Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါတမကြီးတိုက်ပွဲ၌ အရာရှိကိုင် ပစ္စတိုလေးလက်အပါအဝင် စစ်ကောင်စီ၏ လက်နက်မျိုးစုံ ၃၇လက် ကရင်နီပူးပေါင်းတပ် သိမ်းပိုက်ရရှိခဲ့

ဒေါတမကြီးတိုက်ပွဲ၌ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်က မတ်လ ၂၂ရက်တွင် People’s Spring သို့ ပြောကြားထားသည်။

(ကရင်နီပူးပေါင်းတပ် သိမ်းဆည်းရမိသော လက်လက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - PDF ဖရူဆို၊KNIC)
(ကရင်နီပူးပေါင်းတပ် သိမ်းဆည်းရမိသော လက်လက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - PDF ဖရူဆို၊KNIC)

▪️(၆၀)မမ ၂လက်၊ RPG ၂လက်၊ စက်သေနတ် ၈လက်ပါဝင်၊ အလောင်းလာကောက်သည့် တပ်တိုက်ခိုက်ခံရ၍ အလောင်းများထားထွက်ပြေးရ

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးအုပ်စုအတွင်း၌ မတ်လ ၂၁ရက်က တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး အလောင်းများပင်မကောင်နိုင်ဘဲ ထွက်ပြေးခဲ့ရသည့်အပြင် လက်နက်ခဲယမ်းမျိုးစုံ ၃၇လက် ကရင်နီပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရရှိခဲ့သည်။

ဒေါတမကြီးတိုက်ပွဲ၌ စစ်ကောင်စီတပ်ထံမှ ပစ္စတို ၄လက်၊ လက်နက်ကြီး (၆၀)မမ ၂လက်၊ RPG ၂လက်၊ စက်သေနတ် ၈လက်၊ MA1နှင့် MA 3 လက်နက် ၂၀၊ MA4နှင့် ၇၉ ဗုံးပစ်လောင်ချာတွဲထားသည့် သေနတ် ၁လက် စုစုပေါင်း လက်နက်မျိုးစုံ ၃၇ လက်ရရှိခဲ့ကြောင်း တိုက်ပွဲ၌ပါဝင် သည့် ဖရူဆိုပြည်သူ့ကာကွယ်ရေးတပ်(PDF)က ဓာတ်ပုံများနှင့်တကွ ယနေ့ ထုတ်ပြန်ထားသည်။

(ကရင်နီပူးပေါင်းတပ် သိမ်းဆည်းရမိသော လက်လက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - PDF ဖရူဆို၊KNIC)
(ကရင်နီပူးပေါင်းတပ် သိမ်းဆည်းရမိသော လက်လက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – PDF ဖရူဆို၊KNIC)

ဒေါတမကြီးတိုက်ပွဲ၌ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်က မတ်လ ၂၂ရက်တွင် People’s Spring သို့ ပြောကြားထားသည်။

“ဒီနေ့သူတို့ ပြန်လာရှင်းတယ်လေ အဲဒီမှာ ထပ်ပြီး တိုက်ပွဲဖြစ်တယ်။ အဲဒီမှာအလောင်းတွေ ကျန်ခဲ့တယ်ပြောတယ်။ အရေအတွက်တော့ မသိရသေးဘူး။ ရရှိတဲ့ ပစ္စည်းတွေစာရင်းပြုစုနေတယ်။အကြမ်းအားဖြင့် သိရသလောက်က (၆၀) မမ နှစ်လက်ရတယ်အဲဒီလို သိရတယ်။ လက်နက်ငယ်တွေလည်း ရမှာပေါ့”ဟု ခူညေးရယ်က ပြောကြားခဲ့သည်။

Public Service Announcement

Public Service Announcement

People’s Spring က ယမန်နေ့တွင် လက်ခံရရှိခဲ့သည့် ဓာတ်ပုံများအနက် စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိခဲ့သည့် ဓာတ်ပုံများအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းများကိုလည်းတွေ့ရသည်။ တော်လှန်ရေးတပ်ဖွဲ့များက လိုက်လံကောက်ယူစုစည်းရာတွန် အလောင်းများကို တွန်းလှည်းပေါ်တင်ပြီး စုစည်းခဲ့သည့် ဓာတ်ပုံအချို့ကိုလည်း တွေ့ရသည်။

(ကရင်နီပူးပေါင်းတပ် သိမ်းဆည်းရမိသော လက်လက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - PDF ဖရူဆို၊KNIC)
(ကရင်နီပူးပေါင်းတပ် သိမ်းဆည်းရမိသော လက်လက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – PDF ဖရူဆို၊KNIC)

ယခုနှစ်ဆန်းပိုင်းအတွင်း ကရင်နီဒေသ၌ တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က အထိနာလျက်ရှိသည်။ လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှု ဖြစ်စဉ်များ မကြာခဏ ရှိခဲ့ရာ ဖေဖော်ဝါရီလကုန်ပိုင်း တိုက်ပွဲ၌ စစ်ကောင်စီတပ်၏ (၁၂၀) မမ လက်နက်ကြီးကိုပင် တော်လှန်ရေးတပ်ဖွဲ့များက သိမ်းယူနိုင်ခဲ့သည့် ဖြစ်စဉ်ရှိခဲ့သည်။

အထိနာသည့် စစ်ကောင်စီတပ်သည် လေကြောင်း ပစ်ကူအင်အားအလုံးအရင်းဖြစ်စစ်ကူပေးတိုက်ခိုက်နေရသည်။

တိုက်ပွဲ၌ တပ်ရင်းမှူးအဆင့်အပါအဝင် စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားလျက်ရှိရာ ဒေါတမကြီးတိုက်ပွဲ၌ တပ်ရင်းတစ်ခုလုံးနီးပါးအထိနာခဲ့ခြင်းဖြစ်သည်။

(ကရင်နီပူးပေါင်းတပ် သိမ်းဆည်းရမိသော လက်လက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - PDF ဖရူဆို၊KNIC)
(ကရင်နီပူးပေါင်းတပ် သိမ်းဆည်းရမိသော လက်လက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – PDF ဖရူဆို၊KNIC)

ဒေါတမကြီးတိုက်ပွဲ၌ စစ်ကောင်စီတပ်က ဘောလခဲမြို့မှ လက်နက်ကြီးပစ်ကူ (၁၀)ကြိမ်ထက်မနည်းပစ်ခတ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်က တိုက်လေယာဉ်နှစ်စီး (၆)ကြိမ်ထက်မနည်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကရင်နီစစ်ဘက်က ထုတ်ပြန်သည်။

ဒေါတမကြီး တိုက်ပွဲတွင် ကရင်နီပူးပေါင်းတပ်မှ ရဲဘော် တစ်ဦး ကျဆုံးပြီး ၂ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။