Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီပဲယင်းအနောက်ခြမ်းတွင် စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ပစ်ခတ်နေ၍ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကောင်စီတပ်သည် မတ်လ ၂၇ ရက်မှစ၍ ဘုတလင်မြို့မှ အင်အား ၁၂၀ခန့်ဖြင့် ထွက်လာပြီး စိုင်ပြင် – ဒီပဲယင်း လမ်းတစ်လျှောက်ကျေးရွာများသို့ စစ်ကြောင်းထိုးလာ၍ ကျေးရွာ ၁၀ရွာအထက်ရှိ ဒေသခံများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောသည်။

(ထွက်ပြေးတိမ်းရှောင်နေရသည့် ဒီပဲယင်းမြို့နယ်အနောက်ခြမ်းနေ ပြည်သူများ။ ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အနောက်ခြမ်းတွင် စစ်ကောင်စီတပ်က Mi 35 ရဟတ်ယာဥ်ဖြင့် ပစ်ခတ်နေ၍ ဒေသခံပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနှင့် အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီတပ်သည် မတ်လ ၂၇ ရက်မှစ၍ ဘုတလင်မြို့မှ အင်အား ၁၂၀ခန့်ဖြင့် ထွက်လာပြီး စိုင်ပြင် – ဒီပဲယင်း လမ်းတစ်လျှောက်ကျေးရွာများသို့ စစ်ကြောင်းထိုးလာ၍ ကျေးရွာ ၁၀ရွာအထက်ရှိ ဒေသခံများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောသည်။

(ထွက်ပြေးတိမ်းရှောင်နေရသည့် ဒီပဲယင်းမြို့နယ်အနောက်ခြမ်းနေ ပြည်သူများ။ ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး)
(ထွက်ပြေးတိမ်းရှောင်နေရသည့် ဒီပဲယင်းမြို့နယ်အနောက်ခြမ်းနေ ပြည်သူများ။ ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး)

စစ်ကောင်စီစစ်ကြောင်းသည် ဒီပဲယင်းအနောက်ခြမ်းရှိ စိုင်ပြင်၊ ဂွေးပင်ကုန်း၊ ရွှေဒါးကန်၊ ကျောက်ဖျာ၊ မကြီးစောက်၊ ကျခတ်၊ ပျံကျ၊ ကြည်၊ ဘုရားထွက် စသော ကျေးရွာများသို့ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေပြီး စစ်ကြောင်းနှင့်ပါလာသော ဘူဒိုဇာ ၂ စီးဖြင့် လမ်းမများကိုပါ ဖျက်ဆီးနေကြောင်း ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောသည်။

ထို့အပြင် ယမန်နေ့ ညနေက မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီးဖြင့် ကြည် ဘုရားထွက် ကျေးရွာများတဝိုက် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ အနီးတဝိုက်ကျေးရွာများပြည်သူများ ထပ်မံထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်အထိ ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသေးဟု အထက်ပါအဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

(ထွက်ပြေးတိမ်းရှောင်နေရသည့် ဒီပဲယင်းမြို့နယ်အနောက်ခြမ်းနေ ပြည်သူများ။ ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး)
(ထွက်ပြေးတိမ်းရှောင်နေရသည့် ဒီပဲယင်းမြို့နယ်အနောက်ခြမ်းနေ ပြည်သူများ။ ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး)

အဆိုပါ စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFများ မှာ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက အထိနာ၍ MI35 ဖြင့်ပါပစ်ခတ်ခဲ့ခြင်းဖြစ်​ကြောင်း အဖြူရောင် DPYအဖွဲ့က ပြောသည်။

ယင်းစစ်ကြောင်းသည် ဒီပဲယင်းတောင်ဘက် ကြည်ဘုရားထွက်ရွာ တစ်ဝိုက်တပ်စွဲနေပြီး စစ်ဘေးရှောင်ပြည်သူများ ရက်အတန်ကြာစစ်ဘေးတိမ်းရှောင်နေရသဖြင့် စားနပ်ရိက္ခာအခက်အခဲများ ကြုံတွေ့နေကြောင်း ဒေသခံများက ပြောသည်။

(ထွက်ပြေးတိမ်းရှောင်နေရသည့် ဒီပဲယင်းမြို့နယ်အနောက်ခြမ်းနေ ပြည်သူများ။ ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး)
(ထွက်ပြေးတိမ်းရှောင်နေရသည့် ဒီပဲယင်းမြို့နယ်အနောက်ခြမ်းနေ ပြည်သူများ။ ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး)

“နီးစပ်တဲ့ရွာတွေက Camp တွေကနေချက်ကျွေးကြရတာပါ။ တချို့အဆင်မပြေတဲ့ Camp ကျ ထမင်းထုပ်လောက်ဝေရတာပေါ့။ အခုက ရှောင်ရတာ ၆ ရက်လောက်ရှိပြီဆိုတော့ ရွာခံချက်ကျွေးနေရတာတွေလည်း အခက်အခဲဖြစ်တာပေါ့။ လက်တလော စစ်ဘေးရှောင် Camp ၆ ခုစာအတွက် အရေးပေါ်စားနပ်ရိက္ခာများ ကူညီထောက်ပံ့နေပါတယ်။ ဆက်လက်ကူညီထောက်ပံ့ဖို့ အခက်အခဲများစွာကြုံတွေ့နေရပါတယ်။”ဟု ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောသည်။

(ထွက်ပြေးတိမ်းရှောင်နေရသည့် ဒီပဲယင်းမြို့နယ်အနောက်ခြမ်းနေ ပြည်သူများ။ ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး)
(ထွက်ပြေးတိမ်းရှောင်နေရသည့် ဒီပဲယင်းမြို့နယ်အနောက်ခြမ်းနေ ပြည်သူများ။ ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး)

ထို့ကြောင့် ပြည်တွင်း၊ပြည်ပမှ စေတနာရှင် အလှူရှင်များအနေဖြင့် စစ်ဘေးရှောင်များအတွက် ဒီပဲယင်းအခြေစိုက်မည်သည့်အဖွဲ့နှင့်မဆိုဆက်သွယ်၍ တတ်စွမ်းသရွေ့ပါဝင်ကူညီပေးကြပါရန် ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က မေတ္တာရပ်ခံသည်။

(ထွက်ပြေးတိမ်းရှောင်နေရသည့် ဒီပဲယင်းမြို့နယ်အနောက်ခြမ်းနေ ပြည်သူများ။ ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး)

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။