Connect with us

Hi, what are you looking for?

သတင်း

ထုံခါ – မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်း၌ စစ်ရေးတင်းမာနေ၍ ဖြတ်သန်းခွင့် ယာယီပိတ်

အဆိုပါလမ်းပိုင်းတွင် စစ်ကောင်စီတပ် ခြေကျင်စစ်ကြောင်းအပြင် စစ်ယာဥ်တန်းဖြင့်ပါ စစ်ကြောင်းထိုးဝင်ရောက်နေပြီး လမ်းသွားလမ်းလာ ပြည်သူများအား ပစ်ခတ်ဖမ်းဆီးခြင်းများ ရှိနေသည်ဟု ဆိုသည်။

(ထုံခါ-မောတောင်လမ်းပိုင်းတစ်နေရာအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ထုံခါ-မောတောင်လမ်းပိုင်းတစ်နေရာအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

တနင်္သာရီမြို့နယ် ထုံခါ-မောတောင်လမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား စစ်ရေးပြင်းထန်နေ၍ လမ်းပိုင်းအား ယာယီဖြတ်သန်းခွင့်ပိတ်လိုက်ကြောင်း မြိတ်ခရိုင် PDF တပ်ရင်း (၂)က အသိပေး ထုတ်ပြန်သည်။

အဆိုပါလမ်းပိုင်းတွင် စစ်ကောင်စီတပ် ခြေကျင်စစ်ကြောင်းအပြင် စစ်ယာဥ်တန်းဖြင့်ပါ စစ်ကြောင်းထိုးဝင်ရောက်နေပြီး လမ်းသွားလမ်းလာ ပြည်သူများအား ပစ်ခတ်ဖမ်းဆီးခြင်းများ ရှိနေသည်ဟု ဆိုသည်။

ထို့ကြောင့် ထုံခါ-မောတောင် နယ်စပ်ကုန်သွယ် ရေးလမ်းပိုင်းဖြတ်သန်းသွားလာခွင့်အား မတ်လ ၃၁ရက်ကစပြီး ယာယီပိတ်လိုက်ကြောင်း မြိတ်ခရိုင် PDF တပ်ရင်း (၂)က အသိပေးသည်။

“(စစ်တပ်စစ်ကြောင်း)ခြေလျင်သွားပြီး နောက်ကကားနဲ့လိုက်နေတာပါ။ အခုလောလောဆယ် တိုက်ပွဲထဲက တပ်စိတ်နဲ့ ဆက်သွယ်မရသေးလို့ အသေးစိပ်မပြောနိုင်သေးဘူး”ဟု တပ်ရင်း (၂)မှ တာဝန်ရှိသူက People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိအခြေအနေတွင် ထုံခါ-မောတောင်လမ်းပိုင်း၌ တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သောကြောင့် လမ်းပိုင်းဖြတ်သန်းခွင့်အား သက်ဆိုင်ရာတော်လှန်ရေးအဖွဲ့အစည်းများက ပြန်လည်သွားလာခွင့်မပြုမချင်း ဖြတ် သန်းသွားလာခြင်းမလုပ်ကြရန်လည်း မြိတ်ခရိုင် တပ်ရင်း (၂)က သတိပေးထားသည်။

အထက်ပါ ထုံခါ-မောတောင်လမ်းပိုင်းအတွင်း ဖြစ်ပွားလျှက်ရှိသော တိုက်ပွဲအခြေအနေများအား အသေးစိပ်မသိရသေးဘဲ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းဒေသတွင် ဒုတိယမြောက်နေ့ စစ်ရေးဆက်လက်တင်းမာနေပြီး ဒေသခံများ စစ်ရှောင်ရန်ကြိုးပမ်းနေသလို နေအိမ်များအတွင်းပိတ်မိနေ၍ စားနပ်ရိက္ခာလိုအပ်ချက်များရှိနေသည်ဟု သတင်းရရှိသည်။

သတင်း

​နေရာ ၈ နေရာ၌ ထိတွေ့တိုက်ပွဲရှိခဲ့ပြီး နှစ်ဖက်ရဲဘော်များ ထိခိုက်မှုရှိ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထိန်းချုပ်ထားသည့် လွယ်ဂျယ် နှင့် မိုင်ဂျာယန်နယ်စပ်ဂိတ်မှ လူသုံးကုန် နှင့် စားဆီ သယ်ယူပို့ဆောင်ခွင့်ကို တရုတ်ဖက်မှ ခွင့်ပြုလိုက်ကြောင်း ဒေသခံများကပြောသည်။

သတင်း

စစ်ရေးပိုမိုတင်းမာလာပြီး စစ်ကောင်စီ​၏ လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင် စစ်ကြောင်းလှုပ်ရှားမှုများလာသည့် ပြည်ခရိုင် အတွင်း၌ ဒေသခံများအနေဖြင့် ဗုံးခိုကျင်းတူးထားကြရန်အပါအဝင် အချက် ၈ချက်ပါ သတိပေးချက်ကို ပြည်ခရိုင်တပ်ရင်း(၃၆၀၂)က ထုတ်ပြန်သည်။