Connect with us

Hi, what are you looking for?

သတင်း

ထုံခါ – မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်း၌ စစ်ရေးတင်းမာနေ၍ ဖြတ်သန်းခွင့် ယာယီပိတ်

အဆိုပါလမ်းပိုင်းတွင် စစ်ကောင်စီတပ် ခြေကျင်စစ်ကြောင်းအပြင် စစ်ယာဥ်တန်းဖြင့်ပါ စစ်ကြောင်းထိုးဝင်ရောက်နေပြီး လမ်းသွားလမ်းလာ ပြည်သူများအား ပစ်ခတ်ဖမ်းဆီးခြင်းများ ရှိနေသည်ဟု ဆိုသည်။

(ထုံခါ-မောတောင်လမ်းပိုင်းတစ်နေရာအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ထုံခါ-မောတောင်လမ်းပိုင်းတစ်နေရာအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

တနင်္သာရီမြို့နယ် ထုံခါ-မောတောင်လမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား စစ်ရေးပြင်းထန်နေ၍ လမ်းပိုင်းအား ယာယီဖြတ်သန်းခွင့်ပိတ်လိုက်ကြောင်း မြိတ်ခရိုင် PDF တပ်ရင်း (၂)က အသိပေး ထုတ်ပြန်သည်။

အဆိုပါလမ်းပိုင်းတွင် စစ်ကောင်စီတပ် ခြေကျင်စစ်ကြောင်းအပြင် စစ်ယာဥ်တန်းဖြင့်ပါ စစ်ကြောင်းထိုးဝင်ရောက်နေပြီး လမ်းသွားလမ်းလာ ပြည်သူများအား ပစ်ခတ်ဖမ်းဆီးခြင်းများ ရှိနေသည်ဟု ဆိုသည်။

ထို့ကြောင့် ထုံခါ-မောတောင် နယ်စပ်ကုန်သွယ် ရေးလမ်းပိုင်းဖြတ်သန်းသွားလာခွင့်အား မတ်လ ၃၁ရက်ကစပြီး ယာယီပိတ်လိုက်ကြောင်း မြိတ်ခရိုင် PDF တပ်ရင်း (၂)က အသိပေးသည်။

“(စစ်တပ်စစ်ကြောင်း)ခြေလျင်သွားပြီး နောက်ကကားနဲ့လိုက်နေတာပါ။ အခုလောလောဆယ် တိုက်ပွဲထဲက တပ်စိတ်နဲ့ ဆက်သွယ်မရသေးလို့ အသေးစိပ်မပြောနိုင်သေးဘူး”ဟု တပ်ရင်း (၂)မှ တာဝန်ရှိသူက People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိအခြေအနေတွင် ထုံခါ-မောတောင်လမ်းပိုင်း၌ တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သောကြောင့် လမ်းပိုင်းဖြတ်သန်းခွင့်အား သက်ဆိုင်ရာတော်လှန်ရေးအဖွဲ့အစည်းများက ပြန်လည်သွားလာခွင့်မပြုမချင်း ဖြတ် သန်းသွားလာခြင်းမလုပ်ကြရန်လည်း မြိတ်ခရိုင် တပ်ရင်း (၂)က သတိပေးထားသည်။

အထက်ပါ ထုံခါ-မောတောင်လမ်းပိုင်းအတွင်း ဖြစ်ပွားလျှက်ရှိသော တိုက်ပွဲအခြေအနေများအား အသေးစိပ်မသိရသေးဘဲ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်းဆောင်းပါး

အိန္ဒိယနဲ့မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ ကုန်သွယ်မှုအနည်းဆုံးဖြစ်တဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့ကနယ်စပ်ဂိတ်ကို အာဏာသိမ်းစစ်တပ်က မကြာမီ ပြန်ဖွင့်တော့မယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်ထိုးစစ်ခုခံရင်း တော်လှန်ရေးရဲဘော် ၅၀ ကျော် ကျဆုံး၊ စစ်တပ်က ၅၀၀ ကျော်သေ၊ အလင်းဝင်သူနဲ့ ဖမ်းမိသူ ၁၀၀ ခန့်ရှိဟု ထုတ်ပြန်

သတင်း

မြန်မာဖက်ခြမ်းက စစ်ရေးတင်းမာမှုတွေကြောင့်နယ်စပ်နားက စာသင်ကျောင်းတစ်ကျောင်းကို ပိတ်ထားလိုက်ကြောင်းထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

သတင်း

တစ်နှစ်နီးပါးကြာပိတ်ထားခဲ့ရတဲ့ကရင်ပြည်နယ်၊မြ၀တီမြို့ရှိထိုင်း-မြန်မာအမှတ်(၂)ချစ်ကြည်ရေးတံတားကိုဒီနေ့(မေလ ၂၈ ရက်)နေ့မနက်ပိုင်းမှာပြန်လည်ဖွင့်လှစ်လိုက်ပြီလို့မြ၀တီမြို့ခံတွေရဲ့ပြောချက်အရသိရပါတယ်။