Connect with us

Hi, what are you looking for?

သတင်း

ဒီး​မော့ဆိုအ​ရှေ့ဘက်ခြမ်းကိုစစ်​တပ်ထိုးစစ်ဆင်လာ၍ တိုက်ပွဲများဖြစ်ပွား

ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC)ကလည်းမတ်လ ၄ရက်တွင် ကရင်နီပြည်သူလူထု ထံသို့ လုံခြုံရေးဆိုင်ရာ အသိပေး တိုက်တွန်းနိုးဆော်ချက်တစ်ရပ်ကိုထုတ်ပြန်ခဲ့ရာလက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှု အန္တရာယ်မှ ကာကွယ်နိုင်ရန် အချက်များကို ဖော်ပြခဲ့သည်။

ကရင်နီတပ်မ​တော်(KA)တပ်ဖွဲ့ဝင်များ။
ကရင်နီတပ်မ​တော်(KA)တပ်ဖွဲ့ဝင်များ။

▪︎တပ်ရင်း၉ ရင်းဖြင့်ထိုးစစ်ဆင်လာပြီး ၊ဖယ်ခုံတွင်လည်းတိုက်ပွဲဖြစ်ပွား​နေသလို ဒီး​မော့ဆိုအ​နောက်ခြမ်းကိုလည်းထိုးစစ်ဆင်မည်ဟုသိရ

စစ်ကောင်စီတပ်၏ အမှတ်(၂) စစ်ဆင်ရေးကွပ်ကဲမှုဌာန ချုပ်(စကခ-၂)မှတပ်ရင်းများက ကရင်နီ(ကယား)ပြည်နယ် ဒီး​မော့ဆိုမြို့နယ်သို့ထိုးစစ်စတင်လာသဖြင့်တိုက်ပွဲ ဖြစ်ပွားနေကြောင်းဒေသခံစစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ဒီးမော့ဆိုမြို့ နယ်အရှေ့ဘက်ခြမ်း နန်းဟူးတွေ နှင့်ဒေါစဲကျေးရွာ အနီးတွင် စစ်တပ်ကအင်အား နှစ်ရာဝန်းကျင်ဖြင့်ထိုးစစ်ဆင်လာခြင်းဖြစ်ပြီးယနေ့ (မတ်လ ၁၀ ရက်) နံနက် ၆ နာရီခန့်ကစ၍ တိုက်ပွဲများစတင်ဖြစ်ပွား​နေခြင်းဖြစ်သည်။

ဒီးမော့ဆိုမြို့နယ်အနီးတစ်ဝိုက်​နေရာပြ ​မြေပုံ။
ဒီးမော့ဆိုမြို့နယ်အနီးတစ်ဝိုက်​နေရာပြ ​မြေပုံ။

“ဗျူဟာ ၃ ခု နဲ့ တပ်ရင်း ၉ ရင်းလောက်ပါလိမ့်မယ်။ အခု ဒီးမော့ဆို အရှေ့ဘက်ခြမ်းတိုက်ပွဲက မပြီးသေးဘူး။ချနေတုန်းပဲ။နောက် တစ်ခု က ဖယ်ခုံ ဘက်နေ လည်း စကစ ဘက်က စစ်ထိုးနေ လုပ်နေသလို ဒီးမော့ဆို အနောက်ဘက်ခြမ်းကိုလည်း တစ်ပြိုင်းတည်း ထိုး စစ် ဆင်လာမယ်လို့ သိထားရတယ်”ဟု ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူက People’s Spring သတင်းဌာနသို့ ပြောသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် ယမန်နေ့ (မတ်လ ၉ရက်)ကတည်းက ဒီးမောဆိုအခြေစိုက် ခလရ (၁၀၂)တပ်နှင့် အမြောက်တပ်အမတ (၃၆၀) တို့က ဒီးမော့ဆိုအရှေ့ခြမ်းအားတစ်နေကုန် လက်နက်ကြီး ပစ်ခတ်ခဲ့ကြောင်းသိရသည်။

Public Service Announcement

Public Service Announcement

“တပ်မ(၇၇)လက်အောက်ခံရင်းက အင်အားတွေ မနေ့ကတည်းက စပြီး အမတ (၃၆၀)တပ်ကို ဝင်လာတယ်။ဒီနေ့ စစ်စထိုးနေတာပေါ့။မြေပြင်ကတော့ ဘာသတင်းမှ မသိရသေးဘူး”ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တာဝန်ရှိသူက ရှင်းပြသည်။

