Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မတ္တရာနယ်တွင် ‌မီးရှို့ဖျက်ဆီးပြန်လာသည့်စစ်ကောင်စီတပ် မိုင်းထိ

အဆိုပါ စစ်ဆင်ရေးအား တောကြီးမြွေပွေးပြောက်ကျားတပ်ဖွဲ့နှင့် ပြည်သူ့ရဲတပ်ဖွဲ့၊ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးဌာနကြီး၊ အဖွဲ့ – ၅(မတ္တရာအခြေစိုက်)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

(မြွေဟင်္သာကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(မြွေဟင်္သာကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ မြွေဟင်္သာကျေးရွာ မီးရှို့ဖျက်ဆီးပြီး ပြန်လာသည့် စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ရာ ခြောက်ဦးသေဆုံးကြောင်း တောကြီးမြွေပွေးပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်တီက ပြောသည်။

မတ္တရာမြို့နယ် မြွေပုံကန်ကျေးရွာနှင့် စဥ့်ကူးမြို့နယ် ကျွန်းကြီးကျေးရွာများအား စစ်ကြောင်းထိုးဝင်ရောက်ခဲ့သော စစ်ကောင်စီတပ်သည် မတ်လ ၂၈ ရက် ညနေ ၃ နာရီခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြွေဟင်္သာကျေးရွာရှိ နေအိမ် ၂ဝခန့် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဗိုလ်တီက ပြောသည်။

စစ်ကောင်စီတပ်သည် မီးရှို့ပြီးနောက် စကျင်ရွာ၌ ညအိပ်တပ်စွဲပြီး ယမန်နေ့ (မတ်လ ၂၉ ရက်) နံနက်ပိုင်းတွင် မတ္တရာမြို့ဘက်သို့ ယာဥ် ငါးစီး၊ အင်အား ၇၀ ကျော်ဖြင့် ပြန်လည်ဆုတ်ခွာလာခဲ့သ​ည်။

Public Service Announcement
Public Service Announcement

အဆိုပါ ယာဥ်တန်းကို နံနက် ၇နာရီ မိနစ် ၄၀ခန့်က မတ္တရာ – မိုးကုတ်သွားလမ်းရှိ တံတားဖြူတံတားအနီး၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ခြောက်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ဗိုလ်တီက ပြောသည်။

Public Service Announcement

Public Service Announcement

” ကား ငါးစီးလုံး မြို့ထဲဝင်သွားတယ်။ သုံးစီးကတော့ လမ်းပေါ်မှာတင်နေခဲ့ပြီး နှစ်စီးကတော့ တခါတည်း မတ္တရာမြို့ဆေးရုံထဲကို ဝင်တယ်။ လူနာတွေကို ချတယ်။ သူတို့ရောက်တော့အရင်ဆေးရုံထဲမှာရှိတဲ့ လူနာတချိူ့ကို အထဲမှာ တင်ပိတ်ထားလိုက်တော့တာ။အကုန်လုံးက စစ်သားတွေချည်မဟုတ်ဘူး။ ရဲတွေလည်းပါတယ်။ အမျိုးသမီး သုံးယောက်လည်းပါတယ်။”ဟု ဗိုလ်တီက ပြောသည်။

အဆိုပါ စစ်ဆင်ရေးအား တောကြီးမြွေပွေးပြောက်ကျားတပ်ဖွဲ့နှင့် ပြည်သူ့ရဲတပ်ဖွဲ့၊ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးဌာနကြီး၊ အဖွဲ့ – ၅(မတ္တရာအခြေစိုက်)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ယနေ့ (မတ်လ ၃၀ရက်) နံနက်ပိုင်းတွင် မတ္တရာမြို့နယ် အရှေ့ကင်းရွာတွင်တပ်စွဲထား‌သော စစ်ကောင်စီတပ်များသည် ​အောင်ချမ်းသာ‌ကျေးရွာအတွင်း ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ထို့အပြင် တောင်ကန်ကျေးရွာဘက်တွင်လည်း ပစ်ခတ်စီးနင်းဝင်ရောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။