Connect with us

Hi, what are you looking for?

သတင်း

ဆောမြို့နယ်တွင် စစ်ကောင်စီတပ်က သံဃာတော်တစ်ပါးနှင့် စစ်ရှောင်အမျိုးသမီးကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်

ဆောမြို့နယ် ဒေသခံတစ်ဦးသို့ ဆက်သွယ်မေးမြန်းရာ စံရွာမှ ဘုန်းတော်ကြီးနှင့် စစ်ရှောင်တစ်ဦး ဖမ်းဆီးခံရသည်မှာ မှန်ကန်ကြောင်း ပြောသည်။

(ဆောမြို့နယ်ရှိ စံကျေးရွာအနီးဖြတ်သန်းသွားလာနေသော စစ်ကောင်စီတပ်သားများအား မတ်လ၂၄ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - HKL-Mindat)
(ဆောမြို့နယ်ရှိ စံကျေးရွာအနီးဖြတ်သန်းသွားလာနေသော စစ်ကောင်စီတပ်သားများအား မတ်လ၂၄ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - HKL-Mindat)

မကွေးတိုင်း ဆောမြို့နယ်ရှိ စံကျေးရွာမှ သံဃာတော် တစ်ပါးနှင့် စစ်ရှောင်အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ် စစ်ကြောင်းက ဖမ်းဆီးသွားကြောင်း ဒေသခံအချို့က ပြောသည်။

ဆောမြို့နယ် ပန်းဆန်ကျေးရွာမှထွက်လာသည့် စစ်ကောင်စီတပ်များသည် တေးကျေးရွာသို့ ယနေ့ ရောက်ရှိပြီး ဘုန်းကြီးကျောင်းနှင့် ပြည်သူ့နေအိမ်များ၌ တပ်စွဲထားကြောင်း၊ စံရွာ၌ ရောက်နေသည့် စစ်ကောင်စီတပ် အင်အား ၈၀ခန့်သည် ယနေ့နံနက်တွင် ရွာတောင်ဘက် စံတောင်ရိုးဘက်သို့ ဦးတည်ထွက်ခွာသွားကြောင်း ဒေသခံတစ်ဦးက အသိပေးထားသည်။

“ရွာဦး ဘုန်းကြီးနှင့် စစ်ဘေးရှောင် ချင်းအမျိုးသမီး တစ်ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြ။ လူသားဒိုင်းအဖြစ် ရှေ့ကနေ သွားခိုင်းတယ်လို့ ကြားသိရပါတယ်။”ဟု ဒေသခံက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားအသိပေးသည်။

Public Service Announcement
Public Service Announcement

ဆောမြို့နယ် ဒေသခံတစ်ဦးသို့ ဆက်သွယ်မေးမြန်းရာ စံရွာမှ ဘုန်းတော်ကြီးနှင့် စစ်ရှောင်တစ်ဦး ဖမ်းဆီးခံရသည်မှာ မှန်ကန်ကြောင်း ပြောသည်။

Public Service Announcement

Public Service Announcement

“သူတို့ကတော့ PDF တွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး ဖမ်းတာပေါ့။ စစ်ဘေးရှောင်က ခေါင်းဆောင်ကိုလည်း ဖမ်းသွားတယ်။ ၂ဦး ဖမ်းခံရတာသိတယ်။ ဒါပဲ သိရသေးတယ်” ဟု ဒေသခံက ပြောသည်။

ထို့ပြင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာ၍ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြရကြောင်းလည်း ၎င်းက ဆိုသည်။

“စစ်ကြောင်းတွေကတော့ ဒီလိုပဲ တစ်ရွာပြီးတစ်ရွာသွားနေတာ။ စစ်ကြောင်းနှစ်ကြောင်းနဲ့။ ရွာတွေကတော့ ပြေးလွှားနေကြရတော့တာပေါ့”ဟု ဒေသခံက ပြောသည်။

လတ်တလောတွင် တိုက်ပွဲဖြစ်ပွားမှုမရှိသေးကြောင်း ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

လက်နက် ၁၁လက်၊ သုံ့ပန်း ၉ဦး၊ ယာဉ် ၃စီးနဲ့ ခဲယမ်း၊အသုံးအဆောင် ပစ္စည်းများ သိမ်းရ

သတင်း

စားဝတ်နေရေးကြပ်တည်းမှုကြောင့် လုယက်သူတွေအပြင် အဆုံးစီရင်သူတွေပါ ရှိနေ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် တံတားကြီးရပ်ကွက်မှာ ဈေးရောင်းဖို့ ထွက်လာတဲ့ လူငယ် ၃ ဦးကို (ဃ)ရပ်ကွက် ရာအိမ်မှူးအဖွဲ့ က ဖမ်း‌ဆီးပြီး စစ်မှုထမ်းစုဆောင်းတဲ့နေရာကိုပို့ဆောင်လိုက်တယ်လို့ Rangoon Scout Network-RSN ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။