Connect with us

Hi, what are you looking for?

သတင်း

တောင်ပိုင်းစစ်ဒေသနယ်မြေ၌ တစ်ပတ်အတွင်း တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် ၅၀ကျော်သေဟု အသိပေး

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၅၂ဦး သေဆုံးခဲ့ကြောင်းဖော်ပြပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်နှစ်ဦးကျဆုံးကာ လေးဦးဒဏ်ရာရရှိဟု အသိပေးသည်။

(ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ရဲဘော်တစ်ဦးအား စစ်မြေပြင်၌ တွေ့ရစဉ်။ ဓာတ်ပုံ - သာယာဝတီခရိုင်တပ်ရင်း - ၃၈၀၂)
(ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ရဲဘော်တစ်ဦးအား စစ်မြေပြင်၌ တွေ့ရစဉ်။ ဓာတ်ပုံ - သာယာဝတီခရိုင်တပ်ရင်း - ၃၈၀၂)

ဟန်နွေ/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၌ တပတ်အတွင်း ‌စစ်ကောင်စီတပ်ကို အကြိမ် ၃၀နီးပါး တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ကျော်သေဆုံးခဲ့ဟု တောင်ပိုင်း စစ်ဒေသက ယနေ့ (နိုဝင်ဘာ ၃၀ရက်)တွင် ထုတ်ပြန်သည်။

နိုဝင်ဘာ ၂၃ ရက်မှ နိုဝင်ဘာ ၂၉ ရက်အတွင်း တောင်ပိုင်းစစ်ဒေသနယ်မြေ၌ စစ်ရေးဖော် ဆောင်မှုအခြေအနေကို ပြည်သူလူထုသို့ အသိပေးခဲ့ရာပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီ စစ်ကြောင်းများနှင့် စစ်ကောင်စီတပ်စွဲရာနေရာများ သွားရောက်တိုက်ခိုက်မှု ၂၇ကြိမ်ရှိခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၅၂ဦး သေဆုံးခဲ့ကြောင်းဖော်ပြပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်နှစ်ဦးကျဆုံးကာ လေးဦးဒဏ်ရာရရှိဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

PDFနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များသည်အာဏာသိမ်းစစ်တပ်အား နည်းမျိုးစုံဖြင့် ဖိအားပေးတိုက်ခိုက်လျက်ရှိပြီး ကော့ကရိတ် – မြဝတီ အာရှလမ်းပိုင်းတွင်လည်း စစ်ကောင်စီတပ်၏ ရိက္ခာနှင့် တပ်ကူလမ်းကြောင်းများကို လိုက်လံပိတ်ဆို့ ဖြတ်တောက်ကာ တိုက်ခိုက်လျက်ရှိကြောင်း ထုတ်ပြန်သည်။

တိုက်ပွဲများအနက် ကရင်ပြည်နယ် ဖာပွန် မြို့နယ် အတွင်း တိုက်ခိုက်မှုဖြစ်စဉ်များလည်းပါဝင်သည်။ နိုဝင်ဘာ ၂၂ရက်တွင် တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် မထောစခန်းမှထွက်ပြေးသည့် စစ်ကောင်စီတပ်များကို ပူးပေါင်းတပ်ဖွဲ့က စောင့်ကြို တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့သည်။

မထောစခန်းမှထွက်ပြေးသည့် စစ်ကြောင်းအား နိုဝင်ဘာ ၂၃ရက်တွင် တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ၁၀ဦး ခန့်သေဆုံးပြီး နိုဝင်ဘာ ၂၇ရက်တွင် ထပ်မံတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦး သေဆုံးခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောကြားထားသည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ကြီး၊ လက်နက်ငယ်နှင့် ခဲယမ်းများလည်း သိမ်းရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook