Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ထို ကားလမ်း၌ ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ကိုတိုက်ခိုက်ရာ ၆ဦး​သေဟု KRF ထုတ်ပြန်

ကျိုက်ထိုမြို့နယ် ရန်ကုန် – မော်လမြိုင် အဝေးပြေးလမ်းမဘေး တစ်နေရာ၌ စစ်ကောင်စီ ယာဉ်တန်းများလုံခြုံရေးအတွက် ကင်းပုန်းဝပ်ရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့အား KRFနှင့် KNLA တပ်ရင်း(၃) ပူး​ပေါင်းတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

(စစ်​ကောင်စီတပ်ဖွဲ့ဝင်အချို့ (ပုံအ​ဟောင်းဖြစ်ပါသည်)။ ဓါတ်ပုံ-မြစိကြီးနားဂျာနယ်)
(စစ်​ကောင်စီတပ်ဖွဲ့ဝင်အချို့ (ပုံအ​ဟောင်းဖြစ်ပါသည်)။ ဓါတ်ပုံ-မြစိကြီးနားဂျာနယ်)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ ကျိုက်ထိုမြို့နယ်အတွင်းစစ်ကောင်စီတပ်ကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နှင့် အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ၆ ဦး သေဆုံးခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)က ထုတ်ပြန်သည်။

ကျိုက်ထိုမြို့နယ် ရန်ကုန် – မော်လမြိုင် အဝေးပြေးလမ်းမဘေး တစ်နေရာ၌ စစ်ကောင်စီ ယာဉ်တန်းများလုံခြုံရေးအတွက် ကင်းပုန်းဝပ်ရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့အား KRFနှင့် KNLA တပ်ရင်း(၃) ပူး​ပေါင်းတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

အနီးကပ်စောင့်ကြိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ဦး နေရာတွင် သေဆုံးကာ ၅ဦး ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

အဆိုပါ တိုက်ခိုက်မှုအတွင်း ပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှုများနှင့်ပတ်သပ်၍ People’s Spring သတင်းဌာနကသီးခြားအတည်မပြုနိုင်​သေးပါ။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး မေးမြန်းရန် နယ်မြေခံ KNLA တပ်မှူးနှင့် တာဝန်ရှိသူ အချို့ထံ People’s Springကဆက်သွယ်ရာ အဆက်အသွယ်မရပေ။

KRF အနေဖြင့် စစ်အာဏာရှင် ကျဆုံးသည်အထိ ဆက်လက်တိုက်ပွဲ ဝင်သွားမည်ဖြစ်ကြောင်း နှင့် စစ်ကောင်စီ လက်ပါးစေများ၊ သတင်းပေးဒလန်များနှင့် ထောက်တိုင်များအား ဆက်လက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု ကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဗန်းမော်မြို့၊ ညောင်ပင်ရပ်ကွက်မှ စစ်ဘေးရှောင်များခ်ိုလှုံနေသည့်တောင်လေးလုံဘုန်းကြီးကျောင်းကို စစ်ကောင်စီကပြီးခဲ့သည့် မေလ ၈ရက်တွင်ဗုံးဖြင့်ကြဲချခဲ့သည့်ရုပ်သံမှတ်တမ်းယနေ့ထွက်ပေါ်လာသည်။

ဘာသာပြန်ဆောင်းပါး

အာဏာသိမ်း စစ်ကောင်စီကြောင့် နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ယိမ်းယိုင် ပြိုကျနေခဲ့ရခြင်းက ငလျင်ဘေးသင့်ချိန်မှာ မြန်မာနိုင်ငံအတွက် သေကြေပျက်စီးမှုတွေကို ပိုမို ဆိုးရွားသွားစေခဲ့ကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ ကျန်းမာရေး ပညာရှင်တွေနဲ့ နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တိုက်ပွဲများအတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် အထိနာသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲပြင်းထန်နေစဉ်ဒေသခံပြည်သူ၄၀၀ကျော်ခိုလှုံနေသည့်ဘုန်းကြီးကျောင်းကို စစ်ကောင်စီကယနေ့ (မေလ ၈ရက်)လေကြောင်းမှ ဗုံးကြဲသောကြောင့် စစ်ရှောင် ၁၅ဦးထက်မနည်းသေဆုံးပြီး ၃၀ကျော် ဒဏ်ရာရရှိခဲ့​ကြောင်း ဗန်း​မော်မြို့တိုက်ပွဲသတင်းများ​ဖော်ပြ​ပေး​နေ​သော Banmaw Scout Team နှင့်​ဒေသခံအချို့က​ပြောသည်။

Facebook