Connect with us

Hi, what are you looking for?

သတင်း

ဆောနယ် ကျောက်ထုဒေသရောက်နေသည့် စစ်ကောင်စီယာဉ်တန်းကို PDFများတိုက်ခိုက်

မကွေးတိုင်း ပခုက္ကူမြို့မှထွက်လာသော စစ်ကောင်စီ၏ ရိက္ခာယာဥ်တန်း အစီး (၈၀)ဝန်းကျင်ခန့်နှင့်အတူ အင်အား ၅၀၀ခန့်သည် မတ်လ ၁၂ရက် ညနေပိုင်းတွင် ကျောက်ထုဒေသ တပြင်းကျေးရွာသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းအား PDF ရဲဘော်များ ပစ်ခတ်တိုက်ခိုက်နေစဉ်)
(အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းအား PDF ရဲဘော်များ ပစ်ခတ်တိုက်ခိုက်နေစဉ်)

▪️စစ်ကောင်စီတပ်သေဆုံးထိခိုက်ရှိ၊ စစ်ကောင်စီယာဉ် အစီး ၈၀အနက် ၃၀ခန့် ထီးလင်းသို့ သွား၊ ချင်းဘက်သွားရောက်ဖွယ်ရှိသည့် ယာဉ် ၅၀ခန့် ကျောက်ထု အမြောက်တပ်၌ရှိနေ

မကွေးတိုင်း ဆောမြို့နယ် ကျောက်ထုဒေသသို့ ရောက်လာသည့် စစ်ကောင်စီယာဉ်တန်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီယာဉ် တန်း ထိခိုက်မှုရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုရှိကြောင်း ကျောက်ထု PDFမှတာဝန်ရှိသူက​ပြောသည်။

“ကျွန်တော်တို့က အခုအချိန်မှာ ဘာမှလည်း မပြည့်စုံသေးဘူးဆိုတော့ မိုင်းပဲအားကိုးနေရတာမို့ မိုင်းနဲ့ပဲ ခုခံကာကွယ်နေကြရတာ”ဟု ကျောက်ထု ဒေသ PDF တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ပြောသည်။

မကွေးတိုင်း ပခုက္ကူမြို့မှထွက်လာသော စစ်ကောင်စီ၏ ရိက္ခာယာဥ်တန်း အစီး (၈၀)ဝန်းကျင်ခန့်နှင့်အတူ အင်အား ၅၀၀ခန့်သည် မတ်လ ၁၂ရက် ညနေပိုင်းတွင် ကျောက်ထုဒေသ တပြင်းကျေးရွာသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မတ်လ ၁၃ရက် နံနက်တွင် တပြင်းရွာမှ ကျောက်ထုဒေသသို့ ထွက်ခွာစဉ် တပြင်းကျေးရွာအနောက်ဘက် တပြင်းပုံညာလမ်းပိုင်းတွင် ပဒေသာမိုင်းကြီး ၆လုံးတွဲ၊ ကားမိုင်းကြီး ၁လုံးတို့ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသို့ ဖောက်ခွဲတိုက်ခိုက်ပြီးနောက် ဂန့်ဂေါခရိုင်တပ်ရင်းအမှတ် ( ၃၊၄၊၅၊၈၊၉နှင့် ၁၃) ပူးပေါင်းတပ်ဖွဲ့များမှ နေရာသုံးခုခွဲ၍ သုံးကြိမ် လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် အနီးကပ်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီယာဉ် နှစ်စီးထိခိုက်ပြီး စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်း သေဆုံးကာ အများအပြားထိခိုက်နိုင်သည်ဟု ဖော်ပြထားသည်။

အဆိုပါ ယာဉ်တန်းသည် ကျောက်ထုအမြှောက် တပ်အတွင်းသို့ ဝင်ရောက်သွားပြီး မတ်လ ၁၄ရက်တွင် ယာဉ်အစီး ၃၀ကျော် ထီးလင်းဘက်သို့ ထွက်ခွာသွားသည်ဟု ဆိုသည်။

အင်အား ၂၅၀ခန့်ပါသည့် အဆိုပါ ယာဉ်၃၀ ကျော်ပါ ယာဉ်တန်းကို ကျောက်ထု – ရွှေအောင်သာ လမ်းပိုင်း နှစ်နေရာတွင် ကျောက်ထု PDF / ဂန့်ဂေါခရိုင်တပ်ရင်းအမှတ် (၉)မှ ပဒေသာမိုင်း များဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ လက်နက် ငယ်များဖြင့်လည်း အပြန်အလှန် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ဦး သေဆုံးခဲ့သည်ဟု ထုတ်ပြန်သည်။

“ယာဉ်တန်းကိုတော့ တနေ့ကတော့ မိုင်းပဲဆွဲတာပေါ့။ ၁၀လုံး၊ ၁၁လုံးတော့ ပေါက်ကွဲသွားတယ်။ ထီးလင်းကို ဆင်းတဲ့ ၃၀ ကျော်ယာဉ်တန်းပါပဲ။ ပစ်ခတ်မှုလည်းပစ်တာပေါ့” ဟု ကျောက်ထု ဒေသ PDF တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထို့အပြင် အမြောက်တပ်၌ကျန်နေသည့် စစ်ကောင်စီယာဉ် ၅၀ခန့်မှာ ချင်းပြည်နယ်ဘက်သို့ သွားရောက်နိုင်ဖွယ်ရှိကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် ဆောနယ်အတွင်း စစ်ရေးလှုပ်ရှားလာ၍ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု ဒေသ PDF တာဝန်ရှိသူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့