Connect with us

Hi, what are you looking for?

သတင်း

အမှတ်(၁)စစ်​ဒေသဖြစ်​သောစစ်ကိုင်း၊ မကွေး၊မန္တလေးနှင့်ရှမ်းမြောက်၌ ဇန်နဝါရီလအတွင်းတိုက်ပွဲ ၃၆၀ကျော်ဖြစ်၊ စစ်ကောင်စီတပ်မှ၄၃၀ ဦး ကျော် သေဟု NUG ထုတ်ပြန်

စစ်ဒေသ(၁)နယ်မြေများဖြစ်သည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်းတိုက်ပွဲပေါင်း (၃၆၂) ကြိမ် ဖြစ်ပွားခဲ့သည်ဟု​ဖော်ပြထားသည်။

(မန္တ​လေးပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(MPDF)မှတပ်ဖွဲ့ဝင်များ နှင့် အမှတ် (၁)စစ်​ဒေသ ၂၀၂၃ ဇန်နဝါရီလ တိုက်ပွဲအ​ခြေအ​နေပြအင်ဖိုဂရပ်။ ဓါတ်ပုံ/အင်ဖိုဂရပ်-MPDF၊NUG-MOD)
(မန္တ​လေးပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(MPDF)မှတပ်ဖွဲ့ဝင်များ နှင့် အမှတ် (၁)စစ်​ဒေသ ၂၀၂၃ ဇန်နဝါရီလ တိုက်ပွဲအ​ခြေအ​နေပြအင်ဖိုဂရပ်။ ဓါတ်ပုံ/အင်ဖိုဂရပ်-MPDF၊NUG-MOD)

▪︎တော်လှန်ရေးရဲဘော် ၂၇ဦး ကျဆုံးခဲ့ဟု အသိပေး

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အမှတ်(၁) စစ်ဒေသ ၌ ဇန်နဝါရီလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၃၀ ကျော်သေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။

စစ်ဒေသ(၁)နယ်မြေများဖြစ်သည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်းတိုက်ပွဲပေါင်း (၃၆၂) ကြိမ် ဖြစ်ပွားခဲ့သည်ဟု​ဖော်ပြထားသည်။

(မန္တ​လေးပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(MPDF)မှတပ်ဖွဲ့ဝင်များ နှင့် အမှတ် (၁)စစ်​ဒေသ ၂၀၂၃ ဇန်နဝါရီလ တိုက်ပွဲအ​ခြေအ​နေပြအင်ဖိုဂရပ်။ ဓါတ်ပုံ/အင်ဖိုဂရပ်-MPDF၊NUG-MOD)
(မန္တ​လေးပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(MPDF)မှတပ်ဖွဲ့ဝင်များ နှင့် အမှတ် (၁)စစ်​ဒေသ ၂၀၂၃ ဇန်နဝါရီလ တိုက်ပွဲအ​ခြေအ​နေပြအင်ဖိုဂရပ်။ ဓါတ်ပုံ/အင်ဖိုဂရပ်-MPDF၊NUG-MOD)

တိုက်ပွဲ ၃၆၀ ကျော်အနက် ထိတွေ့တိုက်ပွဲ ၂၅၃ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု ၈၂ကြိမ်၊ ဒရုန်းဖြင့် တိုက်ခိုက်မှု ၁၉ ကြိမ် ၊ စစ်ကောင်စီတပ်မှ လေကြောင်း တိုက်ခိုက်မှု ၈ ကြိမ် ပါဝင်ကြောင်း ထုတ်ပြန်ထားသည်။

ယင်းတိုက်ပွဲများ၌ ရန်သူ (၄၃၈) ဦး သေဆုံးကာ ၅၅၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း NUG ကာကွယ်ရေးက ထုတ်ပြန်ခဲ့ပြီး တော်လှန်ရေးရဲဘော် ၂၇ဦး ကျဆုံးကာ ၄၅ ဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ရန်သူ့ထံမှလက်နက်မျိုးစုံ (၂၅)လက်အပါအဝင်ခဲယမ်းမီးကျောက် အမြောက်အများ သိမ်းဆည်းရမိခဲ့ကြောင်း လည်းသိရသည်။

