မကွေးတိုင်း ဆောမြို့နယ် စံကျေးရွာအနီးတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်(PDF)များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း ဆောဒေသခံတစ်ဦးက ပြောသည်။
မတ်လ ၃၀ရက် ညနေ ၃နာရီခွဲက တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က လေယာဉ်ဖြင့်လေးကြိမ်ဝဲကာ သုံးကြိမ်ပစ်ကူပေးတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
“စကစဘက်မှ အကျအဆုံးများ၍ လေကြောင်းကူညီလာကြောင်း၊PDF များ ဘေးကင်းစွာဆုတ်ခွာနိုင်ကြောင်းကြားသိရ”ဟု ဒေသခံက ပြောသည်။

ယနေ့ ည ၇နာရီခန့်တွင် စစ်ကောင်စီတပ်က စံကျေးရွာအနီးရှိ စစ်ဘေးရှောင်စခန်းကို မီးရှို့နေသည်ဟု ဆိုသည်။ အဆိုပါ စစ်ရှောင်စခန်းသည် ချင်းပြည်နယ်မှ စစ်ဘေးရှောင်လာသူများ နေထိုင်သည့် စခန်းဖြစ်သည်ဟု ဆိုသည်။
စစ်ကောင်စီတပ်သည် အဆိုပါဒေသ၌ စစ်ကြောင်းနှစ်ခုဖြင့် စစ်ကြောင်းထိုး လှုပ်ရှားနေခြင်းကြောင့် ဒေသခံများ တိမ်းရှောင်နေကြရသည်။
