Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးမြို့မရဲစခန်းကို တစ်ရက်တည်းနှစ်ကြိမ်တိုက်ခိုက်

ယမန်နေ့ကပင် စစ်ကောင်စီတပ်သည် ဖိုလ်ဝင်တောင်အနီးရှိ ရွာများအား ဝင်ရောက်မွှေနှောက်ဖျက်ဆီးပြီး ပြ​ည်သူ့ပစ္စည်းများအား ခိုးယူကာ ညနေပိုင်းတွင် ဆားလင်းကြီးရဲစခန်းအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

ဆားလင်းကြီးမြို့မရဲစခန်းကို တစ်ရက်တည်းနှစ်ကြိမ်တိုက်ခိုက်
ဆားလင်းကြီးမြို့မရဲစခန်းကို တစ်ရက်တည်းနှစ်ကြိမ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ရဲစခန်းအား တစ်ရက်တည်းနှစ်ကြိမ်တိုင် တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများနိုင်ကြောင်း Salingyi Special Task Force – SSTFအဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (မတ်လ ၁၂ရက်) နံနက်၁၀နာရီခန့်က Salingyi Special Task Force – SSTF (ယင်မာပင်ခရိုင် တပ်ရင်း -၁၄ ၊ – ၁၅ )တို့သည် စစ်ကောင်စီ အထိုင်ချတပ်စွဲထားသော ဆားလင်းကြီးမြို့ရဲစခန်းအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဘက်က တပ်သားတစ်ဦးသေဆုံးပြီး စစ်သားနှင့်ရဲ အများအပြား အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိကြောင်း SSTFအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ဆင်ရေးကို Salingyi Special Task Force – SSTFနှင့် စစ်ကိုင်းခရိုင် တပ်ရင်း – ၄ (MSPDF)၊ CDSOM အနောက်ပိုင်းတိုက်ခိုက်ရေးအဖွဲ့ 001၊ အညာသား ပြောက်ကျားတပ်ဖွဲ့၊ Phoenix အထူးပြောက်ကျားတပ်ဖွဲ့၊ CHU – ဇာမဏီ ပြောက်ကျားတပ်ဖွဲ့ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း Salingyi Special Task Force – SSTF အသိပေးသည်။

Public Service Announcement
Public Service Announcement

ယမန်နေ့ကပင် စစ်ကောင်စီတပ်သည် ဖိုလ်ဝင်တောင်အနီးရှိ ရွာများအား ဝင်ရောက်မွှေနှောက်ဖျက်ဆီးပြီး ပြ​ည်သူ့ပစ္စည်းများအား ခိုးယူကာ ညနေပိုင်းတွင် ဆားလင်းကြီးရဲစခန်းအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကြောင်းရဲစခန်းအတွင်း ရှိနေစဥ် ညနေ ၅နာရီခန့်တွင် အခြားမဟာမိတ်လက်နက်ကြီးအဖွဲ့များနှင့် ပူးပေါင်း၍ လက်နက်ကြီးများ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း Salingyi Special Task Force – SSTF အဖွဲ့က ထပ်မံထုတ်ပြန်သည်။

ထိုသို့တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုများနိုင်ပြီး ရဲဘော်များ အထိအခိုက်မရှိဟုဆိုသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ Salingyi Special Task Force – SSTF အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ဆားလင်းကြီးနယ်မြောက်ခြမ်းတွင်လည်း ယနေ့ မတ်လ ၁၃ ရက်နေ့နံနက်ပိုင်းတွင် ညောင်ပင်ကြီးစခန်းရှိ စစ်ကောင်စီစစ်ကြောင်းသည် ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်ပစ်ခတ်နေကြောင်း၊ မြို့ပေါ် စစ်ကြောင်းသည် လည်း ဆေးရုံတစ်ဖွဲ့ စက်မှု ၁ တစ်ဖွဲ့ ရောက်ရှိနေကာ ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံတော်လှန်ပြည်သူတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ကျဥ်းအားလုံး လွှတ်ပေးဖို့ ဆန္ဒပြတဲ့ လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၂၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဆားလင်းကြီးနဲ့ ဂန့်ဂေါမြို့နယ်က သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားနဲ့ ကျန်းကျန်းမာမာရှိကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ "Proof of Life" လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၂၅) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်က သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ "Proof of Life" လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၈) မှာ ပြုလုပ်ခဲ့ပါတယ်။