Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန် – မန္တလေး အမှတ် (၃)အဆန်ရထား ဗုံးပေါက်၊ ခရီးသည်နှစ်ဦး ဒဏ်ရာရ

ယနေ့ နေ့လည် ၁၂ နာရီခွဲ ဝန်းကျင်တွင် အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာ ရထားသံလမ်း တံတားအမှတ် (၂၁၇)အနီး၌ ရန်ကုန် – မန္တလေး အမှတ် (၃)အဆန်ရထားသည် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း အုတ်တွင်းမြို့နယ်နေ ပြည်သူတစ်ဦးက ဆိုသည်။

ဓာတ်ပုံ - CJ
ဓာတ်ပုံ - CJ

ရန်ကုန်မြို့မှ မန္တလေးမြို့သို့ ထွက်ခွာသည့် ရန်ကုန် – မန္တလေး အမှတ်(၃) အဆန်ရထားသည် ယနေ့ (မတ်လ ၂၂) နေ့လည်ပိုင်းတွင် ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်အနီး၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ခရီးသည်အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံပြည်သူများမှ တဆင့်သိရသည်။

ယနေ့ နေ့လည် ၁၂ နာရီခွဲ ဝန်းကျင်တွင် အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာ ရထားသံလမ်း တံတားအမှတ် (၂၁၇)အနီး၌ ရန်ကုန် – မန္တလေး အမှတ် (၃)အဆန်ရထားသည် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း အုတ်တွင်းမြို့နယ်နေ ပြည်သူတစ်ဦးက ဆိုသည်။

ယင်းပေါက်ကွဲမှုကြောင့် ရထားပေါ်ပါခရီးသည် အမျိုးသားနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျွဲပွဲတိုက်နယ်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုမှုခံယူနေကြောင်း ဒေသခံ ပရဟိတလူငယ်တစ်ဦးက ဆိုသည်။

Public Service Announcement
Public Service Announcement

” ရထားကကျွဲပွဲမြို့နဲ့ ညောင်ခြေထောက်ကြားမှာ ဗုံးပေါက်တာပါ။ ရထားစက်ခေါင်းမှန်ကွဲသွားတယ်။ ထိုင်ခုံအချို့လည်း ပျက်ဆီးသွားတာ တွေ့ရတယ်။ ရိုးရိုးတန်းက စီးလာတဲ့ အမျိုးသား နှစ်ဦး ထိခိုက်မိသွားလို့ သူတို့ကို ကျွဲပွဲတိုက်နယ်ဆေးရုံကို ပို့ထားပါတယ်။ ဒဏ်ရာကတော့ အရမ်းစိုးရိမ်ရတဲ့ အခြေအနေမဟုတ်ပါဘူး “ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ရထားပေါက်ကွဲမှုကို မည်သည့်အဖွဲ့မှ လုပ်ဆောင်သည်ကို မသိရပေ။

သို့သော် ယင်းကဲ့သို့ အပြစ်မဲ့ပြည်သူများ စီးနင်းလာသည့် ရထားအား ဖောက်ခွဲမှုလုပ်ဆောင်ခြင်းမှာ အကြမ်းဖက်စစ်ကောင်စီ၏ လက်ချက်ပင် ဖြစ်နိုင်ကြောင်း ပြည်သူအချို့က ဆိုသည်။

“ပြည်သူကို သက်သက်မဲ့ထိခိုက်အောင်လုပ်တယ်ဆိုကတည်းက စစ်တပ်ရဲ့လက်ချက်ပဲဆိုတာ သိသာပါတယ်။ ပြီးရင်တော့ စကစက PDF တွေ လုပ်တယ်ဆိုပြီး အပြစ်ထိုးချပါလိမ့်မယ်။ ဒါက ဝါဒဖြန့်ဖို့ သူတို့လိမ်နေကြပုံစံတွေပါပဲ “ဟု ပြည်သူတစ်ဦးက လူမှုကွန်ရက်၌ မှတ်ချက်ပြု ရေးသားခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရန်ကုန် – မန္တလေး အမှတ်(၃) အဆန်ရထားကို စစ်ကောင်စီဝင် အများအပြားစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး လက်ရှိတွင် မန္တလေးမြို့သို့ ဆက်လက်ထွက်ခွာသွားခဲ့ကြောင်း ဒေသခံပြည်သူများမှ တဆင့်သိရသည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို လှုံ့ဆော်ပေးတဲ့အနေနဲ့ စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာ နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရန်ကုန်မှာအမေရိကန်သံအရာရှိသေဆုံးမှုနဲ့ ပတ်သက်ပြီးထိုင်းအမျိုးသမီးတဦးကို လူသတ်မှုနဲ့ စွဲချက်တင်ခဲ့ကြောင်း AP သတင်းဌာနက​ဖော်ပြပါတယ်။