Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ခေါင်းဆောင်များ အာဏာတည်မြဲရေး အသက်အသေခံနေရသည်ကိုသိရှိရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကရင်နီစစ်ဘက်တာဝန်ရှိသူ သတိပေး

ကရင်နီဒေသ၌ နွေဦးတော်လှန်ရေးအစကတည်းက ပြည်သူ့ဘက် ရပ်တည်လာသည့် စစ်သားနှင့် ရဲများကို ကြိုဆိုလျက်ရှိကြောင်း၎င်းကဆိုသည်။ ပြည်သူ့ရင်ခွင့်အဖွဲ့လည်း ကရင်နီဒေသ၌ ရှိကြောင်း အမှန်တကယ် ပြည်သူ့ဘက် ရပ်တည်လိုသူများကိုဆက်လက်ကြိုဆိုသွားမည်ဖြစ်ကြောင်း ခူညေးရယ်က ပြောကြားသည်။

(စစ်ကောင်စီတပ်သား ၉၀ကျော်သေဆုံးသည့် ဒီးမော့ဆိုမြို့နယ် ဒေါတမကြီး ဒေသတိုက်ပွဲမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - KNDF)
(စစ်ကောင်စီတပ်သား ၉၀ကျော်သေဆုံးသည့် ဒီးမော့ဆိုမြို့နယ် ဒေါတမကြီး ဒေသတိုက်ပွဲမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - KNDF)

▪️ပြည်သူ့ဘက်ရပ်တည်လိုသူများကို ဆက်လက် ကြိုဆိုမည်ဟု အသိပေး

စစ်ကောင်စီခေါင်းဆောင်များ အာဏာတည်မြဲရေးအတွက် အောက်ခြေအဆင့်မှ အသက်အသေခံနေရခြင်းကို သိရှိနားလည်ကြရန် ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်က ပြောကြားသည်။

ယခုနှစ်ဆန်းပိုင်းတွင် ကရင်နီပြည်နယ်အတွင်းကို စစ်ကောင်စီတပ်က လူအင်အား ၊လက်နက်အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်လာရာ ကရင်နီပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်များပြားခဲ့သည်။ ဒီးမော့ဆိုမြို့နယ် ဒေါတမကြီး ဒေသတိုက်ပွဲ တစ်ခုတည်း၌ပင် စစ်ကောင်စီတပ်က သေဆုံးသူ ၉၀ကျော်ရှိပြီး ဒဏ်ရာရသူ ၅၀ ကျော်ရှိခဲ့ပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း ကရင်နီ အမျိုးသားကာကွယ်ရေးတပ်(KNDF) က ထုတ်ပြန်သည်။

“ဒီးမော့ဆို အနောက်ခြမ်းဘက် အင်အားထပ်ဖြည့်လာတယ်ပြောတယ်။ ဒေါငံခါးတို့ဘက်ပေါ့ မိုးဗြဲနဲ့ တဆက်တည်းပေါ့။ ပြီးတော့ ဟိုးဘက်မှာလည်းရှိနေသေးတယ်။ ရှမ်းကယားနယ်စပ် ဖယ်ခုံအရှေ့ခြမ်းပေါ့။ သူတို့က အဲဒီလို စစ်ရေးပြင်ဆင်လာတယ်ဆို ကျနော်တို့က တက်နိုင်သလောက်ခုံခံမှာပဲလေ။ ခုခံမယ်ဆိုတာက အဓိကတော့ စိတ်ဓာတ်ပေါ့။ အင်အားမမျှပေမယ့် ကျနော်တို့က စိတ်ဓာတ်ရှိတယ်။ ကျနော်တို့က သူတို့ကို သွားတိုက်တာ မဟုတ်ဘူး သူတို့က လာတိုက် တာ။တိုက်တဲ့အခါကျတော့ ကျနော်တို့က ခုခံရမှာပေါ့။တက်နိုင်သလောက်” ဟု ကရင်နီစစ်ဘက်ဆိုင်ရာဗဟို သတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်က ပြောသည်။

ယခု စစ်ဆင်ရေးထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အတွေ့အကြုံမရှိသူများဖြစ်သည့်အပြင် နေရာဒေအနေအထားနှင့် ရာသီဥတု အခြေအနေ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာအားနည်းချက်များကြောင့် တိုက်ပွဲဝင်ရန် အားနည်းချက်ရှိနေသည်ကိုတွေ့ရကြောင်း ခူညေးရယ်က ပြော သည်။

Public Service Announcement

Public Service Announcement

“ဆိုတော့ သူတို့က သပ်သပ်အသေခံတဲ့ သဘောမျိုး အထက်ခေါင်းဆောင်ကြီးတွေ အာဏာတည်မြဲဖို့ သူတို့ အသေခံနေရတယ်ဆိုတာ သူတို့ကိုယ်၌ကလည်း သိချင်မှ သိမှာပေါ့” ၎င်းက ဆိုသည်။

ထို့ပြင် စစ်ကောင်စီတပ်၏ ဆင့်ကဲဆင့်ကဲ အမိန့်များ အပေါ် မလွန်ဆန်ရဲ ဖြစ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် လက်ရှိအခြေအနေအပေါ် ပြန်သုံးသပ်ရန် အသိပေးလိုသည်ဟု ခူညေးရယ်က ပြောသည်။

“အရင်တုန်းကတော့ အမြင်တမျိုးပေါ့။ တိုင်းရင်းသားတွေနယ်မြေမှာ ဒီလိုဖြစ်တယ်ဆိုတာကိုယ်၌က မသိဘူး။ နောက်ပြီးတော့ ဝါဒဖြန့် ရုပ်ရှင်ကားတွေနဲ့ ကျနော်တို့ကို သူပုန်လို့ မြင်တယ်။ အခုတော့ သူတို့ ကိုယ်တိုင်လည်း သိလာပါပြီ။ ဥပမာ စစ်ကိုင်းတို့ မကွေးတို့ ဘက်မှာ ဖြစ်တာတွေက ကျနော်တို့နဲ့ အတူတူပဲ ခံစားနေရပြီဆိုတော့ သူတို့ကို အသိပေးချင်တာက အခုက နိုင်ငံရေးထက် စစ်ကောင်စီက သူအာဏာရရှိရေးအတွက်လုပ်နေတယ်ဆိုတာ သူတို့ကိုအသိပေးချင်တယ်”ဟု ခူညေးရယ်က ပြောကြားသည်။

ကရင်နီဒေသ၌ နွေဦးတော်လှန်ရေးအစကတည်းက ပြည်သူ့ဘက် ရပ်တည်လာသည့် စစ်သားနှင့် ရဲများကို ကြိုဆိုလျက်ရှိကြောင်း၎င်းကဆိုသည်။ ပြည်သူ့ရင်ခွင့်အဖွဲ့လည်း ကရင်နီဒေသ၌ ရှိကြောင်း အမှန်တကယ် ပြည်သူ့ဘက် ရပ်တည်လိုသူများကိုဆက်လက်ကြိုဆိုသွားမည်ဖြစ်ကြောင်း ခူညေးရယ်က ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။