Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းအခြေစိုက် ဂဠုန်တပ်တော် PDFအဖွဲ့၏ လက်နက်ခဲယမ်းဂိုဒေါင် မီးလောင်၊ ကျပ်သိန်း ၃,၀၀၀ခန့် ဆုံးရှုံး

ပြည်သူများအ​နေဖြင့် ဂဠုန်တပ်​တော် ​ရှေ့ဆက်​တော်လှန်နိုင်ရန်နှင့် လက်နက်၊ခဲယမ်းများပြန်လည် ထုတ်လုပ်၊စုဆောင်းနိုင်ရန်အတွက် တတ်နိုင်သည့်ဘက်ပေါင်းစုံမှ ကူညီ​ထောက်ပံ့ပေးကြပါရန် ​ဂဠုန်တပ်တော် (ဒီပဲယင်း)က မေတ္တာရပ်ခံထားသည်။

(ပျက်စီးဆုံးရှုံးခဲ့သော လက်နက်ခဲယမ်းများနှင့် စခန်းတွင်းရှိပစ္စည်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - ဂဠုန်တပ်တော်)
(ပျက်စီးဆုံးရှုံးခဲ့သော လက်နက်ခဲယမ်းများနှင့် စခန်းတွင်းရှိပစ္စည်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - ဂဠုန်တပ်တော်)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အခြေစိုက် ဂဠုန်တပ်တော် PDF အဖွဲ့၏ လက်နက်ခဲယမ်းဂိုဒေါင် မီးလောင်ကျွမ်းခဲ့ရာ လက်နက်ခဲယမ်းများအပါအဝင် ကျပ်သိန်း ၃,၀၀၀ခန့် ဆုံးရှုံးခဲ့ကြောင်း ၎င်းအဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (မတ်လ ၂၂ ရက်) နံနက် ၆နာရီခန့်က ယမ်း၊မိုင်းနှင့် လက်နက်ပစ္စည်းများထားရှိ​​သောဂို​ဒေါင်သည် ယမ်းအမျိုးအစား အပူအ​အေးမမျှတခြင်း​ကြောင့် ယမ်းမတည့်၍ စတင်​ပေါက်ကွဲ ​လောင်ကျွမ်းခဲ့ကြောင်း ဂဠုန်တပ်တော်က အသိပေးသည်။

(ပျက်စီးဆုံးရှုံးခဲ့သော လက်နက်ခဲယမ်းများနှင့် စခန်းတွင်းရှိပစ္စည်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - ဂဠုန်တပ်တော်)
(ပျက်စီးဆုံးရှုံးခဲ့သော လက်နက်ခဲယမ်းများနှင့် စခန်းတွင်းရှိပစ္စည်းများအား တွေ့ရစဥ်။ ဓာတ်ပုံ – ဂဠုန်တပ်တော်)

ရဲဘော်များ PTပြေးနေချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့် ယမ်းများ၊ မိုင်းများ၊ လက်နက်များ(လက်နက်ငယ်များအပါအဝင် လက်နက်ကြီးပြောင်းများ၊အဖူးများ)၊ တဲ သုံး လုံး၊ ရဲ​ဘော်များ၏ဖုန်း ၁၀လုံးခန့် ၊ အ၀တ်စားများ ၊​စောင်များ ၊ ဖိနပ်များနှင့် အ​ထွေ​ထွေအသုံးအ​ဆောင်အားလုံး ဆုံးရှုံးခဲ့ကြောင်း၊ စုစု​ပေါင်း ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၂,၉၀၀ မှ ၃,၀၀၀ ကြား ရှိကြောင်း ဂဠုန်တပ်တော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement
Public Service Announcement

တော်လှန်ရေးရဲဘော်များ ထိခိုက်မှုမရှိခဲ့သော်လည်း အားလုံးသောထောက်ပို့ ပြည်သူတို့၏ ချွေးနဲစာဖြင့် ထောက်ပံ့ကူညီထားသော ပစ္စည်းများဖြစ်၍ များစွာစိတ်မကောင်းဖြစ်ရကြောင်း ဂဠုန်တပ်တော်က ဆိုသည်။

Public Service Announcement

Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ ဂဠုန်တပ်တော်ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ပြည်သူများအ​နေဖြင့် ဂဠုန်တပ်​တော် ​ရှေ့ဆက်​တော်လှန်နိုင်ရန်နှင့် လက်နက်၊ခဲယမ်းများပြန်လည် ထုတ်လုပ်၊စုဆောင်းနိုင်ရန်အတွက် တတ်နိုင်သည့်ဘက်ပေါင်းစုံမှ ကူညီ​ထောက်ပံ့ပေးကြပါရန် ​ဂဠုန်တပ်တော် (ဒီပဲယင်း)က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံဝန်ထမ်းများကောင်စီက ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုကို ဒီက​နေ့ (ဇွန် ၁၆)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