Connect with us

Hi, what are you looking for?

သတင်း

စစ်ခေါင်းဆောင်များ အာဏာတည်မြဲရေး အသက်အသေခံနေရသည်ကိုသိရှိရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကရင်နီစစ်ဘက်တာဝန်ရှိသူ သတိပေး

ကရင်နီဒေသ၌ နွေဦးတော်လှန်ရေးအစကတည်းက ပြည်သူ့ဘက် ရပ်တည်လာသည့် စစ်သားနှင့် ရဲများကို ကြိုဆိုလျက်ရှိကြောင်း၎င်းကဆိုသည်။ ပြည်သူ့ရင်ခွင့်အဖွဲ့လည်း ကရင်နီဒေသ၌ ရှိကြောင်း အမှန်တကယ် ပြည်သူ့ဘက် ရပ်တည်လိုသူများကိုဆက်လက်ကြိုဆိုသွားမည်ဖြစ်ကြောင်း ခူညေးရယ်က ပြောကြားသည်။

(စစ်ကောင်စီတပ်သား ၉၀ကျော်သေဆုံးသည့် ဒီးမော့ဆိုမြို့နယ် ဒေါတမကြီး ဒေသတိုက်ပွဲမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - KNDF)
(စစ်ကောင်စီတပ်သား ၉၀ကျော်သေဆုံးသည့် ဒီးမော့ဆိုမြို့နယ် ဒေါတမကြီး ဒေသတိုက်ပွဲမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - KNDF)

▪️ပြည်သူ့ဘက်ရပ်တည်လိုသူများကို ဆက်လက် ကြိုဆိုမည်ဟု အသိပေး

စစ်ကောင်စီခေါင်းဆောင်များ အာဏာတည်မြဲရေးအတွက် အောက်ခြေအဆင့်မှ အသက်အသေခံနေရခြင်းကို သိရှိနားလည်ကြရန် ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်က ပြောကြားသည်။

ယခုနှစ်ဆန်းပိုင်းတွင် ကရင်နီပြည်နယ်အတွင်းကို စစ်ကောင်စီတပ်က လူအင်အား ၊လက်နက်အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်လာရာ ကရင်နီပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်များပြားခဲ့သည်။ ဒီးမော့ဆိုမြို့နယ် ဒေါတမကြီး ဒေသတိုက်ပွဲ တစ်ခုတည်း၌ပင် စစ်ကောင်စီတပ်က သေဆုံးသူ ၉၀ကျော်ရှိပြီး ဒဏ်ရာရသူ ၅၀ ကျော်ရှိခဲ့ပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း ကရင်နီ အမျိုးသားကာကွယ်ရေးတပ်(KNDF) က ထုတ်ပြန်သည်။

“ဒီးမော့ဆို အနောက်ခြမ်းဘက် အင်အားထပ်ဖြည့်လာတယ်ပြောတယ်။ ဒေါငံခါးတို့ဘက်ပေါ့ မိုးဗြဲနဲ့ တဆက်တည်းပေါ့။ ပြီးတော့ ဟိုးဘက်မှာလည်းရှိနေသေးတယ်။ ရှမ်းကယားနယ်စပ် ဖယ်ခုံအရှေ့ခြမ်းပေါ့။ သူတို့က အဲဒီလို စစ်ရေးပြင်ဆင်လာတယ်ဆို ကျနော်တို့က တက်နိုင်သလောက်ခုံခံမှာပဲလေ။ ခုခံမယ်ဆိုတာက အဓိကတော့ စိတ်ဓာတ်ပေါ့။ အင်အားမမျှပေမယ့် ကျနော်တို့က စိတ်ဓာတ်ရှိတယ်။ ကျနော်တို့က သူတို့ကို သွားတိုက်တာ မဟုတ်ဘူး သူတို့က လာတိုက် တာ။တိုက်တဲ့အခါကျတော့ ကျနော်တို့က ခုခံရမှာပေါ့။တက်နိုင်သလောက်” ဟု ကရင်နီစစ်ဘက်ဆိုင်ရာဗဟို သတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်က ပြောသည်။

ယခု စစ်ဆင်ရေးထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အတွေ့အကြုံမရှိသူများဖြစ်သည့်အပြင် နေရာဒေအနေအထားနှင့် ရာသီဥတု အခြေအနေ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာအားနည်းချက်များကြောင့် တိုက်ပွဲဝင်ရန် အားနည်းချက်ရှိနေသည်ကိုတွေ့ရကြောင်း ခူညေးရယ်က ပြော သည်။

Public Service Announcement

Public Service Announcement

“ဆိုတော့ သူတို့က သပ်သပ်အသေခံတဲ့ သဘောမျိုး အထက်ခေါင်းဆောင်ကြီးတွေ အာဏာတည်မြဲဖို့ သူတို့ အသေခံနေရတယ်ဆိုတာ သူတို့ကိုယ်၌ကလည်း သိချင်မှ သိမှာပေါ့” ၎င်းက ဆိုသည်။

ထို့ပြင် စစ်ကောင်စီတပ်၏ ဆင့်ကဲဆင့်ကဲ အမိန့်များ အပေါ် မလွန်ဆန်ရဲ ဖြစ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် လက်ရှိအခြေအနေအပေါ် ပြန်သုံးသပ်ရန် အသိပေးလိုသည်ဟု ခူညေးရယ်က ပြောသည်။

“အရင်တုန်းကတော့ အမြင်တမျိုးပေါ့။ တိုင်းရင်းသားတွေနယ်မြေမှာ ဒီလိုဖြစ်တယ်ဆိုတာကိုယ်၌က မသိဘူး။ နောက်ပြီးတော့ ဝါဒဖြန့် ရုပ်ရှင်ကားတွေနဲ့ ကျနော်တို့ကို သူပုန်လို့ မြင်တယ်။ အခုတော့ သူတို့ ကိုယ်တိုင်လည်း သိလာပါပြီ။ ဥပမာ စစ်ကိုင်းတို့ မကွေးတို့ ဘက်မှာ ဖြစ်တာတွေက ကျနော်တို့နဲ့ အတူတူပဲ ခံစားနေရပြီဆိုတော့ သူတို့ကို အသိပေးချင်တာက အခုက နိုင်ငံရေးထက် စစ်ကောင်စီက သူအာဏာရရှိရေးအတွက်လုပ်နေတယ်ဆိုတာ သူတို့ကိုအသိပေးချင်တယ်”ဟု ခူညေးရယ်က ပြောကြားသည်။

ကရင်နီဒေသ၌ နွေဦးတော်လှန်ရေးအစကတည်းက ပြည်သူ့ဘက် ရပ်တည်လာသည့် စစ်သားနှင့် ရဲများကို ကြိုဆိုလျက်ရှိကြောင်း၎င်းကဆိုသည်။ ပြည်သူ့ရင်ခွင့်အဖွဲ့လည်း ကရင်နီဒေသ၌ ရှိကြောင်း အမှန်တကယ် ပြည်သူ့ဘက် ရပ်တည်လိုသူများကိုဆက်လက်ကြိုဆိုသွားမည်ဖြစ်ကြောင်း ခူညေးရယ်က ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ဥက္ကဋ္ဌ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အထွေထွေအတွင်းရေးမှူး စတဲ့ တာဝန်တွေယူထားတဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း၊ကောင်းရာသုဂတိမှာငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ​ကြောင်း SCEFကထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။