Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မှKIA အရာရှိတစ်ဦးအိမ်ကိုစစ်တပ်စီးနင်း၊ အရာရှိအဖမ်းမခံရဘဲ အိမ်ရှိပြည်သူ ၅ဦးဖမ်းဆီးခံရ

ဖားကန့်တွင်စစ်ကောင်စီတပ် ဖမ်းဆီးမှုများဆက်တိုက်ပြုပြုလုပ်နေပြီး KIAမှတာဝန်ရှိသူများအနေဖြင့် မြေပြင်အခြေအနေကို ပိုမိုလေ့လာပြီး စစ်တပ်ကို အရှိန်မြှင့်တိုက်ခိုက်ပေးရန် ဒေသခံပြည်သူများကတောင်းဆိုသည်။

(ဖားကန့်မြို့နယ်မှ ​မှော်လှည့်သပိတ်က စစ်​ကောင်စီကိုဆန့်ကျင်​ကြောင်း ၊KIA၊NUG နှင့်​တော်လှန်​ရေးအင်အားစုများကို​ထောက်ခံ​ကြောင်း ၊တိုက်ပွဲအရှိန်မြှင့်ရန် ​ဖေ​ဖော်ဝါရီ လလယ်ကဆန္ဒထုတ်​ဖော်ခဲ့ကြစဥ်။ဓါတ်ပုံ-ဖားကန့်ပင်မသပိတ်)
(ဖားကန့်မြို့နယ်မှ ​မှော်လှည့်သပိတ်က စစ်​ကောင်စီကိုဆန့်ကျင်​ကြောင်း ၊KIA၊NUG နှင့်​တော်လှန်​ရေးအင်အားစုများကို​ထောက်ခံ​ကြောင်း ၊တိုက်ပွဲအရှိန်မြှင့်ရန် ​ဖေ​ဖော်ဝါရီ လလယ်ကဆန္ဒထုတ်​ဖော်ခဲ့ကြစဥ်။ဓါတ်ပုံ-ဖားကန့်ပင်မသပိတ်)

▪︎ဖားကန့်တွင်စစ်​ကောင်စီက ​​တော်လှန်​ရေးအင်အားစုနှင့်ပြည်သူများကိုဆက်တိုက်ဖမ်းဆီး​​နေ၍ KIA ကစစ်တပ်အားအရှိန်မြှင့်တိုက်ခိုက်​ပေးရန်​ဒေသခံများ​တောင်းဆို

ဖားကန့်တွင်KIAတပ်ရင်း(၆) ဒုတိုက်နယ်မှူးတန်ဆန်း၏ နေအိမ်ကို ယနေ့(မတ်လ ၁၅ရက်) နံနက် ဝေလီဝေလင်းအချိန်တွင် စစ်ကောင်စီတပ်က ဝင်​ရောက်စီးနင်းခဲ့ရာ ​နေအိမ်ရှိပြည်သူငါးဦးကို ဖမ်းဆီးသွားကြောင်းသတင်းရရှိသည်။

ကချင်လွတ်​လပ်​ရေးတပ်မ​တော် (KIA) တပ်ရင်း(၆) ဒုတိယတိုက်နယ်မှူးတန်ဆန်း၏ နေအိမ်ဟုဆို​သောဖားကန့်မြို့၊ မှော်မောင်းလျန်ရပ်ကွက်မှ​နေအိမ်တစ်လုံးကိုစစ်​တပ်က ယနေ့ နံနက် ၅နာရီ ၂၀ မိနစ်တွင်အင်အားအများအပြားဖြင့် ဝင်စီးနင်းခဲ့ခြင်းဟု မှော်မောင်းလျန်ဒေသခံများကပြောသည်။

” ဒုတိယတိုက်နယ်မှုး တန်ဆန်းလွတ်မြောက်သွားပါတယ်။ အဲ့ဒီအိမ်ထံကကချင်တိုင်းရင်းသားငါးဦးကိုရိုက်နှက်ဖမ်းဆီးသွားတယ်။ အိမ်ထဲက ကွန်ပြူတာတွေရော ကားတွေပါ သိမ်းသွားတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

ဖမ်းဆီးခံရသူများမှာ ကိုဒွဲဂျာ၊ကိုလအောင်၊ နော်လီ၊ဂွမ်ထန်နော်အောင်၊ဆွတ်လွတ်နော်လတ်တို့ဖြစ်ကြောင်း People’s Spring သတင်းဌာနက စုံစမ်းသိရှိရသည်။

Public Service Announcement

Public Service Announcement

ဖားကန့်တွင် မတ်လ ၁၁ရက်​နေ့ကလည်း ကချင်ရိုးရာယဉ်ကျေးမှုရုံးကို စစ်ကောင်စီက ဝင်ရောက်စီးနင်းပြီးနောက် KIOအရာရှိအချို့အပါအဝင် ရုံးအတွင်းရှိနေသူဆယ်ဦးထက်မနည်းကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ဖားကန့်တွင်စစ်ကောင်စီတပ် ဖမ်းဆီးမှုများဆက်တိုက်ပြုပြုလုပ်နေပြီး KIAမှတာဝန်ရှိသူများအနေဖြင့် မြေပြင်အခြေအနေကို ပိုမိုလေ့လာပြီး စစ်တပ်ကို အရှိန်မြှင့်တိုက်ခိုက်ပေးရန် ဒေသခံပြည်သူများကတောင်းဆိုသည်။

“KIA အနေနဲ့ အရှိန်မြှင့်ပြီး တိုက်ပွဲဖော်ဆောင်ဖို့လိုပြီ။ အဲ့လိုမလုပ်ရင်တော့ မြေပြင်မှာအကုန်အဖမ်းခံရတော့မယ်” ဟုဖားကန့်ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်သည်ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ရက်မှ ဖေဖော်ဝါ ၁၅ရက်အတွင်း တော်လှန်ရေးအင်အားစုများအပါအဝင် အရပ်သား နှစ်ရာထက်မနည်းကို ဖမ်းဆီးခဲ့သည်ဟု ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ဖမ်းဆီးခံရသူအများစု ပြန်လွတ်လာသော်လည်း အချို့သည် အဆက်အသွယ်ပြတ်တောက်နေသည်။ဖားကန့်မြို့နယ်တွင်စစ်ကောင်စီက ယခုရက်ပိုင်း ဖမ်းဆီးသွားသူများတွင် စစ်ကိုင်းတိုင်း တန့်ဆည်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒေါ်မာမာအေးလည်းပါဝင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။