Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းလှရှိ ကပစ (၁၀)ကိုရှော့တိုက်ဒုန်းနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ဟု PRA-Magway ပြော

ယမန်နေ့ (ဧပြီ ၇ ရက်နေ့) ည ၈ နာရီခွဲက မင်းလှမြို့နယ် ကပစ (၁၀)တပ်ဝန်းအား PRA-မ​ကွေး နှင့် အ ထက်မင်းလှ ပ.က.ဖ၊ မကွေးတောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(SMPDF)တို့ပူးပေါင်း၍ ၁၀၇ မမ ရှော့တိုက်ဒုန်းနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ် သည်။

(​​ရှော့တိုက်ဒုံးနှင့်အတူ​တွေ့ရ​သော PDF တစ်ဦးနှင့် ကပစစက်ရုံဝန်းကျင်​ကို​မြေပုံတွင်​တွေ့ရမှု)
(​​ရှော့တိုက်ဒုံးနှင့်အတူ​တွေ့ရ​သော PDF တစ်ဦးနှင့် ကပစစက်ရုံဝန်းကျင်​ကို​မြေပုံတွင်​တွေ့ရမှု)

မကွေးတိုင်းအထက် မင်းလှမြို့နယ်အခြေစိုက် စစ်​ကောင်စီ၏ကာကွယ်ရေးပစ္စည်းထုပ်လုပ်ရေးစက်ရုံ( ကပစ) (၁၀)အား ညီနောင်မဟာမိတ်တပ်ဖွဲ့များနှင့်အတူ တပ်ဝန်းထဲအထိဝင်ရောက်ပြီး ရှော့တိုက်ဒုန်းနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း People’s Revolution Alliance (PRA-Magway)မှတာဝန်ရှိသူကပြောသည်။

ယမန်နေ့ (ဧပြီ ၇ ရက်နေ့) ည ၈ နာရီခွဲက မင်းလှမြို့နယ် ကပစ (၁၀)တပ်ဝန်းအား PRA-မ​ကွေး နှင့် အ ထက်မင်းလှ ပ.က.ဖ၊ မကွေးတောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(SMPDF)တို့ပူးပေါင်း၍ ၁၀၇ မမ ရှော့တိုက်ဒုန်းနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ် သည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအတွင်း ကပစ (၁၀)ရှိ စက် ရုံအဆောက်အအုံများ မီးလောင်ပျက်စီးကာ ရန်သူထိ ခိုက်သေဆုံးမှုရှိနိုင်ကြောင်း PRA-Magway က အသိပေးသည်။

(​​ရှော့တိုက်ဒုံးနှင့်အတူ​တွေ့ရ​သော PDF တစ်ဦးနှင့် ကပစစက်ရုံဝန်းကျင်​ကို​မြေပုံတွင်​တွေ့ရမှု)
(​​ရှော့တိုက်ဒုံးနှင့်အတူ​တွေ့ရ​သော PDF တစ်ဦးနှင့် ကပစစက်ရုံဝန်းကျင်​ကို​မြေပုံတွင်​တွေ့ရမှု)

“ပစ်ခတ်မှုကြောင့် ရန်သူကျဆုံးမှုရှိနိုင်တာကိုတော့ မြေပြင်အတည်ပြုချက်တွေအရ သိရပါပြီ။ ထိခိုက်ပျက်စီးမှုအသေးစိပ်ကိုတော့ ကျနော်တို့ ဆက်လက်စုံစမ်းနေပါတယ်ခင်ဗျာ။ ပြည့်ပြည့်စုံစုံသိရတာနဲ့ နောက် ဆက်တွဲထုတ်ပြန်ချက် ထုတ်ပြန်ပါမယ်ခင်ဗျ”ဟု PRA-Magway မှ ပြန်ကြားရေးတာဝန်ခံက People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါကပစ (၁၀)အားတိုက်ခိုက်ချိန်တွင်စက်ရုံအတွင်းတရုတ်၊ ရုရှားနှင့် မြောက်ကိုရီးယားနိုင်ငံသားများအပါအဝင် ထုတ်လုပ်ရေးပညာရှင်များရှိနေသည်ကိုသိရှိရကြောင်း PRA-Magway ကဆိုသည်။

သို့သော် ယခုတိုက်ခိုက်မှုသည် စက်လက်ထုတ်လုပ်ရေးစက်ရုံသို့ နိုင်ငံခြားသားပညာရှင်များရောက်ရှိနေ၍ တိုက် ခိုက်ခြင်းမဟုတ်ဘဲ စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်ရန် မူလကတည်းက စီစဥ်ထားပြီးတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်း အသိပေးသည်။

ယခုတိုက်ခိုက်မှုအပေါ် အားရကျေနပ်မှုရှိပြီး အထူးသဖြင့် ဒေသတွင်းတော်လှန်ရေးအင်အားစုများ ညီညီညွတ်ညွတ်ဖြင့် စစ်အာဏာရှင်နှင့်၎င်း၏ထောက်တိုင်များကိုတိုက်ခိုက်ချေမှုန်းလာနိုင်ခြင်းမှာ စိတ်ကျေနပ်စရာ တိုးတက်မှုဖြစ်ကြောင်း PRA-Magway ကမှတ်ချက်ပေးသည်။

ထို့အပြင် ယင်း ကပစ (၁၀)သည် တာဝေးပစ်ဒုံး၊ တင့်ကားသုံး အမြှောက်ဗုံးသီးများ၊ လေယာဥ်ပစ်ဗုံးသီးများ ထုတ်လုပ်နေခြင်းဖြစ်ပြီးစစ်​ကောင်စီတပ်ချေမှုန်းရေးအတွက် High-Value Target တစ်ခုဖြစ် ကြောင်း PRA-မ​ကွေးက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မတ်လ ၁၄ ရက်ကလည်း BWM နှင့် MKCDF အဖွဲ့တို့ပူးပေါင်း၍ တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးသေဆုံးခဲ့သည်။

သတင်း

အထက်ပါ ပျူခေါင်းဆောင်ဆိုသူအား ပစ်ခတ်ရှင်းလင်းသည့် စစ်ဆင်ရေးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂၊ တပ်ခွဲ ၃ နှင့် မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

သတင်း

ရွာငံမြို့နယ်တွင် ပြီးခဲ့သည့် မတ်လ ၁၅ရက်၊၁၇ရက်နှင့် ၁၉ရက်ကလည်း စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့သည်။

သတင်း

ရတနာပုံခန်းမကို အာဏာသိမ်းခဲ့သည့် ၂၀၂၁ မေလအတွင်းက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။