Connect with us

Hi, what are you looking for?

သတင်း

ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်တိုက်ခိုက်

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ယင်းရပ်ကွက်ရုံးသို့ စစ်ကား၊ ရဲကားများ ရောက်ရှိလာပြီး စစ်ကောင်စီဝင် အများအပြားဖြင့် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံအချို့က ပြောသည်။

၂၀၂၁ ဧပြီ ၂၀ရက်က ဗိုလ်စိန်မှန်ရပ်ကွက်တွင် ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီက လူငယ်အချို့အား ဖမ်းဆီးထားစဉ်၊ ဓာတ်ပုံ - CJ
၂၀၂၁ ဧပြီ ၂၀ရက်က ဗိုလ်စိန်မှန်ရပ်ကွက်တွင် ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီက လူငယ်အချို့အား ဖမ်းဆီးထားစဉ်၊ ဓာတ်ပုံ - CJ

ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ဗိုလ်စိန်မှန်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Freeland Attack Force – FLA က ပြောသည်။

ဖေဖော်ဝါရီ ၂၀ရက် ည ၇ နာရီ ၃၅ မိနစ်ခန့်က ဗိုလ်စိန်မှန်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား FLA နှင့် Emerald Girls Army (EGA) မဟာမိတ်အဖွဲ့တို့ပူးပေါင်းပြီး နာနတ်သီးအစစ်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“အုပ်ချုပ်ရေးရုံးမှာတစ်ယောက်ပဲ ကျန်ခဲ့တာ။ မီးလဲ ပျက်နေတော့ သူက မီးဖိုပြီး မီးလှုံနေတာကို ပစ်လိုက်တာပါ”ဟု FLA ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံဖြစ်သူက People’s Spring သို့ ပြောသည်။

“ည ၇ နာရီခွဲကျော်လောက်က ဗုံးပေါက်သံ အသံအကျယ်ကြီးတစ်ချက်တော့ ကြားလိုက်ရတယ်။ ဗိုလ်စိန်မှန်ရပ်ကွက် ရုံးနားမှာပေါက်တာလို့ သိရတယ်။ ရပ်ကွက်ရုံးမှာနေတဲ့ စာရေးတစ်ယောက် ဒဏ်ရာရသွားလို့ ဆေးရုံပို့လိုက်ရတယ်ကြားပါတယ် “ဟု ဗဟန်းမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ယင်းရပ်ကွက်ရုံးသို့ စစ်ကား၊ ရဲကားများ ရောက်ရှိလာပြီး စစ်ကောင်စီဝင် အများအပြားဖြင့် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံအချို့က ပြောသည်။

အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုတွင် တော်လှန်ရေးရဲဘော်များ ပစ်ခတ်လိုက်သည့် ဗုံးမှာ အ.မ.က (၂၅)ကျောင်းနှင့် အုပ်ချုပ်ရေးမှူရုံးအား ကာရံထားသည့် တံတိုင်းကိုထိမှန်ကာ ပျက်ဆီးသွားပြီး ရုံးစောင့်အဖြစ်ကျန်ခဲ့သူမှာ ထိခိုက်မှုမရှိဟု ကနဦးသိရကြောင်း FLA တပ်ဖွဲ့တာဝန်ခံက ရှင်းပြသည်။

အထက်ပါ ဗိုလ်စိန်မှန်ရပ်ကွက် စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးအား ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် ပြောက်ကျားရဲဘော်များမှာ အထိအခိုက်မရှိခဲ့ဘဲ ပစ်မှတ်မြို့နယ်မှ ပြန်ထွက်နိုင်ခဲ့ပြီဖြစ်ပြီး ၎င်းတို့အနေဖြင့် စစ်ကောင်စီနှင့် ၎င်းတို့၏ထောက်တိုင်များအား စွမ်းနိုင်သမျှ ဆက်လက်တိုက်ခိုက်သွားမည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ လှည်းကူးမြို့နယ် အုန်းနှဲကုန်းရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးကို ပြင်းအားမြင့်မိုင်း နှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း Yangon Army (YA) အဖွဲ့တာဝန်ရှိသူကပြောသည်။

သတင်း

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် (၆၇) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ချိန်ကိုက်မိုင်းတစ်လုံးဖြင့် တိုက်ခိုက်ပြီးနောက် လာရောက်စစ်ဆေးသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုပါ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Operation Flame ၏တာဝန်ခံက ပြောသည်။

သတင်း

မကွေးတိုင်း၊ ချောက်မြို့ရှိ စစ်ကောင်စီလက် အောက်ခံ မြို့နယ်လျှပ်စစ်မန်နေဂျာရုံး(EPC)ကို လက်ပစ်ဗုံးပစ်သွင်း၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ချောက်မြို့ပြပြောက်ကျားတပ်ဖွဲ့ (CGF)တာဝန်ခံ Ko Paingက လူထုနွေဦးသို့ ပြောသည်။

သတင်း

ပဲခူးတိုင်း၊ အုတ်ဖိုမြို့ မြို့နယ်ရဲစခန်းအနီးရှိ စစ်ကောင်စီ၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့- အုတ်ဖိုမှ တပ်ခွဲမှူးရဲဘော်ဒေဝက လူထုနွေဦးသို့ ပြောသည်။