Connect with us

Hi, what are you looking for?

သတင်း

မတ္တရာနယ်တွင် ‌မီးရှို့ဖျက်ဆီးပြန်လာသည့်စစ်ကောင်စီတပ် မိုင်းထိ

အဆိုပါ စစ်ဆင်ရေးအား တောကြီးမြွေပွေးပြောက်ကျားတပ်ဖွဲ့နှင့် ပြည်သူ့ရဲတပ်ဖွဲ့၊ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးဌာနကြီး၊ အဖွဲ့ – ၅(မတ္တရာအခြေစိုက်)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

(မြွေဟင်္သာကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(မြွေဟင်္သာကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ မြွေဟင်္သာကျေးရွာ မီးရှို့ဖျက်ဆီးပြီး ပြန်လာသည့် စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ရာ ခြောက်ဦးသေဆုံးကြောင်း တောကြီးမြွေပွေးပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်တီက ပြောသည်။

မတ္တရာမြို့နယ် မြွေပုံကန်ကျေးရွာနှင့် စဥ့်ကူးမြို့နယ် ကျွန်းကြီးကျေးရွာများအား စစ်ကြောင်းထိုးဝင်ရောက်ခဲ့သော စစ်ကောင်စီတပ်သည် မတ်လ ၂၈ ရက် ညနေ ၃ နာရီခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြွေဟင်္သာကျေးရွာရှိ နေအိမ် ၂ဝခန့် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဗိုလ်တီက ပြောသည်။

စစ်ကောင်စီတပ်သည် မီးရှို့ပြီးနောက် စကျင်ရွာ၌ ညအိပ်တပ်စွဲပြီး ယမန်နေ့ (မတ်လ ၂၉ ရက်) နံနက်ပိုင်းတွင် မတ္တရာမြို့ဘက်သို့ ယာဥ် ငါးစီး၊ အင်အား ၇၀ ကျော်ဖြင့် ပြန်လည်ဆုတ်ခွာလာခဲ့သ​ည်။

Public Service Announcement
Public Service Announcement

အဆိုပါ ယာဥ်တန်းကို နံနက် ၇နာရီ မိနစ် ၄၀ခန့်က မတ္တရာ – မိုးကုတ်သွားလမ်းရှိ တံတားဖြူတံတားအနီး၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ခြောက်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ဗိုလ်တီက ပြောသည်။

Public Service Announcement

Public Service Announcement

” ကား ငါးစီးလုံး မြို့ထဲဝင်သွားတယ်။ သုံးစီးကတော့ လမ်းပေါ်မှာတင်နေခဲ့ပြီး နှစ်စီးကတော့ တခါတည်း မတ္တရာမြို့ဆေးရုံထဲကို ဝင်တယ်။ လူနာတွေကို ချတယ်။ သူတို့ရောက်တော့အရင်ဆေးရုံထဲမှာရှိတဲ့ လူနာတချိူ့ကို အထဲမှာ တင်ပိတ်ထားလိုက်တော့တာ။အကုန်လုံးက စစ်သားတွေချည်မဟုတ်ဘူး။ ရဲတွေလည်းပါတယ်။ အမျိုးသမီး သုံးယောက်လည်းပါတယ်။”ဟု ဗိုလ်တီက ပြောသည်။

အဆိုပါ စစ်ဆင်ရေးအား တောကြီးမြွေပွေးပြောက်ကျားတပ်ဖွဲ့နှင့် ပြည်သူ့ရဲတပ်ဖွဲ့၊ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးဌာနကြီး၊ အဖွဲ့ – ၅(မတ္တရာအခြေစိုက်)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ယနေ့ (မတ်လ ၃၀ရက်) နံနက်ပိုင်းတွင် မတ္တရာမြို့နယ် အရှေ့ကင်းရွာတွင်တပ်စွဲထား‌သော စစ်ကောင်စီတပ်များသည် ​အောင်ချမ်းသာ‌ကျေးရွာအတွင်း ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ထို့အပြင် တောင်ကန်ကျေးရွာဘက်တွင်လည်း ပစ်ခတ်စီးနင်းဝင်ရောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်က အာဏာသိမ်းစစ်တပ်စစ်ကြောင်း မိုင်းထိပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ရန်ကုန်-မန္တလေး အမှတ်(၂) လမ်းပိုင်းမှာ စစ်ကား ၁စီး မိုင်းထိပြီး သေဆုံးသူများနိုင်တယ်လို့ တောင်တွင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ(ပုဏ္ဏဝတီ ) တာ၀န်ရှိသူက ပြောပါတယ်။