Connect with us

Hi, what are you looking for?

သတင်း

ဗဟန်း နတ်မောက်လမ်းသွယ်မှာ ဒဏ်ရာတွေနဲ့သေဆုံးနေတဲ့အမျိုးသားအလောင်းတွေ့

အလောင်းရဲ့ လည်ပင်းမှာ ကြိုးနဲ့ချိတ်ဆွဲထားတဲ့ ဖုန်းကနေတဆင့်မိသားစုနဲ့ အဆက်အသွယ်ရပြီး သေဆုံးသူအမျိုးသားဟာ ကြည့်မြိုင်တိုင်မြို့နယ် ၊သီတာရပ်ကွက် ၊သိင်္ဂီ လမ်းမှာနေထိုင်သူဖြစ်တယ်လို့ သိခဲ့ရတယ်လို့သိရပါတယ်။

ဓာတ်ပုံ − မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့
ဓာတ်ပုံ − မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့

ရန်ကုန်၊ ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းသွယ်ထဲမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားရုပ်အလောင်းကိုမနေ့က မနက်ပိုင်းမှာတွေ့ခဲ့ရတယ်လို့ မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့ထံကသိရပါတယ်။

ဗဟန်းမြို့နယ် ၊နတ်မောက်လမ်းသွယ် ( ၁) ထဲက ခြံတစ်ခြံရှေ့မှာ ဒဏ်ရာတွေနဲ့ အမျိုးသားတစ်ဦး လဲကျသေဆုံးနေတယ်ဆိုတဲ့သတင်းအရ သွားရောက်သယ်ဆောင်ပေးခဲ့တာလို့ အဲဒီအဖွဲ့က ဆိုထားပါတယ်။

Public Service Announcement
Public Service Announcement

အလောင်းရဲ့ လည်ပင်းမှာ ကြိုးနဲ့ချိတ်ဆွဲထားတဲ့ ဖုန်းကနေတဆင့်မိသားစုနဲ့ အဆက်အသွယ်ရပြီး သေဆုံးသူအမျိုးသားဟာ ကြည့်မြိုင်တိုင်မြို့နယ် ၊သီတာရပ်ကွက် ၊သိင်္ဂီ လမ်းမှာနေထိုင်သူဖြစ်တယ်လို့ သိခဲ့ရတယ်လို့သိရပါတယ်။

သေဆုံးသူအမျိုးသားဟာ တက္ကစီမောင်းနှင်သူဖြစ်ပြီး မတ်လ ၂၂ ရက် က အိမ်ကနေ ထွက်သွားတာဖြစ်တာပါ။

Public Service Announcement

Public Service Announcement

မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့ရဲ့ဖော်ပြချက်အရ အဲဒီအမျိုးသားပိုင်တဲ့ Cherry QQအမျိုးအစားကားလည်းပျောက်ဆုံးနေတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ အိမ်စီးကား ချောင်းဖြတ်ကူးစဉ် မျောပါလို့ ကားပေါ်လိုက်ပါလာတဲ့ ကိုယ်ပိုင်ကျောင်းတည်ထောင်သူ ကျောင်းဆရာတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့အရှေ့ခြမ်းက ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အယောင်ဆောင်ပြီး လူသတ် အဓမ္မကျင့်ခဲ့သူကို ဖမ်းဆီးရမိခဲ့ကြောင်း နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ပါတယ်။