Connect with us

Hi, what are you looking for?

သတင်း

အင်အား ၄၀ခန့်ပါစစ်ကောင်စီယာဉ်ကို ကော်ဘရာ စစ်ကြောင်းတိုက်ခိုက်၊ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများဟု ထုတ်ပြန်

မတ်လ ၂၅ရက်ကတည်းက ကော်ဘရာစစ်ကြောင်း နှင့် ပူးပေါင်းတပ်များက သင်္ဃန်းညီနောင် ရဲစခန်းနှင့် မြ၀တီကုန်သွယ်ရေးဇုန်အပါအဝင် ဒေသတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များကို တိုက်ခိုက်လျက်ရှိရာ ယနေ့အထိ ဆက်တိုက်စစ်ရေးပြင်းထန် နေခြင်းဖြစ်သည်။

(ကော်ဘရာစစ်ကြောင်းမှ ရဲဘော်တစ်ဦး စနိုက်ပါဖြင့် ပစ်ခတ်ရန် ချိန်ရွယ်ထားစဉ်။ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)
(ကော်ဘရာစစ်ကြောင်းမှ ရဲဘော်တစ်ဦး စနိုက်ပါဖြင့် ပစ်ခတ်ရန် ချိန်ရွယ်ထားစဉ်။ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)

သင်္ကန်းညီနောင်မှ မြဝတီမြို့သို့ပြန်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များပါရှိသော ယာဉ်အား ကော်ဘရာမှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ယင်းစစ်ကြောင်းက ထုတ်ပြန်သည်။

မတ်လ ၂၅ရက်ကတည်းက ကော်ဘရာစစ်ကြောင်း နှင့် ပူးပေါင်းတပ်များက သင်္ဃန်းညီနောင် ရဲစခန်းနှင့် မြ၀တီကုန်သွယ်ရေးဇုန်အပါအဝင် ဒေသတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များကို တိုက်ခိုက်လျက်ရှိရာ ယနေ့အထိ ဆက်တိုက်စစ်ရေးပြင်းထန် နေခြင်းဖြစ်သည်။

ယနေ့ (ဧပြီ ၃ရက်)တွင် သင်္ကန်းညီနောင်မှ မြဝတီမြို့သို့ ပြန်လာသော စကစအင်အား (၄၀)ခန့်ပါဝင်သော ဖောကားတစ်စီးအား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်တိုက်ခိုက်မှု နာရီဝက်ခန့်ဖြစ်ပွားခဲ့ကြောင်း၊ ရန်သူဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်သည်။

ယင်းတိုက်ပွဲ၌ ကော်ဘရာစစ်ကြောင်းဘက်က ထိခိုက်မှုမရှိဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ပစ်ခတ်မှုကြောင့် အနီးအနားရှိ သင်္ကန်းညီနောင်ရဲစခန်းနှင့်ပါ အပြန်အလှန်ပစ်ခတ်မှုရှိခဲ့ကြောင်းလည်း အသိပေးသည်။

ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့သည် မတ်လ ၂၅ ရက်တွင် မြ၀တီကုန်သွယ်ရေးဇုန်နှင့် သင်္ဃန်းညီနောင်ရှိစစ်ကောင်စီတပ်များအား တိုက်ခိုက်ခဲ့ရာ ထိုနေ့၌ပင် စစ်ကောင်စီဘက်က ၁၁ဦးသေဆုံးကာ ရဲမှူးအပါအဝင် ၈ဦးကို အရှင်ဖမ်းမိပြီး လက်နက် ၁၆လက်ရရှိခဲ့ကြောင်း အသိပေးထားသည်။

နောက်ပိုင်းရက်များ၌လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်နှင့် BGF တပ်မှ သေဆုံးထိခိုက်မှုများ ရှိခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook