Connect with us

Hi, what are you looking for?

သတင်း

သံလွင်မြစ်အ​ရှေ့ခြမ်းမှစစ်စခန်းတစ်ခုကိုကရင်နီကွန်မန်ဒိုတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်

စစ်တပ်စခန်းအတွင်းခလရ(၁၃၅)ရုပ်အလောင်း၃လောင်းတွေ့ရှိပြီး လက်နက်မျိုးစုံ (၆)လက်၊ ခဲယမ်းများ၊ ဆက်သွယ်ရေးစက်ကြီးတစ်လုံး သိမ်း ဆည်းရမိခဲ့ပြီး ကျန်စခန်းထိုင် တပ်သားတစ်ချို့ ထွက်ပြေးလွတ်မြောက်သွားကြောင်းလည်း ဖော်ပြထားသည်။

(စစ်​ကောင်စီတပ်၏ ခလရ (၁၃၅) ရှေ့တန်းတပ်စခန်းတစ်ခုမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-KMIC)
(စစ်​ကောင်စီတပ်၏ ခလရ (၁၃၅) ရှေ့တန်းတပ်စခန်းတစ်ခုမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-KMIC)

ကရင်နီ(ကယား)ပြည်နယ်၊ သံလွင်အရှေ့ခြမ်းရှိ စစ်ကောင်စီတပ်စခန်းတစ်ခုအား ကရင်နီကွန်မန်ဒိုတပ်ဖွဲ့ကတိုက်ခိုက်သိမ်းဆည်းနိုင်ခဲ့ကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ KMIC က ယနေ့ ထုတ်ပြန်သည်။

ယမန်​နေ့( မတ်လ၁၆ရက်)ညနေ ၅ နာရီမှ ၆ နာရီအထိ ကရင်နီပြည် သံလွင်အရှေ့ခြမ်းရှိ ခလရ (၁၃၅) ရှေ့တန်းတပ်စခန်းတစ်ခုအား ကရင်နီကွန်မန်ဒိုတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်သိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

စစ်တပ်စခန်းအတွင်းခလရ(၁၃၅)ရုပ်အလောင်း၃လောင်းတွေ့ရှိပြီး လက်နက်မျိုးစုံ (၆)လက်၊ ခဲယမ်းများ၊ ဆက်သွယ်ရေးစက်ကြီးတစ်လုံး သိမ်း ဆည်းရမိခဲ့ပြီး ကျန်စခန်းထိုင် တပ်သားတစ်ချို့ ထွက်ပြေးလွတ်မြောက်သွားကြောင်းလည်း ဖော်ပြထားသည်။

ယခုစခန်းသိမ်းတိုက်ပွဲမတိုင်မီ မတ်လ ၆ ရက်တွင်လည်းကရင်နီကွန်မန်ဒိုတပ်ဖွဲ့က သံလွင်အရှေ့ခြမ်းရှိ ခလရ(၅၄)ဟွေအွမ်စခန်းအား ဝင်ရောက်တိုက်ခိုက်စီးနင်းခဲ့​သေးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဟွေအွမ်စခန်းသိမ်းပိုက်စဥ်က ၆၀မမ (၁)လက်၊ စနိုက်ဘာ (၁)လက်၊ MA-1(၁)လက်၊ MA-2(၂)လက်၊ MA-4(၂)လက်နှင့် အလောင်း(၆)လောင်း သိမ်းဆည်းရရှိခဲ့သည်။

အလားတူဖေဖော်ဝါရီ ၂၇ရက်ကလည်းစစ်တပ်၏လက်နက်ကြီးစခန်းတစ်ခုကို ကရင်နီတပ်မတော် နှင့် ကရင်နီအမျိုးသားများကာကွယ်ရေး တပ် KNDF တို့ပူးပေါင်းကာ ပွိုင့်အမှတ်(၁၄၄၁) စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့​သေးသည်။

ပွိုင့်အမှတ် (၁၄၄၁)စခန်းမှ ၁၂၀မမ(၁)လက်၊၉မမ(၁)လက်၊ အာပီဂျီ-၇(၁)လက်၊ ငါးကျင်းမြီးစက်လတ်(၁)လက်၊ အမ်အေ-၂ (၃)လက်၊ အမ်အေ-၄(၁)လက် အမျိုးအစားမသိရသေးသည့်လက်နက်(၂)လက်နှင့် ဗုံးသီးများ ကျည်ဆံခဲယမ်းများစွာသိမ်းဆည်းရရှိခဲ့သည်။

ထို့အပြင် မတ်လဆန်းပိုင်းမှစ၍ ကရင်နီဒေသအနှံ့စစ်​ကြောင်း ၁၂ ​ကြောင်းဖြင့် ထိုးစစ်ဆင် နေသော စစ်ကောင်စီတပ်မှာ အထိနာ နေပြီး ဒီးမော့ဆို ၊ ဖယ်ခုံ ၊မိုးဗြဲ နှင့် ပင်လောင်းတိုက်ပွဲများ၌သေဆုံးသူ ၄၀ ထက်မနည်းရှိပြီး စစ်ကောင်စီတပ်သားခြောက်ဦး ကို အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများစွာကရင်နီတပ်ပေါင်းစုက သိမ်းဆည်းရရှိထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

အချိန်မရွေးတိုက်ပွဲတွေဖြစ်နိုင်လို့ စစ်တပ်အနီးမနေကြဖို့ (၂၂)ဗျူဟာမှူး သတိပေး

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။