Connect with us

Hi, what are you looking for?

သတင်း

ကွန်ဟိန်းမြို့နယ်၌ ရှမ်းတပ်အချင်းချင်း တိုက်ပွဲဖြစ်

ယမန်နေ့ (မတ်လ ၂ရက်)နံနက် ၁၁နာရီခန့်တွင် SSPPက အင်အား ၁၀၀ခန့်ဖြင့် ကွန်ဟိန်းမြို့နယ် နမ့်တွတ်ဖက်ဒေသရှိ RCSS တပ်စခန်းအား ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဖော်ပြသည်။

(RCSS နှင့် SSPP တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(RCSS နှင့် SSPP တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် ကွန်ဟိန်းမြို့နယ်၌ မတ်လ ၂ရက်က ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (မတ်လ ၂ရက်)နံနက် ၁၁နာရီခန့်တွင် SSPPက အင်အား ၁၀၀ခန့်ဖြင့် ကွန်ဟိန်းမြို့နယ် နမ့်တွတ်ဖက်ဒေသရှိ RCSS တပ်စခန်းအား ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဖော်ပြသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်၍ SSPP ပြောရေးဆိုခွင့်ရှိသူအချို့အား ဆက်သွယ်မေးမြန်းရာ အဆက်အသွယ်မရသေးပေ။

(RCSS နှင့် SSPP တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(RCSS နှင့် SSPP တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

တိုက်ပွဲ၌ နှစ်ဖက်ထိခိုက်ကျဆုံးအခြေအနေကို မသိရသေးကြောင်း၊ RCSSအနေဖြင့် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ထားချိန်တွင် SSPPက တိုက်ပွဲဖြင့် တုံ့ပြန်အဖြေပေးခဲ့ခြင်းဖြစ်ကြောင်း RCSSက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

RCSS အနေဖြင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား တွေ့ဆုံရန် ဖိတ်ခေါ်ထားရာ ဖိတ်ခေါ်သည့်ကာလကို အတွက် ၂၀၂၂ အောက်တိုဘာ ၁၀ရက်မှ ၂၀၂၃ဖေဖော်ဝါရီ ၁၀ရက် အထိသတ်မှတ်ထားသည်။

Public Service Announcement
Public Service Announcement

RCSSနှင့် SSPP ရှမ်းတပ် နှစ်ခုလုံးသည် အာဏာသိမ်းစစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်နေသည့် လက်နက်ကိုင်အဖွဲ့များဖြစ်ပြီး ရှမ်းတပ် အချင်းချင်းတိုက်ပွဲ ဖြစ်ပွားမှုများ မကြာခဏရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လက်ရှိရရှိထားတဲ့ ငြိမ်းချမ်းရေးရလဒ်တွေ တည်ငြိမ်မှုရှိစေဖို့ ဆက်လက်ထိန်းသိမ်းထားပြီး နယ်မြေ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေမယ့် အခြားလက်နက်ကိုင်အဖွဲများနဲ့ ပူးပေါင်းပါဝင်ပါတ်သက်မှု မရှိစေရေး ထိန်းသိမ်းဆောင်ရွက်သွားဖို့ စစ်ကောင်စီ ဘက်က ဆွေးနွေးလာကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ဒီကနေ့ ဇွန်လ ၁၇ရက်ညမှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဇွန် ၁၂ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေက ဖော်ပြပါတယ်။