Connect with us

Hi, what are you looking for?

သတင်း

အောင်မင်္ဂလာအဝေးပြေးကားကွင်း အမှတ်(၂) စစ်ဆေးရေးဂိတ် ဖောက်ခွဲတိုက်ခိုက်

အသက်‌လျော်ကြေး စစ်ဆင်ရေးသည် မတရား သဖြင့် သေဒဏ်ချမှတ်ခံရသော ရဟန်းရှင်လူများနှင့် ကျောင်းသားများအတွက် လက်စားခြေသည့်အနေဖြင့် ရည်ရွယ်လုပ်ဆောင်သည့် စစ်ဆင်ရေးဖြစ်သည်။

အောင်မင်္ဂလာအဝေးပြေးကားကွင်း အမှတ်(၂) စစ်ဆေးရေးဂိတ် ဖောက်ခွဲတိုက်ခိုက်
အောင်မင်္ဂလာအဝေးပြေးကားကွင်း အမှတ်(၂) စစ်ဆေးရေးဂိတ် ဖောက်ခွဲတိုက်ခိုက်

▪️ရဲနှစ်ဦး ထိခိုက်ဟု YUA ပြော

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာအဝေးပြေးကားကွင်း အမှတ်(၂)စစ်ဆေးရေးဂိတ် ဖောက်ခွဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီလက်‌အောက်ခံ ရဲနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း Yangon UG Association တာဝန်ခံ ဆရာကျောင်းက ပြောသည်။

“အဲဒီ့နားမှာက စစ်ဆေးတယ်ဆိုတာထပ်ကို ဗြောင်ပိုက်ဆံတောင်းနေတဲ့ဂိတ် ။ စောင့်ကြည့်နေတာလည်းကြာပြီ။ ဒီဘက်မှာကျတော့ အများပြည်သူက ဥဒဟိုသွားနေတာဆိုတော့ တော်တော်လေးချင့်ချိန်ပြီးမှလုပ်ဖြစ်တာ။ အခုက သူတို့ကတဖြည်းဖြည်းဆိုးလာတဲ့အတွက် ထိခိုက်မှုအများဆုံးဖြစ်အောင်လုပ်လိုက်ဝာာ”ဟု ၎င်းက ပြောသည်။

အဆိုပါစစ်ဆင်ရေးကို ဧပြီ ၁ရက် နံနက် ၉ နာရီခန့်တွင် YUA ၏ တတိယမြောက်အသက် လျော်ကြေး စစ်ဆင်ရေးအနေဖြင့် God’s Hand Forces (GHF) အဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့သားအားလုံးဘေးကင်းသည်ဟု ၎င်းကဆိုသည်။

“သင်္ကြန်နီးလာတဲ့ အချိန်မှာ စစ်ကောင်စီဘက် တော်သားတွေကို သတိပေးလိုက်တာ။ သူတို့လုပ်ချင်တာလုပ်ချင်တိုင်း လုပ်လို့မရတာကို သိစေချင်တာပါ”ဟု ဆရာကျောင်းက ပြောသည်။

Public Service Announcement

Public Service Announcement

အသက်‌လျော်ကြေး စစ်ဆင်ရေးသည် မတရား သဖြင့် သေဒဏ်ချမှတ်ခံရသော ရဟန်းရှင်လူများနှင့် ကျောင်းသားများအတွက် လက်စားခြေသည့်အနေဖြင့် ရည်ရွယ်လုပ်ဆောင်သည့် စစ်ဆင်ရေးဖြစ်သည်။

YUA အနေဖြင့် ယခင်ကလည်း အောင်မင်္ဂလာစစ်ဆင်ရေး ၊ ပြည်သူ့ကမ်းလက်စစ်ဆင်ရေး စသည့် အမည်များဖြင့် စစ်ဆင်ရေးများပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ အင်းတော်ကြီးမြို့က စစ်တပ်ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးက ဂျိတ်လင်းစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီ(SNA) တပ်ဖွဲ့ဝင် အချင်းချင်း ရန်ဖြစ်ပြီး လက်ပစ်ဗုံးပေါက်ကွဲလို့ ရှမ်းနီတပ်ဖွဲ့ဝင် ၅ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးမှာလုံထန်ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ချွေးမက မူးယစ်ဆေးကြောင်ပြီး ကားမောင်းလာစဉ် MNDAAနဲ့ AA တပ်ဖွဲ့ဝင်တွေကတားဆီးချိန်ဂိတ်ကိုတိုက်ပြီးမောင်းပြေးရာ ​သေနတ်နဲ့ပစ်ခတ်လိုက်တဲ့အတွက်သေဆုံးသွားတယ်လို့သိရပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook