Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ(၅)နယ်မြေ လဝက်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ် ဒုဗိုလ်အပါအဝင် ၃၀ကျော် သေ

အဆိုပါတိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ဒုဗိုလ် တစ်ဦးနှင့် ဒုအရာခံဗိုလ် တစ်ဦးအပါအဝင် ၃၁ဦးသေဆုံးပြီး ၂၁ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

(KNUမှ တပ်သားများအား တွေ့ရစဉ်။ဓာတ်ပုံ - KNU)
(KNUမှ တပ်သားများအား တွေ့ရစဉ်။ဓာတ်ပုံ - KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၅) နယ်မြေတွင် မတ်လ ၁ရက်မှ ၁၅ရက်အတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲပေါင်း ၇၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်း တပ်မဟာ (၅)က သတင်းထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ဒုဗိုလ် တစ်ဦးနှင့် ဒုအရာခံဗိုလ် တစ်ဦးအပါအဝင် ၃၁ဦးသေဆုံးပြီး ၂၁ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းတိုက်ပွဲများအတွင်း တပ်မဟာ(၅)ဘက်က တပ်သား တစ်ဦး ဒဏ်ရာရခဲ့သည်ဟု အသိပေးထားသည်။

စစ်ကောင်စီတပ်မှ ယာဉ်၃စီးနှင့် မော်တော်ဆိုင်ကယ် တစ်စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်များက ဒေသခံ ပြည်သူများ နေထိုင်ရာရွာနှင့် လုပ်ငန်းခွင်များသို့ လက်နက်ကြီးများ ပစ်ခတ်၍ ပြည်သူ လေးဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း ဖော်ပြထားသည်။

တပ်မဟာ(၅)နယ်မြေတွင် စစ်ကောင်စီတပ်စွဲရာနေရာများ၊ စစ်ကြောင်းများကို KNLA ဘက်က ကြားဖြတ်တိုက်ခိုက်မှု၊ ခြုံခိုတိုက်ခိုက်မှုများဆက်တိုက်လုပ်ဆောင်လျက်ရှိရာ တိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။