Connect with us

Hi, what are you looking for?

သတင်း

၃ နှစ်အရွယ်ကလေးအပါအဝင်မိသားစုဝင်ငါးဦးအတွက် သွေးကြွေးနှင့် တရားမျှတမှု ပြန်ယူမည်ဟု HRS အသိပေး

စစ်ကောင်စီနှင့် ၎င်း၏လက်ကိုင်တုတ် ပျူစောထီးများက ဆရာကျောင်း(ခ)ကိုဝင်းစိုး၏ မိသားစုဝင်ငါးဦးကိုလှည်းကူးရှိနေအိမ်သို့ ဝင်ရောက်ပြီး ကလေးပါမချန်သေနတ်ဖြင့် ပစ်သတ်သွားခဲ့ခြင်း ဖြစ်သည်။

၃ နှစ်အရွယ်ကလေးအပါအဝင်မိသားစုဝင်ငါးဦးအတွက် သွေးကြွေးနှင့် တရားမျှတမှု ပြန်ယူမည်ဟု HRS အသိပေး
၃ နှစ်အရွယ်ကလေးအပါအဝင်မိသားစုဝင်ငါးဦးအတွက် သွေးကြွေးနှင့် တရားမျှတမှု ပြန်ယူမည်ဟု HRS အသိပေး

▪︎အပြစ်မဲ့ ပြည်သူ့ငါးဦးအားစစ်တပ်နှင့်ပျူများက ရက်စက်စွာသတ်ဖြတ်ခြင်းသည် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တွင် ၃ နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် မိသားစုဝင်ငါးဦးအား စစ်ကောင်စီတပ်နှင့် ၎င်း ၏လက်ကိုင်တုတ် ပျူစောထီးများက ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ခြင်းအပေါ် သွေးကြွေးနှင့် တရားမျှတမှုကို မရရအောင်ပြန်ယူမည်ဟု Hawk Revolutionary Squad – HRS ဒရုန်းတပ်ဖွဲ့က ယနေ့ မတ် ၂ ရက်တွင် အသိပေးထုတ်ပြန်လိုက်သည်။

စစ်ကောင်စီနှင့် ၎င်း၏လက်ကိုင်တုတ် ပျူစောထီးများက ဆရာကျောင်း(ခ)ကိုဝင်းစိုး၏ မိသားစုဝင်ငါးဦးကိုလှည်းကူးရှိနေအိမ်သို့ ဝင်ရောက်ပြီး ကလေးပါမချန်သေနတ်ဖြင့် ပစ်သတ်သွားခဲ့ခြင်း ဖြစ်သည်။

သတ်ဖြတ်ခံခဲ့ရသော အပြစ်မဲ့ပြည်သူငါးဦးသည် HRS တပ်ဖွဲ့၏ တွဲဖက်တာဝန်ခံ ဆရာကျောင်း(ခ)ကိုဝင်းစိုး၏ သားနှင့် ဇနီးအပါအဝင် မိသားစုဝင်ငါးဦးကိုစစ်​ကောင်စီတပ်နှင့် ပျူစောထီးများက ဖေဖော်ဝါရီ ၂၂ ရက်နေ့ည ၇ နာရီခွဲခန့်တွင် လှည်းကူးမြို့နယ်ရှိ​နေအိမ်တွင် သတ်ဖြတ်ခဲ့ခြင်းအပေါ် အထက်ပါအတိုင်း သတိပေးလိုက်ခြင်း ဖြစ်သည်။