ကရင်နီဒေသသို့ စစ်ကောင်စီတပ်ရင်း ၉ ရင်း အင်အားဖြည့် ထိုးစစ်ဆင်ရန် ပြင်ဆင်​နေ​ကြောင်း ဖေဖော်ဝါရီလ နောက်ဆုံးပတ်ကစ၍ သတင်းထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC)ကလည်းမတ်လ ၄ရက်တွင် ကရင်နီပြည်သူလူထု ထံသို့ လုံခြုံရေးဆိုင်ရာ အသိပေး တိုက်တွန်းနိုးဆော်ချက်တစ်ရပ်ကိုထုတ်ပြန်ခဲ့ရာလက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှု အန္တရာယ်မှ ကာကွယ်နိုင်ရန် အချက်များကို ဖော်ပြခဲ့သည်။

ကရင်နီပြည်နယ်အတွင်း ယခုနှစ်လဆန်းပိုင်းမှစ၍ စစ်ရေးအရှိန်များ မြင့်တက်လာလျက်ရှိကြောင်း၊ အာ ဏာသိမ်းစစ်ကောင်စီမှ လက်နက်ကြီးများ၊ တိုက် လေ ယာဉ်များဖြင့် အရပ်သား ပြည်သူနေထိုင်ရာ ရွာများ ၊ စစ်ရှောင်စခန်းများအတွင်း နေ့စဉ်နှင့်အမျှ ပစ်ခတ်တိုက်ခိုက်မှုများ ဗုံးကြဲခြင်းများ ပြုလုပ်နေလျက်ရှိကြောင်း KSCCက ထုတ်ပြန်သည်။

သောက်သုံးရေ၊ ရိက္ခာခြောက်၊ ဆေးဝါး ၊ ဓာတ်မီး ၊ မီးခြစ်၊ ဓား၊ ဖုန်း ၊ ပါဝါဘန့်၊ အဝတ်အထည်၊ စောင်များ အရေးကြီးသော စာရွက်စာတမ်းများကို တစ် ပါတည်း ပြင်ဆင်ထားရန်လည်းအကြံပြုထားသည်။

​ဖေ​ဖော်ဝါရီ ၂၄ ရက်တွင်လည်း ရှမ်းပြည်နယ်​တောင်ပိုင်းရှိ ပင်​လောင်းမြို့နယ်ရှိ​ဆောင်း​ပြောင်းရွာစစ်တပ်ဂိတ်ကို ကရင်နီတပ်​ပေါင်းစုကတိုက်ခိုက်ခဲ့သည်။ထို့နောက် ရှမ်းပြည်နယ်​​တောင်ပိုင်းနှင့်ကရင်နီပြည်နယ် နယ်စပ်တွင်တိုက်ပွဲများဆက်တိုက်ဖြစ်ပွားပြီး စစ်သားနှင့် PNO/PNA တပ်ဘက်မှာ သုံးဆယ်ဝန်းကျင်​သေဆုံးသလို စစ်အုပ်စု၏လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ပြီးစစ်တပ်အထိနာခဲ့​ကြောင်း KNDF မှတာဝန်ရှိသူက​ပြောသည်။

KNDFစစ်ဦးစီး( ၂ )ကိုမာဝီက မတ်လဆန်းတွင် စစ်​တပ်ထိုးစစ်များနှင့်ပတ်သပ်၍”လေကြီးတာတော့မဟုတ်ဘူး။ကျွန်တော်တို့အနေနဲ့ မမှုဘူး။စစ်ကောင်စီတပ်ကနာမည်ကြီးတပ်မ ၆၆ လိုမျိုးကြမ်းပါတယ်၊ ရမ်းပါတယ်ဆိုတဲ့ လူတွေတောင် ကရင်နီမှာ မြေသြဇာဖြစ်နေတာ။အဲဒီထက်ဘယ်ကောင်လာလာကျွန်တော်တို့ကရင်ဆိုင်ဖို့အသင့်ဘဲ” ဟု People’s Spring သို့ပြောကြားထားသည်။

(KNDF နှင့် ကရင်နီတပ်မ​တော်(KA)တပ်ဖွဲ့ဝင်များ။ ဒီးမော့ဆိုမြို့နယ်အနီးတစ်ဝိုက်​နေရာပြ ​မြေပုံ။ဓါတ်ပုံ-KNDF၊KA )

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော