Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးအတွက် ပြည်ပထောက်ပံ့မှုတွေ လိုအပ်တယ်လို့ CIA သုံးသပ်

စစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက်ပိုင်း စစ်အာဏာရှင်တွေနဲ့ ဒီမိုကရေစီကို လိုလားတဲ့ အတိုက်အခံ အင်အားစုတွေကြား လက်နက်ကိုင် ပဋိပက္ခတွေ အရှိန်မြင့်လာပြီး လက်ရှိ ၂ နှစ်ကျော် ကြာလာတဲ့ထိ ဘယ်ဖက်ကမှ အချိန်တို ကာလအတွင်း အနိုင်ရမယ့် လက္ခဏာမျိုး မတွေ့သေးဘူးလို့ CIAက ဆိုပါတယ်။

(မန္တ​လေး PDF တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-MPDF)
(မန္တ​လေး PDF တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-MPDF)

အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA)ရဲ့ ၂၀၂၃ ခုနှစ်အတွက် နိုင်ငံတကာရေးရာ အကဲဖြတ် အစီရင်ခံစာမှာ မြန်မာ့တော်လှန်ရေး အောင်မြင်ဖို့အတွက် ပြည်ပ အထောက်အပံ့တွေ မဖြစ်မနေ လိုအပ်လိမ့်မယ်လို့ သုံးသပ် ဖော်ပြထားပါတယ်။

စစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက်ပိုင်း စစ်အာဏာရှင်တွေနဲ့ ဒီမိုကရေစီကို လိုလားတဲ့ အတိုက်အခံ အင်အားစုတွေကြား လက်နက်ကိုင် ပဋိပက္ခတွေ အရှိန်မြင့်လာပြီး လက်ရှိ ၂ နှစ်ကျော် ကြာလာတဲ့ထိ ဘယ်ဖက်ကမှ အချိန်တို ကာလအတွင်း အနိုင်ရမယ့် လက္ခဏာမျိုး မတွေ့သေးဘူးလို့ CIAက ဆိုပါတယ်။

နောက်ပြီး နှစ်ဖက်စလုံးက သူတို့ရဲ့ ရှင်သန် ရပ်တည်ရေးကို အထူးအလေးထား ဆုပ်ကိုင်ထားရတာကြောင့် အလျှော့ပေးမယ့် အလားအလာ မရှိကြဘူးလို့လည်း CIAက ဆက်လက် သုံးသပ်ထားပါတယ်။ ​တော်လှန်​ရေးအဖွဲ့​တွေက ပြတ်သားတဲ့ အနိုင်ရလဒ် ပေါ်လွင်လာဖို့ဆိုရင် တပ်ထဲမှာ အကြီးစား သဘောထား ကွဲလွဲမှု ဖြစ်တာမျိုး၊ ဒါမှမဟုတ် ထင်ရှားတဲ့ ပြည်ပ အထောက်အပံ့တွေ ကြားဝင်လာတာမျိုး အပြောင်းအလဲကြီးတွေ လိုအပ်လိမ့်မယ်လို့လည်း ဆိုထားပါတယ်။

ဒီအပြောင်းအလဲတွေ ရှိလာမှသာ စစ်အာဏာရှင် ဆန့်ကျင်ရေး အင်အားစုတွေအတွက် စစ်ရေးအရ အနိုင်ရတာ၊ ဒါမှမဟုတ် မူဝါဒရေးရာ သဘောတူညီမှုတစ်ရပ် ဖော်ဆောင်နိုင်တာမျိုး အခြေအနေကောင်းတွေဆီ တွန်းအားပေးနိုင်မယ်လို့ CIA အစီရင်ခံစာကဆိုပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး လက်ရှိ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက် လုပ်ရပ်တွေရယ်၊ နိုင်ငံရဲ့ စီးပွားရေး အခြေအနေ ယုတ်လျော့ ကျဆင်းလာတာရယ် ပေါင်းပြီး လူသားရေးရာ အကျပ်အတည်းတွေ၊ လူ့အခွင့်အရေး ပြဿနာတွေက ပိုမို ဆိုးရွားလာပြီး မြန်မာနိုင်ငံအပြင် ဒေသတစ်ခုလုံးရဲ့ လုံခြုံရေး ကဏ္ဍမှာပါ ထိခိုက် သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့လည်း CIAက ကောက်နုတ် သုံးသပ်ပြထားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)က တပ်သားသစ် ခေါ်ယူကြောင်း ဒီကနေ့ ဇူလိုင် ၂၃ရက်မှာ ထုတ်ပြန်ခဲ့ပြီး တပ်သားသစ်အဖြစ် ပါဝင်လိုသူတွေ အတွက် သတ်မှတ်ချက်တွေ ဖော်ပြထားပါတယ်။

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။