Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

နယ်စပ်ရှိစစ်စခန်းသို့ ရိက္ခာပို့လာသည့်ခမရ(၅၁၀)တပ်ကိုကရင်နီပူးပေါင်းတပ်သုံးကြိမ်တိုက်ခိုက်၊ စစ်သား ၈ဦးသေ

ဖေဖော်ဝါရီ ၂၆ရက် ကလည်း တာတမောစခန်းမှ ရှားတော ဗျူဟာကုန်းသို့ ရီက္ခာပို့ရန် ဆောင်ရွက်နေစဉ် KA နှင့် KNDF ပူးပေါင်းတပ်က ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ၅ဦးသေဆုံးကာ အချို့ ဒဏ်ရာရခဲ့သည်ဟု အသိပေးသည်။

(ကရင်နီတပ်​ပေါင်းစုတပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-KMIC)
(ကရင်နီတပ်​ပေါင်းစုတပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-KMIC)

ကရင်နီပြည်နယ် ရှားတောမြို့နယ် မြန်မာ- ထိုင်းနယ်စပ် ရှိစစ်ကောင်စီတပ်စခန်းများကို ရိက္ခာပို့လာသည့် စစ်ကောင်စီတပ် ခမရ(၅၁၀) တပ်ရင်း စစ်ကြောင်းကို လမ်းခရီးတွင် သုံးကြိမ် တိုက်ခိုက်ခဲ့ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့က အသိပေးသည်။

ရိက္ခာပို့ဆောင်ရေးနှင့် လမ်းလုံခြုံရေးတာဝန်ယူနေသည့်ရှမ်းပြည်နယ်တောင်ပိုင်းကျိုင်းခမ်းမြို့အခြေစိုက်ခမရ(၅၁၀)တပ်ရင်းကို ယမန်နေ့ မတ်လ ၉ရက်တွင် တစ်ကြိမ်၊ မတ်လ ၆ရက် နှင့် ဖေဖော်ဝါရီ ၂၆ရက်တို့တွင် ကရင်နီတပ်မတော်(KA)က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ယမန်နေ့မနက်က ထိုင်း-ကရင်နီ နယ်စပ်အနီး ဒေါတခဲစစ်ဒေသတွင် ကရင်နီတပ်မတော်(KA)နှင့်တိုက်ပွဲ ဖြစ်ပွားခဲ့သဖြင့် စစ်ကောင်စီတပ်ဖက်မှ(၂)ဦး သေဆုံးကာ ဒဏ်ရာရသူ အချို့ရှိကြောင်း ဖော်ပြသည်။

အဆိုပါ စစ်ကောင်စီတပ်ကို မတ်လ ၆ရက်ကလည်း နယ်စပ်မှတ်တိုင် BP-9 တောင်ကုန်းအမှတ် ပွိုင့် ၃၂၂၂ အနီးတွင် ဆီးကြိုတိုက်ခိုက်ခဲ့ရာ ခမရ(၅၁၀) တပ်မှ ၁ဦး သေဆုံးကာ အချို့ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၂၆ရက် ကလည်း တာတမောစခန်းမှ ရှားတော ဗျူဟာကုန်းသို့ ရီက္ခာပို့ရန် ဆောင်ရွက်နေစဉ် KA နှင့် KNDF ပူးပေါင်းတပ်က ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ၅ဦးသေဆုံးကာ အချို့ ဒဏ်ရာရခဲ့သည်ဟု အသိပေးသည်။

ယခု တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ် ခမရ(၅၁၀)သည် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၏ တိုက်ရိုက်ကွပ်ကဲမှုဖြင့် ကရင်နီပြည်နယ် ရှားတောမြို့နယ်အတွင်းရှိ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းနှင့် ပူးတွဲ လှုပ်ရှားနေသည့် တပ်ဖြစ်သည်ဟု ကရင်နီစစ်ဘက်က အသိပေးထားသည်။

စစ်ကောင်စီတပ်သည် ပွင့်လင်းကာလတွင် နယ်စပ်ရှိ ရှေ့တန်းစခန်းများကို ရိက္ခာ၊လက်နက်ခဲယမ်းဖြည့်တင်းရန် ကြိုးပမ်းလျက်ရှိရာ ကရင်နီပူးပေါင်းတပ်ကလည်း ကြားဖြတ်တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီနှင့် ဖေဖော်ဝါရီအတွင်း နယ်စပ်ဒေသ၌ တိုက်ပွဲ ၇ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ၄၀ ဦးထက်မနည်း သေဆုံးပြီး အရာရှိ အပါအဝင် ဖမ်းဆီးခံရသူအချို့ရှိခဲ့သည်။ထို့ပြင် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကိုလည်း ကရင်နီပူးပေါင်းတပ်များက သိမ်းဆည်းနိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။