပျူစောထီး မောင်ဆန်းဟာ CDM သူနာပြု ဆရာမတစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ရာမှာ စစ်တပ်နဲ့အတူ ပါဝင်ခဲ့သူဖြစ်ပြီး ၎င်းကိုဖမ်းဆီးစဉ် ထွက်ပြေးလို့ ပစ်ခတ် ဖမ်းဆီးရာ သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် သာယာ၀တီခရိုင်တပ်ရင်း(၃၈၀၂)က သတင်းထုတ်ပြန်ပါတယ်။