Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူနယ်တွင် စစ်ကောင်စီတပ်က နှစ်ရက်အတွင်း ကျေးရွာသုံးရွာ မီးရှို့ဖျက်ဆီး

စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် မတ်လ ၄ရက်နှင့် ၅ရက်တို့တွင် ကန့်ဘလူခရိုင်အတွင်းရှိ ချပ်သင်း၊ ပင့်သာနှင့် အောက်တဲရွာတို့အား မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(ပင့်သာရွာမှ နေအိမ်များ မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - ကျွန်းလှ - ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)
(ပင့်သာရွာမှ နေအိမ်များ မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - ကျွန်းလှ - ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ရာ နှစ်ရက်အတွင်း ကျေးရွာသုံးရွာမှ နေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် မတ်လ ၄ရက်နှင့် ၅ရက်တို့တွင် ကန့်ဘလူခရိုင်အတွင်းရှိ ချပ်သင်း၊ ပင့်သာနှင့် အောက်တဲရွာတို့အား မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(ပင့်သာရွာမှ နေအိမ်များ မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - ကျွန်းလှ - ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)
(ပင့်သာရွာမှ နေအိမ်များ မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – ကျွန်းလှ – ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)

မတ်လ ၄ ရက်က အောက်တဲရွာရှိ နေအိမ် နှစ်လုံး၊ ချပ်သင်းရွာမှ နေအိမ် ခုနစ်လုံး၊ မတ်လ ၄ရက်နှင့် ၅ရက်တို့တွင် ပင်သာရွာမှ နေအိမ် ၅၁လုံးတို့အား မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် ယခင်ကလည်း အဆိုပါကျေးရွာများရှိ ဒေသခံပြည်သူလူထုနေအိမ်များကို မီးရှို့ခဲ့ရာ အောက်တဲရွာမှ နေအိမ် ၄၀ကျော်၊ ပင်သာရွာမှ နေအိမ် ၁၅၀ ခန့်အထိ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

(ပင့်သာရွာမှ နေအိမ်များ မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - ကျွန်းလှ - ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)
(ပင့်သာရွာမှ နေအိမ်များ မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – ကျွန်းလှ – ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့ လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီးများက ကိုးတောင်ဘို့၊ ချပ်သင်းနှင့် ပင့်သာတိုက်နယ်အတွင်း စစ်ကြောင်းထိုးခြင်း၊ ပစ်ခတ် မီးရှို့မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ယင်းဒေသရှိ ဒေသခံ ပြည်သူ သုံးသောင်းကျော် အိုးအိမ်စွ်န့ခွာပြီး ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း ကျွန်းလှ – ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။