Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတွင် စစ်ကောင်စီတပ်သားတစ်ဦး အလင်းဝင် လာပြီး PDFနှင့်ပူးပေါင်း

စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် CDM ပြုလုပ်လာသည့် ရဲနှင့် စစ်သား တစ်သောင်းကျော်ရှိပြီး ပြည်သူ့ရင်ခွင့်တံခါးမပိတ်မီ အမြန်ဆုံးခိုလှုံကြရန် NUG ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့(ဧပြီ၂ ရက်)တွင် တိုက်တွန်းထားသည်။

(ရန်ကုန်မြို့၌ စစ်အာဏာရှင်ဆန့်ကျင် ရေးဆန္ဒပြသူများအား အာဏာသိမ်းစစ် ကောင်စီ၏ တပ်သားများက လိုက်လံပစ်ခတ်ဖြိုခွင်း နေသည်ကို ၂၀၂၁မတ်လက တွေ့ရစဥ်။ ဓာတ်ပုံ - Ye Naung Seven Colour)
(ရန်ကုန်မြို့၌ စစ်အာဏာရှင်ဆန့်ကျင် ရေးဆန္ဒပြသူများအား အာဏာသိမ်းစစ် ကောင်စီ၏ တပ်သားများက လိုက်လံပစ်ခတ်ဖြိုခွင်း နေသည်ကို ၂၀၂၁မတ်လက တွေ့ရစဥ်။ ဓာတ်ပုံ - Ye Naung Seven Colour)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် စစ်ကောင်စီတပ်သားတစ်ဦး အလင်းဝင်ရောက်ကာ ပြည်သူနှင့်အတူ ပူးပေါင်းလာကြောင်း ဆားတောင်မိုးကြိုးပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောသည်။

ရခိုင်ပြည်နယ်၊ ဂွမြို့အခြေစိုက် ခမရ (၅၆၃) တပ်ရင်းတွင် တာဝန်ထမ်းဆောင်ခဲ့သူ အသက် (၂၈)နှစ်အရွယ် စစ်ကောင်စီတပ်သား အောင်ကိုကိုဦးဆိုသူသည် စစ်ကိုင်းခရိုင်အခြေစိုက် ဆားတောင်မိုးကြိုးအဖွဲ့ထံ မတ်လ ၃၁ ရက်က အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့က ပြောသည်။

အဆိုပါတပ်သားသည် စစ်ကောင်စီလက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့၍ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ဆားတောင်မိုးကြိုးပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောသည်။

“ရခိုင်ကနေ ထွက်ပြေးလာတာပါ။ ဘာမှတော့ပါမလာပါဘူး။ လူချည်းပဲ လွတ်အောင်ပြေးလာတာလို့ပြောပါတယ်။ သူက ရဲဘော်တွေနဲ့အတူ တော်လှန်မှာပါ။ MOD နဲ့ချိတ်ဆက်ပြီးတောာ့လုပ် စရာရှိတာတွေကို စီစဥ်ဆောင်ရွက်သွားမှာပါ။”ဟု ဆားတောင်မိုးကြိုးပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် CDM ပြုလုပ်လာသည့် ရဲနှင့် စစ်သား တစ်သောင်းကျော်ရှိပြီး ပြည်သူ့ရင်ခွင့်တံခါးမပိတ်မီ အမြန်ဆုံးခိုလှုံကြရန် NUG ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့(ဧပြီ၂ ရက်)တွင် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။