Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းဒု​ခေါင်း​ဆောင်ခရီးစဥ်တွင်ပူး​ပေါင်းခဲ့ကြ​သောဓနုလုပ်ငန်းများကို ပြည်သူများသပိတ်​မှောက်ရန် ​တော်လှန်​ရေးအဖွဲ့များတိုက်တွန်း

ပြည်သူများအနေဖြင့်အဆိုပါ လုပ်ငန်းများကထုတ်လုပ်သော ထုတ်ကုန်များကို ၀ယ်ယူခြင်းမပြုဘဲ သပိတ်​မှောက် (Boycott )ပေးရန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကတောင်းဆိုသည်။

(အာဏာသိမ်း ဒု​ခေါင်း​​ဆောင်၏ ပင်းတယခရီးစဥ်တွင်လုပ်ငန်းရှင်များနှင့်အတူ​တွေ့ရစဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ)
(အာဏာသိမ်း ဒု​ခေါင်း​​ဆောင်၏ ပင်းတယခရီးစဥ်တွင်လုပ်ငန်းရှင်များနှင့်အတူ​တွေ့ရစဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ)

အာဏာသိမ်းစစ်ကောင်စီ၏ဒု​ခေါင်း​ဆောင်မတ်လ ၁၈ရက် သွားရောက်ခဲ့သော ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ခရီးစဉ်တွင် ပူးပေါင်းပါဝင်ခဲ့သော ဓနုဒေသခံစီးပွားရေးလုပ်ငန်းများကို ပြည်သူများကသပိတ်​မှောက်ကြရန် ဒေသခံတော်လှန်ရေးအင်အားစုများကတောင်းဆိုလိုက်သည်။

စစ်ကောင်စီ ဒုတိယဥက္ကဌ စိုးဝင်းသည် ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံနှင့် ပင်းတယ​မြို့သို့ သွားရောက်​သော ခရီးစဥ်တွင်ပင်းတယမြို့ ခန်းမ၌ ဒေသခံလုပ်ငန်းရှင်အချို့ကသွား​ရောက် တွေ့ဆုံခဲ့ရာ ဒေသခံများက ပြင်းပြင်းထန်ထန်ဝေဖန်နေကြသည်။

“ဓနုဒေသမှာစစ်တပ်ကိုတော်လှန်လို့ဆိုပြီးအသတ်ခံရတာတွေ၊ပြေးရသူတွေ၊အိမ်မီးရှို့ခံရသူတွေ အများကြီးပဲရှိတယ်။ ကိုယ့်လူမျိုးအရိုးမဆွေးခင် စစ်တပ်နဲ့ပေါင်းပြီး စီးပွားရှာနေကြတဲ့ သူတွေ။ ကမ္ဘာမီးလောင်သားကောင်ချနင်းဖျာခင်းတဲ့အချောင်သမားတစ်သိုက်” ဟု ရွာငံဒေသခံ တစ်ဦးကပြောသည်။

(အာဏာသိမ်း ဒု​ခေါင်း​​ဆောင်၏ ပင်းတယခရီးစဥ်တွင်လုပ်ငန်းရှင်များနှင့်အတူ​တွေ့ရစဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ)
(အာဏာသိမ်း ဒု​ခေါင်း​​ဆောင်၏ ပင်းတယခရီးစဥ်တွင်လုပ်ငန်းရှင်များနှင့်အတူ​တွေ့ရစဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ)

