Connect with us

Hi, what are you looking for?

သတင်း

ဗဟန်း နတ်မောက်လမ်းသွယ်မှာ ဒဏ်ရာတွေနဲ့သေဆုံးနေတဲ့အမျိုးသားအလောင်းတွေ့

အလောင်းရဲ့ လည်ပင်းမှာ ကြိုးနဲ့ချိတ်ဆွဲထားတဲ့ ဖုန်းကနေတဆင့်မိသားစုနဲ့ အဆက်အသွယ်ရပြီး သေဆုံးသူအမျိုးသားဟာ ကြည့်မြိုင်တိုင်မြို့နယ် ၊သီတာရပ်ကွက် ၊သိင်္ဂီ လမ်းမှာနေထိုင်သူဖြစ်တယ်လို့ သိခဲ့ရတယ်လို့သိရပါတယ်။

ဓာတ်ပုံ − မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့
ဓာတ်ပုံ − မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့

ရန်ကုန်၊ ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းသွယ်ထဲမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားရုပ်အလောင်းကိုမနေ့က မနက်ပိုင်းမှာတွေ့ခဲ့ရတယ်လို့ မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့ထံကသိရပါတယ်။

ဗဟန်းမြို့နယ် ၊နတ်မောက်လမ်းသွယ် ( ၁) ထဲက ခြံတစ်ခြံရှေ့မှာ ဒဏ်ရာတွေနဲ့ အမျိုးသားတစ်ဦး လဲကျသေဆုံးနေတယ်ဆိုတဲ့သတင်းအရ သွားရောက်သယ်ဆောင်ပေးခဲ့တာလို့ အဲဒီအဖွဲ့က ဆိုထားပါတယ်။

Public Service Announcement
Public Service Announcement

အလောင်းရဲ့ လည်ပင်းမှာ ကြိုးနဲ့ချိတ်ဆွဲထားတဲ့ ဖုန်းကနေတဆင့်မိသားစုနဲ့ အဆက်အသွယ်ရပြီး သေဆုံးသူအမျိုးသားဟာ ကြည့်မြိုင်တိုင်မြို့နယ် ၊သီတာရပ်ကွက် ၊သိင်္ဂီ လမ်းမှာနေထိုင်သူဖြစ်တယ်လို့ သိခဲ့ရတယ်လို့သိရပါတယ်။

သေဆုံးသူအမျိုးသားဟာ တက္ကစီမောင်းနှင်သူဖြစ်ပြီး မတ်လ ၂၂ ရက် က အိမ်ကနေ ထွက်သွားတာဖြစ်တာပါ။

Public Service Announcement

Public Service Announcement

မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့ရဲ့ဖော်ပြချက်အရ အဲဒီအမျိုးသားပိုင်တဲ့ Cherry QQအမျိုးအစားကားလည်းပျောက်ဆုံးနေတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

သေဆုံးသူတွေက​တော့ ကိုကောင်းမြတ်သူ၊ကိုသန်းတင့်၊မသန်းတင့်၊ကိုအောင်မျိုးခန့်၊ကို အောင်မျိုးသန့်တို့ဖြစ်ကြပါတယ်။

သတင်း

စစ်ကောင်စီတပ်၏ အရပ်သားပြည်သူ စစ်ဘေးရှောင်များအပေါ် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ရက်စက်မှုနှင့် စစ်ရာဇဝတ်မှုများဟုလည်း ၎င်းက အသိပေးသည်။

သတင်း

တော်လှန်ရေးရဲဘော်၂ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့၍ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း မြိုင်ပကဖတာဝန်ရှိသူက ပြောသည်။

သတင်း

ယနေ့(ဒီဇင်ဘာ ၃၁ရက်) ညနေ ၄နာရီခန့်တွင် ဆင်စခန်းစစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် ဗုံးသုံးကြိမ်ကြဲချခဲ့ခြင်းဟု သိရသည်။