Connect with us

Hi, what are you looking for?

သတင်း

ထိန်းချုပ်နယ်မြေများအတွင်း ဖြတ်သန်းသွားလာခွင့်အတွက် ကြိုတင်အကြောင်းကြားရန် ပြည်တွင်းပြည်ပ အဖွဲ့များအား NUG ပြည်ထဲရေးအသိပေး

စစ်ကိုင်း ၊မ​ကွေး ၊ပဲခူး ၊တနသာ်ရီတိုင်းစ​သော​ဒေသများတွင်အမျိုးသားညီညွတ်ရေး အစိုးရ၏ စိုးမိုးထိန်းချုပ်နယ်မြေများရှိလာပြီး ကြားကာလအုပ်ချုပ်​ရေးစနစ်ကို အ​ကောင်အ​ထည်​ဖော်​နေ​ကြောင်း သိရသည်။

ထိန်းချုပ်နယ်မြေများအတွင်း ဖြတ်သန်းသွားလာခွင့်အတွက် ကြိုတင်အကြောင်းကြားရန် ပြည်တွင်းပြည်ပ အဖွဲ့များအား NUG ပြည်ထဲရေးအသိပေး
ထိန်းချုပ်နယ်မြေများအတွင်း ဖြတ်သန်းသွားလာခွင့်အတွက် ကြိုတင်အကြောင်းကြားရန် ပြည်တွင်းပြည်ပ အဖွဲ့များအား NUG ပြည်ထဲရေးအသိပေး

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ထိန်းချုပ်နယ်မြေများအတွင်း ဖြတ်သန်းသွားလာခွင့်နှင့်လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့အတွက် ကြိုတင်အကြောင်းကြား အသိပေးရန် ပြည်တွင်းပြည်ပ အဖွဲ့များအား NUG ပြည်ထဲရေး နှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက အမိန့်ကြေညာချက် ထုတ်ပြန်လိုက်သည်။

ပြည်သူ့နွေဦးတော်လှန်ရေး (၂)နှစ်ပြည့်လာသည့်အချိန်တွင် ပြည်သူ့ဦးဆောင်မှု၊ တော်လှန်ရေးအင်အားစုများ၏ တိုက်ပွဲဝင်မှုတို့၏အသီးအပွင့်အဖြစ်အမျိုးသားညီညွတ်ရေး အစိုးရသည် စိုးမိုးထိန်းချုပ်နယ်မြေများရရှိလာခဲ့ပြီဖြစ်ကြောင်း အသိ​ပေးထားသည်။

တစ်ဖက်တွင်လည်း အာဏာသိမ်းစစ်တပ်၏ လူမဆန်စွာ ရက်စက်ကြမ်းကြုတ်ယုတ်မာ မီးရှို့ သတ်ဖြတ်မှုများကြောင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များစွာ ဆုံးရှုံးနစ်နာနေ ရသည်မှာ ကမ္ဘာအသိဖြစ်ကြောင်း၊ ထို့အတွက် မြန်မာပြည်သူများ အနေဖြင့် လူသားချင်းစာနာမှု အကူအညီများစွာ လိုအပ်လျက်ရှိကြောင်း အသိပေးသည်။

အမှန်စင်စစ် အကူအညီလိုအပ်နေသော ပြည်သူလူထုထံသို့ လူသားချင်းစာနာကူညီ ပေးမှုများ ထိထိရောက်ရောက်ပံ့ပိုးနိုင်ရန်၊ ပေါင်းစပ်ညှိနှိုင်းမှုများဆောင်ရွက်နိုင်ရန်နှင့် တော်လှန်ရေးကာလဖြစ်သည့်အတွက် လုံခြုံရေးဝန်ဆောင်မှုများ ပံ့ပိုးပေးနိုင်ရန် အလို့ငှာ ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့စည်းများအနေဖြင့် NUG ထိန်းချုပ်နယ် မြေများအတွင်း စစ်တမ်းကောက်ယူခြင်း၊ ဖြတ်သန်းသွားလာခြင်းနှင့်စီမံကိန်းလုပ်ငန်းများဆောင်ရွက်ခြင်းတို့အတွက် NUG ၏သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ ကြိုတင်အသိပေးအကြောင်းကြားပြီးမှသာဆောင်ရွက်သွားရန်အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ကြိုတင်အသိပေးနိုင်ရန်အတွက်အီး​မေးလ် mohai@nugmyanmar.org သို့ ဆက်သွယ်နိုင်ကြောင်းလည်း ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနထုတ်ပြန်​ထားသည်။

စစ်ကောင်စီကြောင့် ဒုက္ခရောက်နေကြရသည့်ပြည်သူလူထု၏ နစ်နာဆုံးရှုံးမှုများကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အတတ်နိုင်ဆုံး လူသားစာနာမှုအကူအညီများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတကာအဖွဲ့အစည်းများ အနေဖြင့်လည်း အမျိုးသားညီညွတ်ရေးအစိုးရနှင့်လက်တွဲ၍ ဝိုင်းဝန်ကူညီပေးကြပါရန်တိုက်တွန်းထားသည်။

Public Service Announcement
Public Service Announcement

ချင်းပြည်နယ်တွင် ပြည်တွင်း၊ပြည်ပအဖွဲ့များသွားလာမှု ပြုလုပ်ပါက တော်လှန်ရေးအဖွဲ့များကို ချိတ်ဆက်ဆောင်ရွက်မှုရှိသည်ဟု ချင်းအမျိုးသားတပ်ဦး (CNF/CNA) ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီက ပြောသည်။

“အဲဒါမျိုးတွေက အတက်နိုင်ဆုံး ကျနော်တို့ကို ချိတ်ဆက်တဲ့ဟာမျိုးရှိရင်တော့ အကြောင်းကြားတာရှိပါတယ်။ ကျနော်တို့ ဒီထဲကို ဝင်လာပြီး သူတို့က ကြိုတင်ပြီး အကြောင်းကြားတာမျိုးဒီနေ့အထိတော့ရှိပါတယ်”ဟု​ပြောသည်။

ချင်းအမျိုးသားတပ်ဦး (CNF/CNA) ပြောရေးဆိုခွင့်ရှိသူကဆက်လက်၍ ” NUG နဲ့ ချိတ်ဆက်မှု အားလုံးလုပ်နေတဲ့ အတူတူ တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းထံ အဲဒီလို အကြောင်းကြားတာတို့ ဘာတို့ဆိုရင် အဲဒါက ဖြစ်သင့်တဲ့အနေအထားလို့ မြင်ပါတယ်” ဟု​ပြောသည်။

စစ်ကိုင်း ၊မ​ကွေး ၊ပဲခူး ၊တနသာ်ရီတိုင်းစ​သော​ဒေသများတွင်အမျိုးသားညီညွတ်ရေး အစိုးရ၏ စိုးမိုးထိန်းချုပ်နယ်မြေများရှိလာပြီး ကြားကာလအုပ်ချုပ်​ရေးစနစ်ကို အ​ကောင်အ​ထည်​ဖော်​နေ​ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook