Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြိုနယ် ရေလယ်ကျွန်းဒေသတွင် မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး ခြောက်ဦးသေဟုဆို

စစ်ကောင်စီ တပ်မ (၉၉)လက်အောက်ခံ ဘီလူးစစ်ကြောင်းသည် မြင်းခြံနှင့် မြောင်နယ်ဘက်များမှနေ၍ ရေလယ်ကျွန်းဒေသဘက်ကူးကာ စစ်ကြောင်းထိုးနေသည်မှာ သုံးရက်ရှိပြီဖြစ်ပြီး မတ်လ ၁၈ ရက် က MBT ဌာနချုပ်စခန်းအား စွန့်ခွာပေးခဲ့ရသည်ဟု ဆိုသည်။

(MBTတပ်ဖွဲ့ဝင်များနှင့် ညီနောင်မဟာမိတ်ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - MBT)
(MBTတပ်ဖွဲ့ဝင်များနှင့် ညီနောင်မဟာမိတ်ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - MBT)

မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသတွင် မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်အား သုံးရက်ဆက်ခုခံတိုက်ခိုက်လျှက်ရှိကြောင်း Myingyan Black Tiger(MBT)တပ်ဖွဲ့က မတ်လ ၁၉ရက်တွင် အသိပေးထုတ်ပြန်သည်။

စစ်ကောင်စီ တပ်မ (၉၉)လက်အောက်ခံ ဘီလူးစစ်ကြောင်းသည် မြင်းခြံနှင့် မြောင်နယ်ဘက်များမှနေ၍ ရေလယ်ကျွန်းဒေသဘက်ကူးကာ စစ်ကြောင်းထိုးနေသည်မှာ သုံးရက်ရှိပြီဖြစ်ပြီး မတ်လ ၁၈ ရက် က MBT ဌာနချုပ်စခန်းအား စွန့်ခွာပေးခဲ့ရသည်ဟု ဆိုသည်။

“(၃)ရက်တာတိုက်ပွဲအတွင်း MBTမှ ရဲဘော် ၂ဦးထိ ခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာအရေးပေါ် ဆေးကုသမှု ခံယူနေသည်။ စစ်ကောင်စီဘက်မှ ၆ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင် သက်သေအရအတည်ပြုနိုင်ခဲ့သည်”ဟု MBT တပ်ဖွဲ့က ဖော်ပြသည်။

ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦး၏ ပြောဆိုမှုအရ ဘီလူးစစ်ကြောင်းတွင် အင်အား (၇၀)ကျော်ပါဝင်ပြီး ၎င်းစစ်ကြောင်းသည် ပြည်သူများအား ပစ်မှတ်ထားကာ ဓားစာခံဖမ်းဆီးခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်းများ ကျူးလွန်လျှက်ရှိသည်ဟု ဆို သည်။

Public Service Announcement

Public Service Announcement

“ဓားစာခံဖမ်းတာက များတယ်ဗျ။ ၂၀ နဲ့ ၃၀ ကြားလောက်ရှိနိုင်တယ်။ ပြီးတော့ ဒီကနေ့မှာလည်း အသက်(၁၆) နှစ်ပဲရှိသေးတဲ့ ကလေးတစ်ဦးကို လက်နှစ်ဖက်လုံးသေနတ်နဲ့ပစ်တဲ့အပြင် ဗိုက် မှာပါ တစ်ချက်ထိသွားသေးတယ်။ ဒါက ကျွန်တော်တို့ မျက်မြင်အတည်ပြုနိုင်ခဲ့တာ”ဟု ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူက People’s Spring သို့ ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် မတ်လ ၁၉ရက် နံနက် ၆ နာရီကျော်တွင် ရေလယ်ကျွန်းဒေသ မီးလောင်ကျွန်းရွာသစ်သို့ဝင်ရောက်ကာ ပြည်သူအချို့အား ဓားစာခံဖမ်းဆီးသည့်အပြင် ကျေးရွာအား မီးတင်ရှို့သွားကြောင်း အထက်ပါ တပ်ဖွဲ့တာဝန်ရှိသူက ရှင်းပြသည်။

စစ်ကောင်စီတပ် ဘီလူးစစ်ကြောင်းအား တော်လှန်တိုက်ခိုက်နေသည့်အခြေအနေများနှင့် စပ်လျဥ်း၍ Myingyan Black Tiger (MBT)တပ်ဖွဲ့ထံ People’s Spring က ဆက်သွယ်ထားသော်လည်း အဆက်အသွယ်မရသေးဘဲ ၎င်းတို့အနေဖြင့် စစ်ရေးတင်းမာသည့်အခြေအနေဖြစ်ပေါ်နေသောကြောင့် ပြည်သူများဝိုင်းဝန်းကူညီပေးကြရန် မေတ္တာရပ်ခံထားသည်။

အထက်ပါ ရေလယ်ကျွန်းဒေသသို့ မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီတပ်က ယခုရက်ပိုင်းအတွင်း ပြည်သူနှစ်ဦးအား ပစ်သတ်လိုက်သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း People’s Spring က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။