Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဆောနယ် ကျောက်ထုဒေသရောက်နေသည့် စစ်ကောင်စီယာဉ်တန်းကို PDFများတိုက်ခိုက်

မကွေးတိုင်း ပခုက္ကူမြို့မှထွက်လာသော စစ်ကောင်စီ၏ ရိက္ခာယာဥ်တန်း အစီး (၈၀)ဝန်းကျင်ခန့်နှင့်အတူ အင်အား ၅၀၀ခန့်သည် မတ်လ ၁၂ရက် ညနေပိုင်းတွင် ကျောက်ထုဒေသ တပြင်းကျေးရွာသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းအား PDF ရဲဘော်များ ပစ်ခတ်တိုက်ခိုက်နေစဉ်)
(အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းအား PDF ရဲဘော်များ ပစ်ခတ်တိုက်ခိုက်နေစဉ်)

▪️စစ်ကောင်စီတပ်သေဆုံးထိခိုက်ရှိ၊ စစ်ကောင်စီယာဉ် အစီး ၈၀အနက် ၃၀ခန့် ထီးလင်းသို့ သွား၊ ချင်းဘက်သွားရောက်ဖွယ်ရှိသည့် ယာဉ် ၅၀ခန့် ကျောက်ထု အမြောက်တပ်၌ရှိနေ

မကွေးတိုင်း ဆောမြို့နယ် ကျောက်ထုဒေသသို့ ရောက်လာသည့် စစ်ကောင်စီယာဉ်တန်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီယာဉ် တန်း ထိခိုက်မှုရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုရှိကြောင်း ကျောက်ထု PDFမှတာဝန်ရှိသူက​ပြောသည်။

“ကျွန်တော်တို့က အခုအချိန်မှာ ဘာမှလည်း မပြည့်စုံသေးဘူးဆိုတော့ မိုင်းပဲအားကိုးနေရတာမို့ မိုင်းနဲ့ပဲ ခုခံကာကွယ်နေကြရတာ”ဟု ကျောက်ထု ဒေသ PDF တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ပြောသည်။

မကွေးတိုင်း ပခုက္ကူမြို့မှထွက်လာသော စစ်ကောင်စီ၏ ရိက္ခာယာဥ်တန်း အစီး (၈၀)ဝန်းကျင်ခန့်နှင့်အတူ အင်အား ၅၀၀ခန့်သည် မတ်လ ၁၂ရက် ညနေပိုင်းတွင် ကျောက်ထုဒေသ တပြင်းကျေးရွာသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မတ်လ ၁၃ရက် နံနက်တွင် တပြင်းရွာမှ ကျောက်ထုဒေသသို့ ထွက်ခွာစဉ် တပြင်းကျေးရွာအနောက်ဘက် တပြင်းပုံညာလမ်းပိုင်းတွင် ပဒေသာမိုင်းကြီး ၆လုံးတွဲ၊ ကားမိုင်းကြီး ၁လုံးတို့ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသို့ ဖောက်ခွဲတိုက်ခိုက်ပြီးနောက် ဂန့်ဂေါခရိုင်တပ်ရင်းအမှတ် ( ၃၊၄၊၅၊၈၊၉နှင့် ၁၃) ပူးပေါင်းတပ်ဖွဲ့များမှ နေရာသုံးခုခွဲ၍ သုံးကြိမ် လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် အနီးကပ်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီယာဉ် နှစ်စီးထိခိုက်ပြီး စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်း သေဆုံးကာ အများအပြားထိခိုက်နိုင်သည်ဟု ဖော်ပြထားသည်။

အဆိုပါ ယာဉ်တန်းသည် ကျောက်ထုအမြှောက် တပ်အတွင်းသို့ ဝင်ရောက်သွားပြီး မတ်လ ၁၄ရက်တွင် ယာဉ်အစီး ၃၀ကျော် ထီးလင်းဘက်သို့ ထွက်ခွာသွားသည်ဟု ဆိုသည်။

အင်အား ၂၅၀ခန့်ပါသည့် အဆိုပါ ယာဉ်၃၀ ကျော်ပါ ယာဉ်တန်းကို ကျောက်ထု – ရွှေအောင်သာ လမ်းပိုင်း နှစ်နေရာတွင် ကျောက်ထု PDF / ဂန့်ဂေါခရိုင်တပ်ရင်းအမှတ် (၉)မှ ပဒေသာမိုင်း များဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ လက်နက် ငယ်များဖြင့်လည်း အပြန်အလှန် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ဦး သေဆုံးခဲ့သည်ဟု ထုတ်ပြန်သည်။

“ယာဉ်တန်းကိုတော့ တနေ့ကတော့ မိုင်းပဲဆွဲတာပေါ့။ ၁၀လုံး၊ ၁၁လုံးတော့ ပေါက်ကွဲသွားတယ်။ ထီးလင်းကို ဆင်းတဲ့ ၃၀ ကျော်ယာဉ်တန်းပါပဲ။ ပစ်ခတ်မှုလည်းပစ်တာပေါ့” ဟု ကျောက်ထု ဒေသ PDF တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထို့အပြင် အမြောက်တပ်၌ကျန်နေသည့် စစ်ကောင်စီယာဉ် ၅၀ခန့်မှာ ချင်းပြည်နယ်ဘက်သို့ သွားရောက်နိုင်ဖွယ်ရှိကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် ဆောနယ်အတွင်း စစ်ရေးလှုပ်ရှားလာ၍ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု ဒေသ PDF တာဝန်ရှိသူက ပြောသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။