Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အောင်မင်္ဂလာအဝေးပြေးကားကွင်း အမှတ်(၂) စစ်ဆေးရေးဂိတ် ဖောက်ခွဲတိုက်ခိုက်

အသက်‌လျော်ကြေး စစ်ဆင်ရေးသည် မတရား သဖြင့် သေဒဏ်ချမှတ်ခံရသော ရဟန်းရှင်လူများနှင့် ကျောင်းသားများအတွက် လက်စားခြေသည့်အနေဖြင့် ရည်ရွယ်လုပ်ဆောင်သည့် စစ်ဆင်ရေးဖြစ်သည်။

အောင်မင်္ဂလာအဝေးပြေးကားကွင်း အမှတ်(၂) စစ်ဆေးရေးဂိတ် ဖောက်ခွဲတိုက်ခိုက်
အောင်မင်္ဂလာအဝေးပြေးကားကွင်း အမှတ်(၂) စစ်ဆေးရေးဂိတ် ဖောက်ခွဲတိုက်ခိုက်

▪️ရဲနှစ်ဦး ထိခိုက်ဟု YUA ပြော

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာအဝေးပြေးကားကွင်း အမှတ်(၂)စစ်ဆေးရေးဂိတ် ဖောက်ခွဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီလက်‌အောက်ခံ ရဲနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း Yangon UG Association တာဝန်ခံ ဆရာကျောင်းက ပြောသည်။

“အဲဒီ့နားမှာက စစ်ဆေးတယ်ဆိုတာထပ်ကို ဗြောင်ပိုက်ဆံတောင်းနေတဲ့ဂိတ် ။ စောင့်ကြည့်နေတာလည်းကြာပြီ။ ဒီဘက်မှာကျတော့ အများပြည်သူက ဥဒဟိုသွားနေတာဆိုတော့ တော်တော်လေးချင့်ချိန်ပြီးမှလုပ်ဖြစ်တာ။ အခုက သူတို့ကတဖြည်းဖြည်းဆိုးလာတဲ့အတွက် ထိခိုက်မှုအများဆုံးဖြစ်အောင်လုပ်လိုက်ဝာာ”ဟု ၎င်းက ပြောသည်။

အဆိုပါစစ်ဆင်ရေးကို ဧပြီ ၁ရက် နံနက် ၉ နာရီခန့်တွင် YUA ၏ တတိယမြောက်အသက် လျော်ကြေး စစ်ဆင်ရေးအနေဖြင့် God’s Hand Forces (GHF) အဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့သားအားလုံးဘေးကင်းသည်ဟု ၎င်းကဆိုသည်။

“သင်္ကြန်နီးလာတဲ့ အချိန်မှာ စစ်ကောင်စီဘက် တော်သားတွေကို သတိပေးလိုက်တာ။ သူတို့လုပ်ချင်တာလုပ်ချင်တိုင်း လုပ်လို့မရတာကို သိစေချင်တာပါ”ဟု ဆရာကျောင်းက ပြောသည်။

Public Service Announcement

Public Service Announcement

အသက်‌လျော်ကြေး စစ်ဆင်ရေးသည် မတရား သဖြင့် သေဒဏ်ချမှတ်ခံရသော ရဟန်းရှင်လူများနှင့် ကျောင်းသားများအတွက် လက်စားခြေသည့်အနေဖြင့် ရည်ရွယ်လုပ်ဆောင်သည့် စစ်ဆင်ရေးဖြစ်သည်။

YUA အနေဖြင့် ယခင်ကလည်း အောင်မင်္ဂလာစစ်ဆင်ရေး ၊ ပြည်သူ့ကမ်းလက်စစ်ဆင်ရေး စသည့် အမည်များဖြင့် စစ်ဆင်ရေးများပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့တွင်လည်း မြို့အထွက်၌ ခရီးသွားယာဥ်များအား စစ်ဆေးတင်းကျပ်နေပြီး အထူးသဖြင့် စစ်ကိုင်းတိုင်းသို့ကူးရာ ရတနာပုံတံတားနှစ်ဘက်လုံး၌ တင်းကျပ်စွာ စစ်ဆေးနေသည်ဟု စစ်ကိုင်းဒေသခံများက ပြောသည်။

သတင်း

လက်ရှိ လူထုကြား ​သောကများ​နေကြသည့် စစ်မှုထမ်းကိစ္စကို အထူးအ​လေး​ပေးပြုလုပ်​နေကြသည့် စစ်ကောင်စီအလိုတော်ရိ ဝန်ထမ်းများ၊ ​ထွေအုပ်၊ ရပ်ကွက်အုပ်ကြီးများနှင့် လက်​​ဝေခံ ထောက်တိုင်များလည်း သတိထား​နေကြရန် ရန်ကုန်ပကဖက ပြင်းထန်စွာ သတိ​ပေးသည်။

သတင်း

တိုက်ခိုက်ခံရမှုကြောင့် စစ်ဆေးရေးဂိတ်တွင်ရှိနေသော စစ်ကောင်စီတပ်သားများမှ အနီးဝန်းကျင်သို့ သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်မှုများရှိရာ ပြည်သူထိခိုက်မှုရှိ မရှိမသိရသေးဘဲ ရဲဘော်များ ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ကြောင်း Hero ပြောက်ကျားတပ်က အသိပေးသည်။

သတင်း

ယနေ့နံနက်ပိုင်းတွင် ရွှေဘိုမြို့လေ့ကျင့်ရေး (၈)တပ်မှ အင်အား ၄၀၀ခန့်ဖြင့် ရွှေဘိုမြို့မြောက်ဘက်ခြမ်းနှင့် ခင်ဦးမြို့နယ်ဘက်သို့ စစ်ကြောင်းထိုးခဲ့ကြောင်း သတင်းရရှိသည်။