Connect with us

Hi, what are you looking for?

သတင်း

ဘုတ်ပြင်းမြို့နယ်တိုက်ပွဲ ပြည်သူ့စစ်ခေါင်းဆောင်နှင့် ဒုခေါင်းဆောင် သေဆုံး

စစ်ကောင်စီသည် ကျဆုံးခန်းမြင်နေရပြီဖြစ်၍ စစ်ကောင်စီလက်အောက်ခံများအနေဖြင့် အမှန်တရားဘက်ပြောင်းကာ ပြည်သူ့ရင်ခွင်ခိုလှုံသင့်ပြီဟု အဆိုပါအဖွဲ့က ဆိုသည်။

(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - တနင်္သာရီစစ်ဒေသခွဲ)
(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - တနင်္သာရီစစ်ဒေသခွဲ)

▪️လက်လက်ခဲယမ်းများ သိမ်းဆည်းရမိဟု တနင်္သာရီစစ်ဒေသခွဲ အသိပေး

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ် ဝါးကျွန်းကျေးရွာရှိ စစ်ကောင်စီ၏ လက်ပါးစေပြည်သူ့စစ်အဖွဲ့ကို ဝင်ရောက်တိုက်ခိုက်ရာ ‌အဆိုပါအဖွဲ့ခေါင်းဆောင်နှစ်ဦးကို သေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်း တနင်္သာရီစစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ဖက်စစ်တော်လှန်ရေးနေ့ လက်ဆောင်အဖြစ် ယနေ့ နံနက်စော ၂နာရီခန့်က ဘုတ်ပြင်းမြို့နယ်နှင့်ကော့သောင်းမြို့နယ်(ပကဖ)ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပြည်သူ့စစ်ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်တို့ သေဆုံးခဲ့ခြင်းဖြစ်သည်။

“ပျူစောထီးနဲ့ ပုံစံတူတဲ့ ပြည်သူ့စစ်တွေပါ။ဘုတ်ပြင်းမြိုနယ်မှာက နဂိုကတည်းက စကစထောင့်တိုင် ပြည်သူ့စစ်အားကောင်းတော့ ပျူစောထီး သီးချားမဖွဲဘဲ ရှိနှင့်ပြည်သူ့စစ်တွေကို လက်နက် ပိုတတ်ဆင်ထားပြီး မွေးထားတာပါ။”ဟု တနင်္သာရီစစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့၊ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီဘက်က စစ်ကူအချိန်မီမလာနိုင်ခဲ့သလို စစ်ကူလာရန်လည်း အင်အားမရှိသလောက်ဖြစ်နေသည်ဟု ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ပွဲအပြီးအတွင် ပြည်သူ့စစ်အဖွဲ့ထံမှ AK 47- လေးလက်၊ AK ကျည်ဘောက် ငါးခု၊ M16 တစ်လက်၊ M16 ကျည်ဘောက် ၁၁ခု၊ နာနတ်သီး သုံးလုံး၊ လက်ပစ်ဗုံး တစ်လုံး၊ M16 ကျည် ၁၇၀တောင့် ၊AK ကျည် ၃၅၅ တောင့်၊ အထိုင်ဖုန်း တစ်လုံး၊ စမတ် ဖုန်းတစ်လုံး အပါအဝင်စသည့် လက်နက်ပစ္စည်းများ သိမ်းဆည်းရမိသည်ဟု ကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ကျဆုံးခန်းမြင်နေရပြီဖြစ်၍ စစ်ကောင်စီလက်အောက်ခံများအနေဖြင့် အမှန်တရားဘက်ပြောင်းကာ ပြည်သူ့ရင်ခွင်ခိုလှုံသင့်ပြီဟု အဆိုပါအဖွဲ့က ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်မှာ အချိန်မရွေးတိုက်ပွဲ ဖြစ်လာနိုင်တာကြောင့် စစ်ရေးသတိပေးချက်တွေကို ကော့သောင်းခရိုင်တပ်ရင်း (၁)က ဒီကနေ့ (ဇွန်လ ၁၃ရက်)မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။