Connect with us

Hi, what are you looking for?

သတင်း

ဆောမြို့နယ် စံရွာတိုက်ပွဲ စစ်ကောင်စီတပ်သေဆုံးမှုများ၊ လေကြောင်းပစ်ကူပေး တုံ့ပြန်

မတ်လ ၃၀ရက် ညနေ ၃နာရီခွဲက တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က လေယာဉ်ဖြင့်လေးကြိမ်ဝဲကာ သုံးကြိမ်ပစ်ကူပေးတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

(ဆောမြို့နယ် စံကျေးရွာသို့ ဦးတည်လာနေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများအား မတ်လ ၂၄ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - Ĥkl Mindat)
(ဆောမြို့နယ် စံကျေးရွာသို့ ဦးတည်လာနေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများအား မတ်လ ၂၄ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - Ĥkl Mindat)

မကွေးတိုင်း ဆောမြို့နယ် စံကျေးရွာအနီးတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်(PDF)များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း ဆောဒေသခံတစ်ဦးက ပြောသည်။

မတ်လ ၃၀ရက် ညနေ ၃နာရီခွဲက တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က လေယာဉ်ဖြင့်လေးကြိမ်ဝဲကာ သုံးကြိမ်ပစ်ကူပေးတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“စကစဘက်မှ အကျအဆုံးများ၍ လေကြောင်းကူညီလာကြောင်း၊PDF များ ဘေးကင်းစွာဆုတ်ခွာနိုင်ကြောင်းကြားသိရ”ဟု ဒေသခံက ပြောသည်။

Public Service Announcement
Public Service Announcement

ယနေ့ ည ၇နာရီခန့်တွင် စစ်ကောင်စီတပ်က စံကျေးရွာအနီးရှိ စစ်ဘေးရှောင်စခန်းကို မီးရှို့နေသည်ဟု ဆိုသည်။ အဆိုပါ စစ်ရှောင်စခန်းသည် ချင်းပြည်နယ်မှ စစ်ဘေးရှောင်လာသူများ နေထိုင်သည့် စခန်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် အဆိုပါဒေသ၌ စစ်ကြောင်းနှစ်ခုဖြင့် စစ်ကြောင်းထိုး လှုပ်ရှားနေခြင်းကြောင့် ဒေသခံများ တိမ်းရှောင်နေကြရသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်