Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ​၏ ပြည်သူ့ရင်ပြင် သင်္ကြန်မဏ္ဍပ်အနီး ယနေ့နံနက် ဗုံးပေါက်ကွဲမှုထပ်ဖြစ်

စစ်ကောင်စီကကျင်းပသော သင်္ကြန်ပွဲကို လက်မခံကြောင်းနှင့် စစ်ကောင်စီအားပေးထောက်ခံသော သင်္ကြန်ပွဲဖြစ်မြောက်စေရန် ပူးပေါင်းပါဝင်နေသူများကို ပြင်းထန်စွာ အရေးယူသွားမည်ဟု မြို့ပြတော် လှန်ရေးအင်အားစုများက သတိပေးထားသည်။

(စစ်ကောင်စီက ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ဗဟိုမဏ္ဍပ်ဆောက်လုပ်နေစဥ်။ ဓာတ်ပုံ - PS)
(စစ်ကောင်စီက ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ဗဟိုမဏ္ဍပ်ဆောက်လုပ်နေစဥ်။ ဓာတ်ပုံ - PS)

စစ်ကောင်စီက ဦးစီးကျင်းပမည့် ပြည်သူ့ရင်ပြင်ရှိ သင်္ကြန်မဏ္ဍပ်အနီးတွင် ယနေ့နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုထပ်မံဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့(ဧပြီ ၉ရက်)နံနက်၉နာရီခွဲခန့်တွင် စမ်းချောင်းမြို့နယ်ရှိ ပြည်သူ့ရင်ပြင်၌ ဗုံးနှစ်လုံးပေါက်ကွဲခဲ့ခြင်းဟု ဆိုသည်။

“ဒီမနက် ၉ ခွဲကျော်လောက်က ဆက်တိုက်ပေါက်တာ။သိရသလောက်တော့ ထိခိုက်မှုမရှိဘူး”ဟု စမ်းချောင်းမြို့နယ်နေသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ယခုပေါက်ကွဲမှု ဖြစ်စဥ်ကို မည်သည့်အဖွဲ့က ဆောင်ရွက်ခဲ့ခြင်းကို မသိရသေးပေ။

Public Service Announcement

Public Service Announcement

ပြည်သူ့ရင်ပြင်တွင် စစ်ကောင်စီက လမ်းလျှောက်သင်္ကြန်ပြုလုပ်မည်ဟု ယခုလ ၆ ရက်က ကြေညာခဲ့သည်။

ထို့နောက် ယမန်နေ့ညပိုင်းတွင် ပြည်သူ့ရင်ပြင်ရှိ ဗဟိုမဏ္ဍပ်နှင့် စမ်းချောင်းရဲစခန်းရှေ့ သင်္ကြန်ရေကစားမဏ္ဍပ်တို့ကို အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow (YGN UG) အဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

စစ်ကောင်စီကကျင်းပသော သင်္ကြန်ပွဲကို လက်မခံကြောင်းနှင့် စစ်ကောင်စီအားပေးထောက်ခံသော သင်္ကြန်ပွဲဖြစ်မြောက်စေရန် ပူးပေါင်းပါဝင်နေသူများကို ပြင်းထန်စွာ အရေးယူသွားမည်ဟု မြို့ပြတော် လှန်ရေးအင်အားစုများက သတိပေးထားသည်။

အလားတူ နိုင်ငံ၏ လက်ရှိစစ်ရေးအခြေအနေ အရ ထွက်ပြေးတိမ်ရှောင်နေရသော စစ်ဘေးရှောင်များ နှင့် တော်လှန်ဒေသများကို မျက်နှာမူ၍ သင်္ကြန်ကာလအတွင်း စုရုံးပျော်ပါးခြင်းကို ​ရှောင်ရှားကြရန် တိုက်တွန်းမှုများရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

နိုင်ငံတကာ

ဆီးရီးယားနိုင်ငံ၊ ဒမတ်စကက် မြို့တော်မှာ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန် တည်းခိုနေတဲ့ ဟိုတယ်နားမှာ ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ကြောင်း သိရပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။