Connect with us

Hi, what are you looking for?

သတင်း

ကိုးကန့်တပ်က ဖွဲ့စည်းထားသည့် တိုင်းရင်းသား တပ်မဟာ(၆၁၁)နှင့် စစ်ကောင်စီတိုက်ပွဲဖြစ်

MNDAA တိုင်းရင်းသားတပ်မဟာ(၆၁၁)နှင့် စစ်ကောင်စီ၏ နမ့်ပုံ အခြေစိုက် ခလရ(၂၉၁) တပ်တို့သည် ၂၀၂၂ နိုဝင်ဘာအတွင်းကလည်း လားရှိုးမြို့နယ်အတွင်း၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့သည်။

(MNDAA၏ တိုင်းရင်းသားတပ်မဟာအား လက်နက်ပေးအပ်ပွဲပြုလုပ်နေစဉ်။ ဓာတ်ပုံ - MNDAA)
(MNDAA၏ တိုင်းရင်းသားတပ်မဟာအား လက်နက်ပေးအပ်ပွဲပြုလုပ်နေစဉ်။ ဓာတ်ပုံ - MNDAA)

ကိုးကန့်တပ်မတော်(MNDAA)က ဖွဲ့စည်းထားသည့် တိုင်းရင်းသား တပ်မဟာ(၆၁၁)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း MNDAAက သတင်းထုတ်ပြန်သည်။

MNDAA၏ဖော်ပြချက်အရ စစ်ကောင်စီ၏ ခလရ(၂၉၁)တပ်နှင့် တပ်မဟာ(၆၁၁)အကြား မတ်လ ၁၂ရက်က တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုဆိုသည်။ MNDAA ၏ တိုင်းရင်းသားတပ်မဟာ(၆၁၁) သည် ရှမ်းမြောက် လားရှို့းမြို့နယ်၌ စစ်ရေးလှုပ်ရှားသည်။

စစ်ကောင်စီတပ်ကို အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးကို မသိရသေးသော်လည်း တိုင်းရင်းသားတပ်မဟာ (၆၁၁)ဘက်မှ ထိခိုက်သေဆုံးမရှိကြောင်း အသိပေးထားသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲဖြစ်ပွားမှု သတင်းအသေးစိတ်ကို MNDAAက တရုတ်ဘာသာဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယင်းဖော်ပြချက်ကို ဘာသာပြန်ဖြေကြားပေးရန် ကိုးကန့်တပ်တာဝန်ရှိသူအချို့အား ဆက်သွယ်မေးမြန်းရာ နောက်ရက်တွင် ရှင်းပြပေးမည်ဟု ဖြေကြားသည်။

Public Service Announcement

Public Service Announcement

ယခု စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် တိုင်းရင်းသားတပ်မဟာ(၆၁၁)မှာ စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက် MNDAAက တိုင်းရင်းသားပေါင်းစုံပါဝင်သည့် တပ်မဟာ အသစ်တစ်ခုကို ဖွဲ့စည်းတူထောင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တပ်မဟာထူထောင်ထားသည်မှာ တစ်နှစ် ကျော်ကြာပြီဖြစ်ပြီး ယခုနှစ်ဆန်းပိုင်းက အင်အားထောင်ချီဖြင့် တစ်နှစ်ပြည့်အခမ်းအနား ကျင်းပကာ လက်နက်တပ်ဆင်ပေးအပ်ခဲ့သည်။

MNDAA တိုင်းရင်းသားတပ်မဟာ(၆၁၁)နှင့် စစ်ကောင်စီ၏ နမ့်ပုံ အခြေစိုက် ခလရ(၂၉၁) တပ်တို့သည် ၂၀၂၂ နိုဝင်ဘာအတွင်းကလည်း လားရှိုးမြို့နယ်အတွင်း၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။