Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရေဦး – တန့်ဆည်နယ်စပ်တွင် စစ်ကောင်စီတပ် အထိနာပြီးနောက် အက်ကြီးရွာ မီးရှို့ဖျက်ဆီးသွား

ယမန်နေ့ (မတ်လ ၁၅ရက်) နံနက် ၅ နာရီကျော်က တန့်ဆည်အရှေ့ပိုင်း အက်တောရွာအနီးတွင် ကာဘိုးကျေးရွာမှလာသော စစ်ကောင်စီယာဥ် နှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

(စစ်ကိုင်းတိုင်းအတွင်း သွားလာနေသော စစ်ကောင်စီတပ်သားများအား ၂၀၂၁အတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ- CJ)
(စစ်ကိုင်းတိုင်းအတွင်း သွားလာနေသော စစ်ကောင်စီတပ်သားများအား ၂၀၂၁အတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ- CJ)

စစ်ကိုင်းတိုင်း၊ ရေဦး-တန့်ဆည်နယ်စပ်တွင် စစ်ကောင်စီတပ်အား မိုင်းဆွဲပြီးနောက် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားရာ စစ်အုပ်စု အထိအခိုက်များကြောင်း ဒေသတွင်း(ပကဖ)အဖွဲ့များက သတင်းထုတ်ပြန်သည်။

ယမန်နေ့ (မတ်လ ၁၅ရက်) နံနက် ၅ နာရီကျော်က တန့်ဆည်အရှေ့ပိုင်း အက်တောရွာအနီးတွင် ကာဘိုးကျေးရွာမှလာသော စစ်ကောင်စီယာဥ် နှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို ရေဦးမြောက်ပိုင်း (ပကဖ)နှင့် တန့်ဆည် PDFတပ်ရင်းတို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်အုပ်စု အထိအခိုက် များကြောင်း၊ ထို့နောက် စစ်အုပ်စုက ပတ်ဝန်းကျင်ကျေးရွာများအား ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ရေဦး (ပကဖ)က အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ တန့်ဆည်နှင့်ရေဦးပကဖအဖွဲ့များထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

Public Service Announcement

Public Service Announcement

နံနက် ၉ နာရီကျော်ခန့်တွင် တန့်ဆည်မြောက်ပိုင်းရှိ အက်ကြီးရွာကို စစ်ကောင်စီတပ်နှင့် ပျူများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“အက်ကြီးရွာကို မူးခွဘက်ကနေဝင်လာပြီး အလစ်ဝင်ပစ်တာ။ မီးရှို့ပြီးတော့ ကားတွေဆိုင်ကယ်တွေပါခိုးယူသွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

တန့်ဆည်မြောက်ပိုင်းတွင်ပင် စစ်ကောင်စီ စစ်ကြောင်း သုံးခုရှိနေကြောင်း၊ တန့်ဆည်-ကာဘိုးလမ်းအား နံနက် ၆နာရီမှ ညနေ ၆နာရီအတွင်း ဖြတ်သန်းသွားလာကြရန်နှင့် သတ်မှတ်အချိန်ထက်ကျော်လွန်ဖြတ်သန်းပါက စစ်ကောင်စီတပ်နှင့်ပျူဟု သတ်မှတ်မည်ဖြစ်ကြောင်း မြို့နယ် ကာကွယ်ရေးအဖွဲ့က သတိပေးထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။