Connect with us

Hi, what are you looking for?

သတင်း

အရာတော်နယ်ရှိ နောင်ကြီးအိုင်ရဲစခန်းအား ပစ်ခတ်တိုက်ခိုက်

ဖေဖော်ဝါရီ ၂၅ ရက် ညနေ၅ နာရီခန့်က နောင်ကြီးအိုင်ရဲစခန်းကို Chindwin Attack Force နှင့် ဒေသတွင်း PDFများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

(ရန်ကုန်မြို့တွင် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့အချို့ကို ၂၀၂၁ ဇွန်လပိုင်းက တွေ့ရစဉ်၊ ဓာတ်ပုံ − EPA/EFE)
(ရန်ကုန်မြို့တွင် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့အချို့ကို ၂၀၂၁ ဇွန်လပိုင်းက တွေ့ရစဉ်၊ ဓာတ်ပုံ − EPA/EFE)

မုံရွာရှိ စစ်ကောင်စီသတင်းပေး စစ်မှုထမ်းဟောင်းတစ်ဦးလည်း ရှင်းလင်းခံရ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ နောင်ကြီးအိုင်ရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရပြီး မုံရွာမြို့ရှိ စစ်ကောင်စီ သတင်းပေး စစ်မှုထမ်းဟောင်းတစ်ဦးလည်း ရှင်းလင်းခံရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဖေဖော်ဝါရီ ၂၅ ရက် ညနေ၅ နာရီခန့်က နောင်ကြီးအိုင်ရဲစခန်းကို Chindwin Attack Force နှင့် ဒေသတွင်း PDFများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် ကားများပျက်စီးပြီး အိမ်တစ်လုံးမီးလောင်ခဲ့​ကြောင်း၊ အခြားထိခိုက်မှုအခြေအနေကိုမူ မသိရသေးကြောင်း Chindwin Attack Force၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စခန်းအတွင်းရှိ စစ်ကောင်စီတပ်က ပြန်လည်ပစ်ခဲ့၍ ဒေသခံပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ဆင်ရေးကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၃ တပ်ခွဲ – ၃ ဂဋ္ဌုန်နက် PDF ၊ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၂ တပ်ခွဲ – ၄ Fight For People – F.F.P PDF ၊ ကျားသစ်နက် (LPDF) ၊ ယက္ခညီနောင် (LPDF) ၊ မုံရွာခရိုင် တပ်ရင်း – ၁၈ နှင့် တော်လှန်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

အလားတူ မုံရွာမြို့နယ်၊ မြို့သစ်ရပ်ကွက်နေ စစ်မူထမ်းဟောင်း သန်းနိုင်ဆိုသူသည် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) လူယုံဖြစ်ပြီး စားနပ်ရိက္ခာစီစဥ်ပေးခြင်းနှင့် စစ်ကောင်စီသတင်းပေးတစ်ဦးဟု သတင်းရ၍ ရှင်းလင်းခဲ့ကြောင်း မုံရွာ-ဗန္ဓုလနှင့်အဖွဲ့သားများက ယမန်နေ့(ဖေဖော်ဝါရီ ၂၇ ရက်) သတင်းထုတ်ပြန်သည်။

၎င်းထံမှ မှတ်ပုံတင်အချက်အလက်များနှင့် လက်ပစ်ဗုံးတစ်လုံး သိမ်းဆည်းရမိခဲ့ပြီး စစ်ဆင်ရေးအား မုံရွာ-ဗန္ဓုလနှင့်အဖွဲ့သားများ အဖွဲ့(၁) Black Falcon ‌မြို့တွင်း‌ေပျာက်ကျားတပ်ဖွဲ့Brave Heart Army-BHAနှင့် Special Forces-11PDFတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ရေးမြို့နယ်၊ လမိုင်းမြို့ရဲစခန်းအနီး တိုက်ခိုက်မှုအတွင်း အမှတ်(၁၀၆)ခြေလျင်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး သေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ အနင်းကျေးရွာရဲစခန်းကိုဒရုန်းဖြင့် ဗုံးကြဲခဲ့သလို ရေးမြို့နယ် အောင်သပြေကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ပြောက်ကျားစစ်ဆင်ရေးနဲ့ တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာလာပမြို့နယ် ရွှေပေါက္ကံနယ်မြေရဲစခန်းက ရဲတွေကင်းပတ်ဖို့ထွက်လာတဲ့ ကားနဲ့ ဆိုင်ကယ်တွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင်၊မုန်းမြို့နယ်(မူးမြို့နယ်)မှာ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှု လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူတွေ ထိခိုက်မှု ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။