Connect with us

Hi, what are you looking for?

သတင်း

မြင်းမူနယ် လက္ကပင်ရွာမှာ စစ်ကောင်စီတပ်ဖမ်းသွားတဲ့ ဒေသခံတွေ အစအနပျောက်နေ

တပေါင်းလပြည့်နေ့ဖြစ်တဲ့ မတ်လ ၅ ရက် မနက်ပိုင်း ဝေလီဝေလင်း ၅ နာရီဝန်းကျင်မှာ မြင်းမူမြို့နယ် လက္ကပင်ရွာကို စစ်ကောင်စီတပ်က ဝင်စီးခဲ့တာပါ။

မြင်းမူနယ် လက္ကပင်ရွာမှာ စစ်ကောင်စီတပ်ဖမ်းသွားတဲ့ ဒေသခံတွေ အစအနပျောက်နေ
မြင်းမူနယ် လက္ကပင်ရွာမှာ စစ်ကောင်စီတပ်ဖမ်းသွားတဲ့ ဒေသခံတွေ အစအနပျောက်နေ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ထဲက လက္ကပင်ရွာကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (မတ် လ ၅ ) က စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းရာမှာ ဒေသခံ ၈ ဦးထက်မနည်းဖမ်းဆီးခံလိုက်ရပြီး အစအနပျောက်နေတယ်လို့ မြင်းမူဒေသကာကွယ်ရေးအဖွဲ့ဝင်အချို့ထံကသိရပါတယ်။

တပေါင်းလပြည့်နေ့ဖြစ်တဲ့ မတ်လ ၅ ရက် မနက်ပိုင်း ဝေလီဝေလင်း ၅ နာရီဝန်းကျင်မှာ မြင်းမူမြို့နယ် လက္ကပင်ရွာကို စစ်ကောင်စီတပ်က ဝင်စီးခဲ့တာပါ။

အဲဒီနောက်ရွာထဲကနေ ပြည်ကြီးတံခွန်သပိတ်အင်အားစုဆရာတော်အပါအဝင် ဒေသခံ ၈ ဦးထက်မနည်းဖမ်းဆီးခံလိုက်ရတယ်လို့ မြင်းမူမြို့နယ်ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပြပါတယ်။

မန္တလေး မြို့ ပြည်ကြီးတံခွန်သပိတ်အင်အားစုဆရာတော်ဟာ စစ်ကိုင်းဘက်မှာ လာရောက်တိမ်းရှောင်ချိန်မှာ ဖမ်းခံလိုက်ရတာလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

” လောလောဆယ်အလောင်းတစ်လောင်းတွေ့ထားတယ် ၊ကျန်တဲ့သူတွေ ဘယ်အခြေအနေရှိတယ်ဆိုတာ မသိရသေးဘူးဗျ” လို့ အဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။

အလောင်းကို ဧရာဝတီမြစ်ထဲမှာပြန်တွေ့တာလို့သိရပါတယ်။

လက္ကပင်ရွာကို ဝင်စီးတဲ့ စစ်ကောင်စီတပ်ဟာ မြင်းမူမြို့ရဲ့ တဖက်ကမ်း စစ်ကိုင်းမြို့နယ်ထဲက တာတိုင်ရွာကို ဝင်ရောက်စီးနင်းသတ်ဖြတ်မှုတွေ လုပ်ခဲ့တဲ့ တပ်မ ၉၉ ဖြစ်တယ်လို့ မြင်းမူမြို့နယ်ဒေသကာကွယ်ရေးအဖွဲ့ဝင်က ပြောပြပါတယ်။

စစ်ကောင်စီရဲ့သတင်းတွေကို ဖေ့ဘွတ်ခ် ၊တယ်လီဂရမ်စတဲ့ လူမှုကွန်ရက်တွေ့မှာ ဖြန့်ဝေပေးနေတဲ့ လော်ဘီအကောင့်တွေမှာ တာတိုင်ရွာ နဲ့ လက္ကပင်ရွာကို ဝင်စီးတဲ့ တပ်ဟာ တပ်မ ၉၉ လက်အောက်ခံ ဘီလူးကွန်မန်ဒို အဖွဲ့ဖြစ်တယ်လို့ ဖော်ပြကြတာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် သမင်ခြံရွာကို ဝင်ရောက်ခဲ့တဲ့ စစ်တပ်စစ်ကြောင်းဟာ ဒေသခံ အမျိုးသား၁၀ဦးကို ဖမ်းဆီးသွားပြီး အခုအထိ ဖမ်း‌ဆီးခံရသူတွေရဲ့သတင်းအစအန ပျောက်နေတယ်လို့ ဒေသခံတွေ‌က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့ကို ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းက ဒေသခံ လူငယ်နဲ့ လူလတ်ပိုင်း ၂၀ ကျော်ကို မေလ ၁၄ရက်မှာ ဖမ်းဆီးခဲ့ကြောင်း ဒေသခံက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ် နဲ့ ကချင်ပြည်နယ်အစပ် KIA သိမ်းပိုက်ထိန်းချုပ်ထားတဲ့မဘိမ်းမြို့နယ်အတွင်းတိုက်ပွဲ တွေဖြစ်လာနိုင်တာကြောင့်တပါတ်အတွင်း ဒေသခံပြည်သူတွေရှောင်တိမ်းကြဖို့ကချင်လွတ်လပ်ရေးတပ်မတော်( KIA)က သတိပေးထားတယ်လို့ ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်က သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ထုတ်ကုန်ပစ္စည်းတွေ မသုံးစွဲကြဖို့ တိုက်တွန်းနှိုးဆော်တဲ့ သပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၂) မှာ ပြုလုပ်ခဲ့ပါတယ်။