Connect with us

Hi, what are you looking for?

သတင်း

အင်အားမမျှ၍ စခန်းတစ်ခုစွန့်လွှတ်ခဲ့ရဟု လောင်းလုံး(ပကဖ) အသိပေး

စခန်းအား စွန့်ခွာခဲ့ရစဥ် စစ်ကောင်စီတပ်များက တဲငါးလုံးနှင့် ရိက္ခာအနည်းငယ် မီးရှို့ဖျက်ဆီးခံရပြီး လက်လုပ်ဘောက်ကာ (၁၀)လုံး ဆုံးရှုံးသွားသည်ဟု ဆိုသည်။

(စစ်ကောင်စီတပ် စီးနင်းမီးရှို့သွားသည့် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF(ပကဖ)မှ စခန်းတစ်ခုအား တွေ့ရစဥ်။ ဓာတ်ပုံ - LLPDF)
(စစ်ကောင်စီတပ် စီးနင်းမီးရှို့သွားသည့် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF(ပကဖ)မှ စခန်းတစ်ခုအား တွေ့ရစဥ်။ ဓာတ်ပုံ - LLPDF)

သုံးပတ်အတွင်း စစ်ကောင်စီတပ်က ဒေသခံပြည်သူခုနစ်ဦးကို သတ်ဖြတ်ပြီး ၁၂ဦး ဖမ်းဆီးထား

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အောက်ပိုင်းသို့ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးလျှက်ရှိရာ အင်အားမမျှသဖြင့် စခန်းတစ်ခုအား စွန့်လွှတ်ခဲ့ရကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF (ပကဖ)က ပြောသည်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးစဥ် မတ်လ၁၈ ရက်တွင် လောင်းလုံးနယ်အောက်ပိုင်း တစ်နေရာတွင်ရှိနေသည့် LLPDF စခန်းနေရာအား အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် အင်အားမမျှခြင်းကြောင့် စခန်းအား စွန့်ခွာခဲ့ရကြောင်း အသိပေးသည်။

စခန်းအား စွန့်ခွာခဲ့ရစဥ် စစ်ကောင်စီတပ်များက တဲငါးလုံးနှင့် ရိက္ခာအနည်းငယ် မီးရှို့ဖျက်ဆီးခံရပြီး လက်လုပ်ဘောက်ကာ (၁၀)လုံး ဆုံးရှုံးသွားသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် မတ်လ ၄ ရက်ကစပြီး လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေခြင်းဖြစ်ကာ မတ်လ ၂၄ ရက်အထိ သုံးပတ်တာကာလအတွင်း ဒေသခံပြည်သူခုနစ်ဦးအား သတ်ဖြတ်ကာ ၁၂ဦးကို ဖမ်းဆီးထားသည်ဟု LLPDF က ပြောသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ လောင်းလုံးအောက်ပိုင်းကို ဒီကောင်တွေစစ်ကြောင်းထိုးနေတာ သုံးပတ်ကျော်လာပြီ။ သူတို့က ဘယ်ရွာရယ်လို့ ပြောမရဘူး။ လမ်းတလျှောက် အကုန်ဝင်တာ။ စစ်ကြောင်းတစ်ခုကို အနည်းဆုံး အင်အား (၃၀)ကျော်လောက်ပါတယ်။ ခုထိလည်း စစ်ကြောင်းတချို့ ရှိနေသေးတယ်”ဟု LLPDF လောင်းလုံး(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်က ကျေးရွာများသို့ ဝင်ရောက်ရာတွင် ညောပြင်၊ အောက်ကျောက်ဝပ်အပါအဝင် ကျေးရွာအချို့မှ နေအိမ် ၁၈၀ခန့်အား မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၅၀ခန့်ကိုလည်း ရိုက်နှက်ဖျက်ဆီးသွားသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်၏ ယခုလုပ်ရပ်များသည် ပြည်သူလူထုအား အကြောက်တရားသွပ်သွင်းခြင်းဖြစ်ပြီး ယခုထက်ပိုသည့် အကြမ်းဖက်လုပ်ရပ်များ ဖြစ်ပေါ်လာနိုင်သောကြောင့် ပြည်သူများ သတိပြုနေထိုင်ကြရန် LLPDF လောင်းလုံး(ပကဖ)နှင့် တော်လှန်ရေးအင်အားစုများက သတိ ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးတပ်တွေနဲ့ပေါင်းပြီး ဘုံရန်သူကို ဆက်တိုက်မယ်လို့ ဆာကပေါတပ်ရင်းတာဝန်ရှိသူပြော

သတင်း

တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃) ကွပ်ကဲမှု့အောက်ရှိ ထားဝယ်ခရိုင်အမှတ်(၈၀၀၃)တပ်ရင်း ရဲ့ ပထမအကြိမ် စစ်ပညာခြေခံသင်တန်းပြီးဆုံးကြောင်း မှတ်တမ်းရုပ်သံနဲ့ မှတ်တမ်းဓာတ်ပုံတွေကို အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် အခြေပြု ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ သံမဏိလိပ်ပြာတပ်ဖွဲ့ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ကွပ်ကဲမှု ခံယူလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်ပါတယ်။

Facebook