အဆိုပါ တွေ့ဆုံပွဲကို ဒေသခံလုပ်ငန်းရှင်များဖြစ်သည့် ချယ်ရီတောင်တန်းလက်ဖက်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမအသင်းမှ ဦးဘစီ ၊ ရွှေတက်လမ်းအာလူးအစုအဖွဲ့မှ ဦးအောင်ဆုထိုက်၊အမေ့အိမ်စားသောက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ်ရေးလုပ်ငန်းရှင် ဒေါ်ဟန်နီကို ၊ဓနုညီနောင်ကော်ဖီထုတ်လုပ်ရေးလုပ်ငန်းရှင် ဦးအောင်သန်း ၊ ရွှေတောင်တန်းကော်ဖီထုတ်လုပ်ရေးလုပ်ငန်းရှင် ဦးဇော်မျိုးနိုင် Holidayကော်ဖီထုတ်လုပ်ရေးလုပ်ငန်းရှင် ဒေါ်နှင်းနွယ်စိုး၊ဓနုမလက်ဖက်လုပ်ငန်းပိုင်ရှင် ဦးမင်းမင်းထွန်းနှင့် ရွှေသစ်သီး သစ်သီးယိုနှင့်ဖျော်ရည်လုပ်ငန်းပိုင်ရှင်ဦး၀ဏ္ဏဖြိုး တို့က သွားရောက်တွေ့ဆုံခဲ့ကြကြောင်း ရှမ်းပြည်နယ်တောင်ပိုင်းအခြေစိုက်တော်လှန်ရေးအင်အားစုများက ပြောသည်။

Public Service Announcement

Public Service Announcement

ပြည်သူများအနေဖြင့်အဆိုပါ လုပ်ငန်းများကထုတ်လုပ်သော ထုတ်ကုန်များကို ၀ယ်ယူခြင်းမပြုဘဲ သပိတ်​မှောက် (Boycott )ပေးရန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကတောင်းဆိုသည်။

(အာဏာသိမ်း ဒု​ခေါင်း​​ဆောင်၏ ပင်းတယခရီးစဥ်တွင်လုပ်ငန်းရှင်များနှင့်အတူ​တွေ့ရစဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ)
(အာဏာသိမ်း ဒု​ခေါင်း​​ဆောင်၏ ပင်းတယခရီးစဥ်တွင်လုပ်ငန်းရှင်များနှင့်အတူ​တွေ့ရစဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ)

“ဒေသဖွဲ့ဖြိုးရေးအကြောင်းပြပြီး အချောင်ဖျာခင်းတဲ့သူတွေ။ ကောင်းကောင်းမွန်မွန်လမ်းကသွားလို့ရရက်ခွေးတိုးပေါက်ကနေတိုးဝင်နေကြတယ်။ သူတို့ထုတ်နေတဲ့ ထုတ်ကုန်တွေက ရန်ကုန်ရော၊ မန္တလေးရော နယ်စုံမှာရှိတယ်။ ဒါတွေကို မဝယ်ခြင်းဖြင့် တော်လှန်ရေးမှာပါဝင်ပေးပါ”ဟု အထက်ပါပြည်သူ့ကာကွယ်ရေးရဲဘော်က ပြောသည်။

အထက်ပါ လုပ်ငန်းရှင် ခုနှစ်ဦး၏ လုပ်ရပ်ကို ဒေသခံများက စိတ်ပျက်နေပြီး ပြစ်တင်ဝေဖန်နေကြကြောင်းဒေသတွင်းစစ်အာဏာရှင်‌တော်လှန်ရေး သတင်းများဖော်ပြနေသည့် Voice of Pindaya (VOP) ကလည်းရေးသားထားသည်။

ထိုအပြင် အာဏာသိမ်းဒု​ခေါင်း​ဆောင်မှာ ပင်းတယမြို့နယ်ရှိ ​ရွှေဥမင်လှိုဏ်​ခေါင်းသို့သွား​ရောက်စဥ် ​ရှေ့တွင်​ရောက်​နေ​သော ဘုရားဖူးများကို စစ်​ကောင်စီက ပြန်မထွက်ခိုင်းဘဲ ပိတ်ဆို့၍ ဘုရားဖူးများက စိုးဝင်းကို ကြိုဆို​နေသ​ယောင် ဓါတ်ပုံများရိုက်ကူး၍ဝါဒဖြန့်ခဲ့​ကြောင်းလည်း ​ဒေသခံများက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုကအာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဆောင်းပါး

ရန်ကုန်-ပုသိမ်အဝေးပြေးကားလမ်းမ တလျှောက် စစ်တပ်စစ်ဆေးရေးဂိတ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လက်ထဲမှာ ခါတိုင်းကိုင်ထားနေကြ သေနတ်နဲ့ ငွေစက္ကူအကြွေတွေအပြင် ​မေလ ၄ မှာတော့ ပိတောက်ပန်းတွေပါ ​တွေ့ရပါတယ်။