Connect with us

Hi, what are you looking for?

သတင်း

ရေဦး – တန့်ဆည်နယ်စပ်တွင် စစ်ကောင်စီတပ် အထိနာပြီးနောက် အက်ကြီးရွာ မီးရှို့ဖျက်ဆီးသွား

ယမန်နေ့ (မတ်လ ၁၅ရက်) နံနက် ၅ နာရီကျော်က တန့်ဆည်အရှေ့ပိုင်း အက်တောရွာအနီးတွင် ကာဘိုးကျေးရွာမှလာသော စစ်ကောင်စီယာဥ် နှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

(စစ်ကိုင်းတိုင်းအတွင်း သွားလာနေသော စစ်ကောင်စီတပ်သားများအား ၂၀၂၁အတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ- CJ)
(စစ်ကိုင်းတိုင်းအတွင်း သွားလာနေသော စစ်ကောင်စီတပ်သားများအား ၂၀၂၁အတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ- CJ)

စစ်ကိုင်းတိုင်း၊ ရေဦး-တန့်ဆည်နယ်စပ်တွင် စစ်ကောင်စီတပ်အား မိုင်းဆွဲပြီးနောက် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားရာ စစ်အုပ်စု အထိအခိုက်များကြောင်း ဒေသတွင်း(ပကဖ)အဖွဲ့များက သတင်းထုတ်ပြန်သည်။

ယမန်နေ့ (မတ်လ ၁၅ရက်) နံနက် ၅ နာရီကျော်က တန့်ဆည်အရှေ့ပိုင်း အက်တောရွာအနီးတွင် ကာဘိုးကျေးရွာမှလာသော စစ်ကောင်စီယာဥ် နှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို ရေဦးမြောက်ပိုင်း (ပကဖ)နှင့် တန့်ဆည် PDFတပ်ရင်းတို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်အုပ်စု အထိအခိုက် များကြောင်း၊ ထို့နောက် စစ်အုပ်စုက ပတ်ဝန်းကျင်ကျေးရွာများအား ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ရေဦး (ပကဖ)က အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ တန့်ဆည်နှင့်ရေဦးပကဖအဖွဲ့များထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

Public Service Announcement

Public Service Announcement

နံနက် ၉ နာရီကျော်ခန့်တွင် တန့်ဆည်မြောက်ပိုင်းရှိ အက်ကြီးရွာကို စစ်ကောင်စီတပ်နှင့် ပျူများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“အက်ကြီးရွာကို မူးခွဘက်ကနေဝင်လာပြီး အလစ်ဝင်ပစ်တာ။ မီးရှို့ပြီးတော့ ကားတွေဆိုင်ကယ်တွေပါခိုးယူသွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

တန့်ဆည်မြောက်ပိုင်းတွင်ပင် စစ်ကောင်စီ စစ်ကြောင်း သုံးခုရှိနေကြောင်း၊ တန့်ဆည်-ကာဘိုးလမ်းအား နံနက် ၆နာရီမှ ညနေ ၆နာရီအတွင်း ဖြတ်သန်းသွားလာကြရန်နှင့် သတ်မှတ်အချိန်ထက်ကျော်လွန်ဖြတ်သန်းပါက စစ်ကောင်စီတပ်နှင့်ပျူဟု သတ်မှတ်မည်ဖြစ်ကြောင်း မြို့နယ် ကာကွယ်ရေးအဖွဲ့က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့မှာ စစ်မှုထမ်းဖို့ အဓမ္မပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့လူငယ်တွေ အချုပ်ခန်းဖောက်ပြီး ထွက်ပြေးလွတ်မြောက်လာကြောင်း ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲကို စစ်တပ်က ဒီနေ့ညနေပိုင်းမှာ ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲခဲ့တာ​ကြောင့် ဒေသခံ၇ ဦးသေဆုံးခဲ့တယ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။