Connect with us

Hi, what are you looking for?

သတင်း

မင်းလှရှိ ကပစ (၁၀)ကိုရှော့တိုက်ဒုန်းနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ဟု PRA-Magway ပြော

ယမန်နေ့ (ဧပြီ ၇ ရက်နေ့) ည ၈ နာရီခွဲက မင်းလှမြို့နယ် ကပစ (၁၀)တပ်ဝန်းအား PRA-မ​ကွေး နှင့် အ ထက်မင်းလှ ပ.က.ဖ၊ မကွေးတောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(SMPDF)တို့ပူးပေါင်း၍ ၁၀၇ မမ ရှော့တိုက်ဒုန်းနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ် သည်။

(​​ရှော့တိုက်ဒုံးနှင့်အတူ​တွေ့ရ​သော PDF တစ်ဦးနှင့် ကပစစက်ရုံဝန်းကျင်​ကို​မြေပုံတွင်​တွေ့ရမှု)
(​​ရှော့တိုက်ဒုံးနှင့်အတူ​တွေ့ရ​သော PDF တစ်ဦးနှင့် ကပစစက်ရုံဝန်းကျင်​ကို​မြေပုံတွင်​တွေ့ရမှု)

မကွေးတိုင်းအထက် မင်းလှမြို့နယ်အခြေစိုက် စစ်​ကောင်စီ၏ကာကွယ်ရေးပစ္စည်းထုပ်လုပ်ရေးစက်ရုံ( ကပစ) (၁၀)အား ညီနောင်မဟာမိတ်တပ်ဖွဲ့များနှင့်အတူ တပ်ဝန်းထဲအထိဝင်ရောက်ပြီး ရှော့တိုက်ဒုန်းနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း People’s Revolution Alliance (PRA-Magway)မှတာဝန်ရှိသူကပြောသည်။

ယမန်နေ့ (ဧပြီ ၇ ရက်နေ့) ည ၈ နာရီခွဲက မင်းလှမြို့နယ် ကပစ (၁၀)တပ်ဝန်းအား PRA-မ​ကွေး နှင့် အ ထက်မင်းလှ ပ.က.ဖ၊ မကွေးတောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(SMPDF)တို့ပူးပေါင်း၍ ၁၀၇ မမ ရှော့တိုက်ဒုန်းနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ် သည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအတွင်း ကပစ (၁၀)ရှိ စက် ရုံအဆောက်အအုံများ မီးလောင်ပျက်စီးကာ ရန်သူထိ ခိုက်သေဆုံးမှုရှိနိုင်ကြောင်း PRA-Magway က အသိပေးသည်။

(​​ရှော့တိုက်ဒုံးနှင့်အတူ​တွေ့ရ​သော PDF တစ်ဦးနှင့် ကပစစက်ရုံဝန်းကျင်​ကို​မြေပုံတွင်​တွေ့ရမှု)
(​​ရှော့တိုက်ဒုံးနှင့်အတူ​တွေ့ရ​သော PDF တစ်ဦးနှင့် ကပစစက်ရုံဝန်းကျင်​ကို​မြေပုံတွင်​တွေ့ရမှု)

“ပစ်ခတ်မှုကြောင့် ရန်သူကျဆုံးမှုရှိနိုင်တာကိုတော့ မြေပြင်အတည်ပြုချက်တွေအရ သိရပါပြီ။ ထိခိုက်ပျက်စီးမှုအသေးစိပ်ကိုတော့ ကျနော်တို့ ဆက်လက်စုံစမ်းနေပါတယ်ခင်ဗျာ။ ပြည့်ပြည့်စုံစုံသိရတာနဲ့ နောက် ဆက်တွဲထုတ်ပြန်ချက် ထုတ်ပြန်ပါမယ်ခင်ဗျ”ဟု PRA-Magway မှ ပြန်ကြားရေးတာဝန်ခံက People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါကပစ (၁၀)အားတိုက်ခိုက်ချိန်တွင်စက်ရုံအတွင်းတရုတ်၊ ရုရှားနှင့် မြောက်ကိုရီးယားနိုင်ငံသားများအပါအဝင် ထုတ်လုပ်ရေးပညာရှင်များရှိနေသည်ကိုသိရှိရကြောင်း PRA-Magway ကဆိုသည်။

သို့သော် ယခုတိုက်ခိုက်မှုသည် စက်လက်ထုတ်လုပ်ရေးစက်ရုံသို့ နိုင်ငံခြားသားပညာရှင်များရောက်ရှိနေ၍ တိုက် ခိုက်ခြင်းမဟုတ်ဘဲ စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်ရန် မူလကတည်းက စီစဥ်ထားပြီးတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်း အသိပေးသည်။

ယခုတိုက်ခိုက်မှုအပေါ် အားရကျေနပ်မှုရှိပြီး အထူးသဖြင့် ဒေသတွင်းတော်လှန်ရေးအင်အားစုများ ညီညီညွတ်ညွတ်ဖြင့် စစ်အာဏာရှင်နှင့်၎င်း၏ထောက်တိုင်များကိုတိုက်ခိုက်ချေမှုန်းလာနိုင်ခြင်းမှာ စိတ်ကျေနပ်စရာ တိုးတက်မှုဖြစ်ကြောင်း PRA-Magway ကမှတ်ချက်ပေးသည်။

ထို့အပြင် ယင်း ကပစ (၁၀)သည် တာဝေးပစ်ဒုံး၊ တင့်ကားသုံး အမြှောက်ဗုံးသီးများ၊ လေယာဥ်ပစ်ဗုံးသီးများ ထုတ်လုပ်နေခြင်းဖြစ်ပြီးစစ်​ကောင်စီတပ်ချေမှုန်းရေးအတွက် High-Value Target တစ်ခုဖြစ် ကြောင်း PRA-မ​ကွေးက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

မကွေးတိုင်း၊မင်းတုန်းမြို့နယ်ကနေ မင်းလှမြို့နယ် ရှမ်းတပ်စခန်းကို လာတဲ့ စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ရာ စစ်တပ်ဘက်က​သေဆုံးထိခိုက်မှုများပြီး စစ်ကားတစ်စီး၊မီးစက်တစ်လုံးနဲ့ စစ်သုံးပစ္စည်း​​တွေသိမ်းဆည်းရရှိခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ်-USBA ကထုတ်ပြန်ပါတယ်။

သတင်း

လားရှိုးမြို့‌ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်ခံရပြီးနောက်မြို့ခံတွေစိုးရိမ်နေပြီး စက်သုံးဆီနဲ့ စားသောက်ကုန်တွေ ဝယ်ယူစုဆောင်းလာကြပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့လားရှိုးမြို့‌ကို ဒီနေ့ညနေပိုင်း ရှော့တိုက်ဒုန်းသုံးလုံးပစ်ခတ်ခံရပြီး အရပ်သားအမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရခဲ့ပါတယ်။

Facebook