Connect with us

Hi, what are you looking for?

သတင်း

BGF ဂိတ်နှစ်ခုနှင့် စခန်းကုန်း ငါးခုကို Lion Battalion ဗျူဟာစစ်ကြောင်းနှင့် ပူးပေါင်းတပ်များ စီးနင်းတိုက်ခိုက်

ရွှေကုက္ကိုလ်မြိို့တွင် တိုက်ပွဲပြင်းထန်လာမည့်အလားအလာရှိနေ၍ အနီးဝန်းကျင်ရှိ ပြည်သူလူထုအနေဖြင့် ကြိုတင် စစ်ရှောင်ကြရန် သတင်းရင်းမြစ်က သတိပေးသည်။

(စစ်တပ်နှင့်BGF ထံမှသိမ်းဆည်းရရှိ​သောလက်နက်အချို့နှင့် BGF စခန်းအချို့ကိုမီးရှို့ဖျက်ဆီးစဥ်။ဓာတ်ပုံ-Lion Battalion)
(စစ်တပ်နှင့်BGF ထံမှသိမ်းဆည်းရရှိ​သောလက်နက်အချို့နှင့် BGF စခန်းအချို့ကိုမီးရှို့ဖျက်ဆီးစဥ်။ဓာတ်ပုံ-Lion Battalion)

ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်မြိို့အနီးရှိ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF ဂိတ်နှစ်ခုနှင့် စခန်းကုန်း ငါးခုတိို့ကို Lion Battalion ဗျူဟာစစ်ကြောင်းနှင့် ပူးပေါင်းတပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရွှေကုက္ကိုလ်မြို့ ထီးဝါးပလော၊ ထီးကော်ထောကျေးရွာများရှိ စောချစ်သူလက်အောက်ရှိ BGF ဂိတ် နှစ်ခုနှင့် စခန်းကုန်း ငါးခုတို့ကို ဧပြီ ၅ ရက် နံနက် ၅ နာရီခန့်ကတည်းက ဗိုလ်အယ်ဆေးဝါးဦးဆောင်သော Lion Battalion ဗျူဟာစစ်ကြောင်းနှင့် တော်လှန်းရေးပူးပေါင်းတပ်များက ဗျူဟာမြောက် စီးနင်းတိိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း BGF တပ်သား ၈၀ကျော်သေဆုံးကာ လက်နက်မျိုးစုံ ၇၀ကျော်ကိုလည်း သိမ်းဆည်းရရှိကြောင်း Lion Battalion ဗျူဟာစစ်ကြောင်း ပြန်ကြားရေးတာ၀န်ရှိရဲဘော်တစ်ဦးက ပြောသည်။

“အခုလောလောဆယ်ဖြစ်နေတာက BGF တွေနဲ့ဖြစ်နေတာဆိုပေမယ့် ရွှေကုက္ကိုလ်မြို့အဝင် အဝိိုင်းပေါ့နော်။ (စစ်ကောင်စီတပ်က)လက်နက်အင်အားတွေဖြည့်ပြီး ပွိုင့်ဖိုက်တွေ တပ်ဆင်ထားတာ ရှိတယ်။ စခတွေက လွှတ်လိုက်တဲ့အင်အားတွေနဲ့ ထပ်ဖြည့်ထားတာရှိတယ်။ အဲဒီမှာ သူတို့နေရာယူထားတာပေါ့”ဟု အဆိုပါရဲဘော်က ပြောသည်။

(စစ်တပ်နှင့်BGF ထံမှသိမ်းဆည်းရရှိ​သောလက်နက်အချို့နှင့် BGF စခန်းအချို့ကိုမီးရှို့ဖျက်ဆီးစဥ်။ဓာတ်ပုံ-Lion Battalion)
(စစ်တပ်နှင့်BGF ထံမှသိမ်းဆည်းရရှိ​သောလက်နက်အချို့နှင့် BGF စခန်းအချို့ကိုမီးရှို့ဖျက်ဆီးစဥ်။ဓာတ်ပုံ-Lion Battalion)

ဧပြီ ၅ ရက် နံနက်အစောပိုင်းတွင်စတင်ဖြစ်ပွားသော တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော်အချိို့ ကျဆုံးမှုရှိခဲ့ပြီး တိုက်ပွဲမှာ ယမန်နေ့အထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကာ ပြင်းထန်လာမည့် အလားအလာရှိကြောင်း ဒေသတွင်းစစ်ရေးရင်းမြစ်များက ပြောသည်။

Public Service Announcement

Public Service Announcement

Lion Battalion ဗျူဟာစစ်ကြောင်းမှ ထုတ်ပြန်ထားသော ရုပ်သံမှတ်တမ်းတွင် စီးနင်းတိုက်ခိိုက်မှုအပြီး BGF စခန်းများကို မီးရှို့ဖျက်ဆီးခဲ့ပြီး စခန်းရှိ BGF ကားများကိုလည်း သိမ်းဆည်းခဲ့ကြောင်း တွေ့ရသည်။ ဖြစ်စဥ်အသေးစိတ်ကို တိုက်ပွဲပြီးဆုံးမှသာ ထုတ်ပြန်မည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

အနာဂတ်ဒီမိုကရေစီတိုက်ပွဲအတွက် ဆက်လက်တိုက်ပွဲဝင်ပေးကြရန်နှင့် ရန်သူမှရန်သူပီသချိန်တွင် တော်လှန်ရေးအင်အားစုများအနေဖြင့်လည်း ပြတ်သားစွာ ဆောင်ရွက်ကြရန် Lion Battalion ဗျူဟာစစ်ကြောင်းက တိုက်တွန်းနှိုးဆော်ထားသည်။

ရွှေကုက္ကိုလ်မြိို့တွင် တိုက်ပွဲပြင်းထန်လာမည့်အလားအလာရှိနေ၍ အနီးဝန်းကျင်ရှိ ပြည်သူလူထုအနေဖြင့် ကြိုတင် စစ်ရှောင်ကြရန် သတင်းရင်းမြစ်က သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး-မြစ်ကြီးနားလမ်းပိုင်းပေါ်က ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် နမ့်စီးအောင်ကျေးရွာကို စစ်တပ်စစ်ကြောင်းတွေ ရောက်လာတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်မှာ စစ်ကြောင်း ၂ကြောင်းနဲ့ မီးလိုက်ရှို့နေတဲ့ စစ်တပ်က ကျေးရွာတွေ မီးရှို့ဖျက်ဆီးပြီး ဒေသခံပြည်သူတွေရဲ့ပစ္စည်းတွေသယ်ယူနေတယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီ-ကော့ကရိတ်-ဘားအံ အာရှလမ်းမကြီးကို ဧပြီလ ၂ ရက်မှာ စစ်ကောင်စီ က လမ်းပြန်ဖွင့်လိုက်ပေမယ့် စစ်တပ်ဂိတ်နဲ့ BGF ဂိတ်က ခရီးသွားကားတွေကို ငွေကျပ်သောင်းဂဏန်းအထိတောင်းခံနေတယ်လို့ ခရီးသွားအချို့ဆီကသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ထီးချိုင့်မြို့အနီက တော်လှန်ရေးတပ်‌တွေထိန်းချုပ်ထားတဲ့ နေရာအချို့ကို စစ်တပ်ကပြန်ထိန်းချုပ်ပြီးနောက် စစ်ကြောင်းတွေဟာ ကသာနဲ့ အင်းတော်မြို့ကို ဦးတည်နေပါတယ်။