Connect with us

Hi, what are you looking for?

သတင်း

မြဝတီ၊ ကော့ကရိတ်၊ ရွှေကုက္ကိုလ်တို့တွင် စစ်ရေးတင်းမာနေပြီး ထိုင်းဘက်သို့ထွက်ပြေးရသည့်စစ်ဘေးရှောင်တိုးလာနေ

ကော့ကရိတ်မြို့၊ ခနိမ်းမူ တံတားဦးအနီးတစ်ဝိုက်၌ ယနေ့ ဧပြီလ(၆)ရက်နေ့ နံနက်(၆)နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မွန်းလွဲပိုင်းအထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကာ နှစ်ဖက်ထိခိုက်မှုများရှိနေသည်ဟု နယ်မြေခံသတင်းရင်းမြစ်များက ပြောသည်။

KNU
KNU

ကော့ကရိတ်နှင့် မြ၀တီမြို့နယ်တို့တွင် ယနေ့ နံနက်အစောပိုင်းက စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး စစ်ဘေးရှောင်ဦးရေလည်း ပိုမိုတိုးများလာနေကြောင်း ကေအဲန်ယူနှင့်နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

ကော့ကရိတ်မြို့၊ ခနိမ်းမူ တံတားဦးအနီးတစ်ဝိုက်၌ ယနေ့ ဧပြီလ(၆)ရက်နေ့ နံနက်(၆)နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မွန်းလွဲပိုင်းအထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကာ နှစ်ဖက်ထိခိုက်မှုများရှိနေသည်ဟု နယ်မြေခံသတင်းရင်းမြစ်များက ပြောသည်။

ထို့အတူ မြ၀တီမြို့နယ် မဲကနယ်ကျေးရွာတွင်လည်း ယနေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနှင့် စစ်ကြောင်းထိုးဝင်ရောက်လာသလို လက်နက်ကြီးများဖြင့်လည်း အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြောင်း ယ်မြေခံသတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းတိုက်ပွဲကြောင့် ဒေသခံများ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လူသားချင်းစာနာမှုအကူအညီများ အရေးပေါ်လိုအပ်လျက်ရှိသည်ဟု ၄င်းတို့က ပြောကြားသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် စစ်ရေးတင်းမာမှုများရှိနေသည့် ရွှေကုက္ကိုလ်မြို့သစ်အနီး မြ၀တီ-သင်္ဃန်းညီနောင်- ဝှေ့ရှမ်း-မဲပလဲ့-ထီ့ချရား-ရွှေကုက္ကိုလ်ကားလမ်းပေါ်ရှိ ထီ့ချရားကျေးရွာတွင် ယနေ့ ဧပြီလ(၆)ရက် နံနက်အစောပိုင်း၌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ် နယ်ခြားစောင့်တပ်(BGF)ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲကြောင့် ရွှေကုက္ကိုလ်ဒေသအနီးရှိ ဒေသခံပြည်သူများ နယ်စပ်သောင်ရင်းမြစ်ကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထပ်မံကူးဖြတ်ဝင်ရောက်လာသည့်အတွက် လက်ရှိတွင် ထိုင်းနိုင်ငံဘက်ခြမ်း၌ စစ်ဘေးရှောင်ပြည်သူ(၈၀၀၀)ခန့်အထိ ရှိနေသည်ဟု ထိုင်းအာဏာပိုင်းများ၏ စာရင်းအရ သိရသည်။

ရွှေကုက္ကိုလ်မြို့သစ်အနီးရှိ ထိချရားကျေးရွာနှင့် ထိကော်ထောကျေးရွာအတွင်း နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့၏ ဂိတ်စခန်းငယ်များကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ယမန်နေ့ ဧပြီလ(၅)ရက်နေ့က ဝင်ရောက်တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုရှိသလို အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများ ပစ်ခတ်ခဲ့သည်ဟု ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ရွှေကုက္ကိုလ်မြို့အနီးနှင့် မြ၀တီမြို့အနီး သင်္ဃန်းညီနောင်ဘက်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအခြေအနေများကြောင့် မြ၀တီ-သင်္ဃန်းညီနောင်-ထို့ကော်ကိုး တောင်ပေါ်လမ်းကို အသုံးပြုသွားနေသည့် ခရီးသွားပြည်သူလူထုများအနေဖြင့် သတိပြုသွားလာနေကြရန် အသိပေးမှုများလည်း ရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်​ကောင်စီက သက်ရှိစည်းရိုး လို့ ဝါဒဖြန့်စစ်ကားဇာတ်လမ်းရိုက်ခဲ့တဲ့ မြန်မာ-ထိုင်းနယ်စပ် ဥကရစ်ထ စစ်တပ်စခန်းက စစ်သား ၁၀၀ ခန့်ဟာထိုင်းနိုင်ငံဘက်ကို ထွက်​ပြေးလာတယ်လို့ ထိုင်းနယ်စပ်ကမီဒီယာတွေက​ဖော်ပြပါတယ် ။

နိုင်ငံတကာ

နိုင်ငံရဲ့ ရိုးရာဝတ်စုံ တစ်မျိုးကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် ဖြစ်ခွင့်ရအောင် ထိုင်းအစိုးရက အဆိုပြုထားကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့အနောက်ဘက်ခြမ်းကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲ၍ လေးနှစ်အရွယ်ကလေး အပါအဝင် စစ်ဘေးရှောင် မိသားစုဝင်သုံးဦး သေဆုံးခဲ့သည်။

နိုင်ငံတကာ

ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းနဲ့ အရမ်းနီးကပ်တဲ့ ဆက်ဆံရေးမျိုး ရှိနေပြီး ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေရဲ့ အထင်ကရ ခေါင်းဆောင် တစ်ဦးလို့ ကျော်ဇောတဲ့ ခုတ်အန်းနဲ့ ဆက်စပ်တဲ့ နေရာပေါင်း ၁၉ ခုကို ထိုင်းရဲတပ်ဖွဲ့က စီးနင်း ရှာဖွေခဲ့ပြီး ပိုင်ဆိုင်မှုတွေ၊ ဇိမ်ခံကားတွေနဲ့ ငွေသား ဘတ်...