Connect with us

Hi, what are you looking for?

သတင်း

ကျောက်ထုမှ ထွက်လာသည့် စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံရ၍ (၁၈)မိုင်သာဝေးသည့် မင်းတပ်သို့ တစ်ရက်ကြာသည်အထိ မရောက်သေး

စစ်ယာဉ်တန်းများ ချင်းတောင်သို့ ဦးတည်လာ၍ မင်းတပ် CDFနှင့် မတူပီ CDFတို့က အသိပေး ကြေညာချက် ထုတ်ပြန်ထားရာ လတ်တလောတွင် မင်းတပ် – မတူပီလမ်းကို ပြည်သူများ အသုံးမပြုရန် အသိပေးထားသည်။

(မင်းတပ်မြို့သို့ ဦးတည်လာနေသော စစ်ကောင်စီယာဉ်တန်းအား တွေ့ရစဉ်။ ဓာတ်ပုံ - HKL Mindat)
(မင်းတပ်မြို့သို့ ဦးတည်လာနေသော စစ်ကောင်စီယာဉ်တန်းအား တွေ့ရစဉ်။ ဓာတ်ပုံ - HKL Mindat)

▪️စစ်ကောင်စီတပ်ယာဉ်ထိခိုက်မှုနှင့် လူသေဆုံးထိခိုက်ရှိနိုင်ဟု ပြော

မကွေးတိုင်း ကျောက်ထုဒေသမှ ယမန်နေ့ နေ့လည်ပိုင်းက ထွက်ခွာလာသည့် စစ်ကောင်စီယာဉ်တန်းမှာ ယနေ့နေ့လည်ပိုင်းအထိ မင်းတပ်မြို့သို့ မရောက်သေးကြောင်း မင်းတပ်ချင်းကာကွယ်ရေးတပ်(CDF)ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

ပခုက္ကူမြို့မှ ယာဉ်အစီး ၈၀ကျော်နှင့် ထွက်ခွာလာသည့် စစ်ယာဉ်တန်းသည် မတ်လ ၁၂ရက်တွင် ဆောမြို့နယ်သို့ရောက်ရှိပြီး မတ်လ ၁၆ရက်တွင် ယာဉ်အစီး ၄၀ခန့်သည် မင်းတပ်သို့ သွားရောက်ရာ လမ်းခရီး၌ ယောဒေသကာကွယ်ရေးတပ်၊ ချင်းဒေသကာကွယ်ရေးတပ်များ၏ ကြားဖြတ် တိုက်ခိုက်မှုကို ရင်ဆိုင်နေရခြင်းဖြစ်သည်။

“လောလောဆယ်က ယာဉ်တန်းက မနေ့က ထွက် တာ။ ပုံမှန်က ကျောက်ထုနဲ့ မင်းတပ်က ၁၈မိုင်ပဲဝေးတာလေ။ ဆိုတော့ တစ်ည လမ်းမှာ အိပ်ရတယ်ဆိုကတည်းက ထိခိုက်တွေ တော်တော်များတယ်ပေါ့။ ကားတော်တော်များများ အထိအခိုက်ရှိနိုင်တယ်။ ကားထဲမှာလည်း စကစတွေပါလာတယ်ဆိုတော့ သူတို့လည်း အထိအခိုက်ရှိမှာပဲ” ဟု ဆလိုင်းဟာအွမ်က ပြောသည်။

စစ်ကောင်စီယာဉ်တန်း မင်းတပ်သို့ ရောက်လာပြီး မတူပီ ဘက်ဆက်ထွက်ပါကလည်း တိုက်ပွဲပြင်းထန်မည်ဟု ၎င်းက အသိပေးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ယာဉ်တန်းများ ချင်းတောင်သို့ ဦးတည်လာ၍ မင်းတပ် CDFနှင့် မတူပီ CDFတို့က အသိပေး ကြေညာချက် ထုတ်ပြန်ထားရာ လတ်တလောတွင် မင်းတပ် – မတူပီလမ်းကို ပြည်သူများ အသုံးမပြုရန် အသိပေးထားသည်။

ကျောက်ထုမှ မင်းတပ်မြို့သို့လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းသည် လမ်းဘေးဝဲယာသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်လာကြောင်းလည်း မင်းတပ်ဒေသခံက ယမန်နေ့တွင် ပြောကြားထားသည်။

အဆိုပါ စစ်ယာဉ်တန်းသည် ပခုက္ကူမှ ထွက်ခွာလာရာ ဆောမြို့နယ်သို့အရောက်တွင်လည်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်ဖွဲ့များက မိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိခဲ့ကြောင်း ကျောက်ထု PDFက ထုတ်ပြန်ထားသည်။

ပခုက္ကူမြို့မှ လာသည့် ယာဉ်အစီးရေ၈၀ကျော်အနက် ယာဉ် ၃၀ကျော်သည် ထီးလင်းမြို့ဘက်သို့ ထွက်ခွာသွားခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် ယာဉ်တန်းထွက်ခွာလာရာ လမ်းတလျှောက်တွင်လည်း မြေပြင်စစ်ကြောင်းများ အင်အားအလုံးအရင်းအသုံးပြုပြီး လှုပ်ရှားလျက်ရှိရာ ဆောနယ်ဒေသခံများ စစ်ကောင်စီရန်ကြောင့် တိမ်းရှောင်နေကြရသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး အသက် ၆၀ ခန့်အရွယ် လင်မယား ၂ဦး အသက်သေဆုံးခဲ့ရကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အရှေ့ခြမ်းတနေရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့အနီးက ကျေးရွာကို အာဏာသိမ်းစစ်တပ်က ဩဂုတ် ၃၀ရက်ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့ရာ မူလတန်းကလေးငယ်အပါအဝင် ပြည်သူ ၈ဦးသေဆုံးကာ ၁၀ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့အရပ်သား ပြည်သူ ထိခိုက်သေဆုံးမှုများခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။