“ ကျနော်တို့ ရဲဘော်ရဲဘက်တစ်ဦးရဲ့ မိသားစုတစ်ခုလုံးဆုံးရှုံးရမှု၊ နာကျင်ကြေကွဲရမှုအပေါ် သေချာပေါက် လက်တုံ့ပြန်သွားမှာဖြစ်တယ်။ ပြီးတော့ဒါဟာ ရာဇဝတ်မှုကြီးဆိုတာထင်ရှားတယ်။ ကျူးလွန်သူတွေသာမကပတ်သက်ဆက်နွှယ်သူအားလုံး သေချာပေါက် ပြန်ပေးဆပ်‌ရမှာဖြစ်တယ်။ ကျနော်တို့ကလည်း မရရအောင် ဒီသွေးကြွေးကို ပြန်ယူမယ်” ဟု HRS ဒရုန်းတပ်ဖွဲ့မှ တာဝန်ခံက People’s Spring သတင်းဌာနသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် HRS အနေဖြင့် ဆရာကျောင်း၏မိသားစုအတွက်သာမဟုတ်ဘဲ တစ်နိုင်ငံလုံးမှ နာကျင်ဆုံးရှုံးရသည့် မိသားစုတိုင်းအတွက် ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသမျှ အားကုန်သုံးပြီး ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ် ကြောင်း တပ်ဖွဲ့တာဝန်ခံ က ဆက်ပြော သည်။

မိသားစုဝင်ငါးဦးအား ဆုံးရှုံခဲ့ရသော ဆရာကျောင်း (ခ)ကိုဝင်းစိုးသည် ပညာ ရေး CDM တစ်ဦးဖြစ်သည့်အပြင် လက်နက်ကိုင်တော် လှန်ရေးတွင်လည်း ရဲဘော်အဖြစ်သာမက HRS Drone Force ၏ တွဲဖက်တာဝန်ခံတစ်ဦးလည်း ဖြစ်သည်။

“ အာဏာသိမ်းစကတည်းက ကျနော်တို့နဲ့အတူ တပ်မ ဟာ (၁) မှာ အတူအလုပ်လုပ်ခဲ့ကြတာ။ အဲ့ကတည်းက သူ့မိသားစုနဲ့ အဆက်အသွယ်လုံးဝဖြတ်၊ အမျိုးသမီးနဲ့လည်း ကွာရှင်းထားပြီးသား” ဟု၎င်းက ရှင်းပြသည်။

အထက်ပါ Hawk Revolutionary Squad – HRS ဒရုန်းတပ်ဖွဲ့၏လှုပ်ရှားနယ်​မြေမှာKNU/KNLA သထုံခရိုင်တပ်မဟာ ၁ နယ်မြေအတွင်းဖြစ်ပြီး KNLA နှင့်ပူး​ပေါင်း၍ စစ်​ဆင်​ရေးများ ပြုလုပ်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

လာမည့် ၂၀၂၅တွင် စစ်ကိုင်းတိုင်းအတွင်း တပ်မဟာအသစ် တစ်ခုဖွဲ့စည်း၍ စစ်ဆင်ရေးအရှိန်အဟုန်ကို တိုးမြှင့်ဖော်ဆောင် သွားမည်ဖြစ်ကြောင်း မန္တလေး PDFက ထပ်မံအသိပေးသည်။

သတင်း

ပစ္စည်းများကို အခမ်းအနားဖြင့် အပ်နှံခဲ့ရာ နိုဝင်ဘာ ၃၀ရက်တွင် ဘူးသီးတောင်မြို့တစ် နေရာ၌ ပြုလုပ်ခဲ့ပြီး ပိုင်ရှင်အစစ်အမှန် ၃၁ဦး လက်ထဲသို့ပစ္စည်းများကို ပထမအကြိမ်အနေဖြင့် ကောင်းမွန်စွာအပ်နှံထားခဲ့ပြီးဟု ထုတ်ပြန်သည်။

သတင်း

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၅၂ဦး သေဆုံးခဲ့ကြောင်းဖော်ပြပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်နှစ်ဦးကျဆုံးကာ လေးဦးဒဏ်ရာရရှိဟု အသိပေးသည်။

သတင်း

ဒေါနစစ်ကြောင်းသည် တနင်္သာရီနှင့် မွန်ဒေသတွင် ဒေသတွင်းတော်လှန်ရေးတပ်များနှင့်ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေသည့် တပ်ဖွဲ့ဖြစ်သည်။