Connect with us

Hi, what are you looking for?

သတင်း

အင်အားမမျှ၍ စခန်းတစ်ခုစွန့်လွှတ်ခဲ့ရဟု လောင်းလုံး(ပကဖ) အသိပေး

စခန်းအား စွန့်ခွာခဲ့ရစဥ် စစ်ကောင်စီတပ်များက တဲငါးလုံးနှင့် ရိက္ခာအနည်းငယ် မီးရှို့ဖျက်ဆီးခံရပြီး လက်လုပ်ဘောက်ကာ (၁၀)လုံး ဆုံးရှုံးသွားသည်ဟု ဆိုသည်။

(စစ်ကောင်စီတပ် စီးနင်းမီးရှို့သွားသည့် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF(ပကဖ)မှ စခန်းတစ်ခုအား တွေ့ရစဥ်။ ဓာတ်ပုံ - LLPDF)
(စစ်ကောင်စီတပ် စီးနင်းမီးရှို့သွားသည့် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF(ပကဖ)မှ စခန်းတစ်ခုအား တွေ့ရစဥ်။ ဓာတ်ပုံ - LLPDF)

သုံးပတ်အတွင်း စစ်ကောင်စီတပ်က ဒေသခံပြည်သူခုနစ်ဦးကို သတ်ဖြတ်ပြီး ၁၂ဦး ဖမ်းဆီးထား

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အောက်ပိုင်းသို့ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးလျှက်ရှိရာ အင်အားမမျှသဖြင့် စခန်းတစ်ခုအား စွန့်လွှတ်ခဲ့ရကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF (ပကဖ)က ပြောသည်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးစဥ် မတ်လ၁၈ ရက်တွင် လောင်းလုံးနယ်အောက်ပိုင်း တစ်နေရာတွင်ရှိနေသည့် LLPDF စခန်းနေရာအား အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် အင်အားမမျှခြင်းကြောင့် စခန်းအား စွန့်ခွာခဲ့ရကြောင်း အသိပေးသည်။

စခန်းအား စွန့်ခွာခဲ့ရစဥ် စစ်ကောင်စီတပ်များက တဲငါးလုံးနှင့် ရိက္ခာအနည်းငယ် မီးရှို့ဖျက်ဆီးခံရပြီး လက်လုပ်ဘောက်ကာ (၁၀)လုံး ဆုံးရှုံးသွားသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် မတ်လ ၄ ရက်ကစပြီး လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေခြင်းဖြစ်ကာ မတ်လ ၂၄ ရက်အထိ သုံးပတ်တာကာလအတွင်း ဒေသခံပြည်သူခုနစ်ဦးအား သတ်ဖြတ်ကာ ၁၂ဦးကို ဖမ်းဆီးထားသည်ဟု LLPDF က ပြောသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ လောင်းလုံးအောက်ပိုင်းကို ဒီကောင်တွေစစ်ကြောင်းထိုးနေတာ သုံးပတ်ကျော်လာပြီ။ သူတို့က ဘယ်ရွာရယ်လို့ ပြောမရဘူး။ လမ်းတလျှောက် အကုန်ဝင်တာ။ စစ်ကြောင်းတစ်ခုကို အနည်းဆုံး အင်အား (၃၀)ကျော်လောက်ပါတယ်။ ခုထိလည်း စစ်ကြောင်းတချို့ ရှိနေသေးတယ်”ဟု LLPDF လောင်းလုံး(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်က ကျေးရွာများသို့ ဝင်ရောက်ရာတွင် ညောပြင်၊ အောက်ကျောက်ဝပ်အပါအဝင် ကျေးရွာအချို့မှ နေအိမ် ၁၈၀ခန့်အား မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၅၀ခန့်ကိုလည်း ရိုက်နှက်ဖျက်ဆီးသွားသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်၏ ယခုလုပ်ရပ်များသည် ပြည်သူလူထုအား အကြောက်တရားသွပ်သွင်းခြင်းဖြစ်ပြီး ယခုထက်ပိုသည့် အကြမ်းဖက်လုပ်ရပ်များ ဖြစ်ပေါ်လာနိုင်သောကြောင့် ပြည်သူများ သတိပြုနေထိုင်ကြရန် LLPDF လောင်းလုံး(ပကဖ)နှင့် တော်လှန်ရေးအင်အားစုများက သတိ ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စံချိန်တင်မိုးရွာပြီးတဲ့နောက်ဆိုးရွားတဲ့ရေဘေးကြုံတွေ့ခဲ့တဲ့တနင်္သာရီတိုင်းမှာရေ‌ဘေးကြုံပြီး ရက်သတ္တပတ်နှစ်ပတ်​ကျော်အကြာမှာပဲ အပူချိန်စံချိန်သစ်တင်ခဲ့ပါတယ်။

သတင်း

တနင်္သာရီတိုင်းရေဘေးမှာ‌ဒေသတချို့ရေပြန်ကျစဉ် ရုပ်အလောင်းတွေပေါ်လာလို့ သေဆုံးသူအ​ရေအတွက်ထပ်တိုးလာ​နေပြီး လောင်းလုံးမြို့နယ်မှာဒီနေ့ညနေပိုင်းကရုပ်အလောင်း ၉ လောင်း ထပ်မံရှာဖွေတွေ့ရှိခဲ့ပါတယ်။

သတင်း

တနင်္သာရီတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေအနေနဲ့ လိုအပ်တဲ့အကူအညီတွေ ဆက်သွယ်တောင်းခံနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေကထုတ်ပြန်ထားပြီး ထိန်းချုပ်ဒေသတွေအတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာပူးပေါင်းဆောင်ရွက်နေတယ်လို့ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးတပ်တွေနဲ့ပေါင်းပြီး ဘုံရန်သူကို ဆက်တိုက်မယ်လို့ ဆာကပေါတပ်ရင်းတာဝန်ရှိသူပြော