(မန္တ​လေးပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(MPDF)မှတပ်ဖွဲ့ဝင်များ နှင့် အမှတ် (၁)စစ်​ဒေသ ၂၀၂၃ ဇန်နဝါရီလ တိုက်ပွဲအ​ခြေအ​နေပြအင်ဖိုဂရပ်။ ဓါတ်ပုံ/အင်ဖိုဂရပ်-MPDF၊NUG-MOD)
(မန္တ​လေးပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(MPDF)မှတပ်ဖွဲ့ဝင်များ နှင့် အမှတ် (၁)စစ်​ဒေသ ၂၀၂၃ ဇန်နဝါရီလ တိုက်ပွဲအ​ခြေအ​နေပြအင်ဖိုဂရပ်။ ဓါတ်ပုံ/အင်ဖိုဂရပ်-MPDF၊NUG-MOD)

“နိုဝင်ဘာလကုန်ပိုင်းလောက်စပြီး တပ်ရင်းတွေကို ခရိုင်တပ်ရင်းတွေအဖြစ်ပြောင်းလဲပြီး စစ်ဒေသမှုးကွပ်ကဲမှုအောက်ကို ရောက်အောင်ကြိုးစားခဲ့ကြတယ်။ စွမ်းရည်မြှင့်အောင်လည်း မွမ်းမံတွေထပ်တက်လာရတယ်”ဟု ဂန့်ဂေါခရိုင်တပ်ရင်းတစ်ခုမှ တပ်ရင်းမှူးကပြောသည်.

အဆိုပါတိုက်ပွဲများကို အမှတ်(၁)စစ်ဒေသကွပ်ကဲမှအောက်ရှိ PDF၊ ပကဖနှင့် EROs ပူးပေါင်းအဖွဲ့များက ဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

(မန္တ​လေးပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(MPDF)မှတပ်ဖွဲ့ဝင်များ နှင့် အမှတ် (၁)စစ်​ဒေသ ၂၀၂၃ ဇန်နဝါရီလ တိုက်ပွဲအ​ခြေအ​နေပြအင်ဖိုဂရပ်။ ဓါတ်ပုံ/အင်ဖိုဂရပ်-MPDF၊NUG-MOD)
(မန္တ​လေးပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(MPDF)မှတပ်ဖွဲ့ဝင်များ နှင့် အမှတ် (၁)စစ်​ဒေသ ၂၀၂၃ ဇန်နဝါရီလ တိုက်ပွဲအ​ခြေအ​နေပြအင်ဖိုဂရပ်။ ဓါတ်ပုံ/အင်ဖိုဂရပ်-MPDF၊NUG-MOD)

ဒီမတ်လထဲမှာ စစ်ကောင်စီတပ်က မကွေးတိုင်းထဲကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တာတွေ လုပ်ခဲ့ပါတယ်။ မနှစ်ကလည်း ဒီအချိန်မှာပဲ သူတို့ ထိုးစစ်တွေလုပ်ခဲ့ပါတယ်။

ပခုက္ကူခရိုင်တပ်ရင်းတစ်ခုမှတပ်ရင်းမှူးတစ်ဦးကလည်း”ဒီနှစ်မှာတော့ စစ်ကောင်စီ စစ်ကြောင်းကို ရွာတွေထဲမှာ ကြမ်းချင်တိုင်းကြမ်း၊ ရမ်းချင်တိုင်ရမ်းခွင့်မရအောင် ကာကွယ်ရေးအဖွဲ့တွေက အထိုက်အလျှောက်ဟန့်တားနိုင်ခဲ့ပါတယ်။ တိုက်ပွဲတွေက ပိုမို ပြင်းထန်လာနိုင်ပြီး PDFတွေဘက်ကလည်း အရည်အသွေးမြင့်တက်လာဖို့ ပြင်ဆင်ထားတာတွေလည်းရှိပါတယ်။” ဟုပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။