Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပြည်သူ့ရင်ပြင်နှင့် စမ်းချောင်းရဲစခန်းရှေ့ သင်္ကြန်မဏ္ဍပ် အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

Dark Shadow အဖွဲ့သည် သင်္ကြန်ကာလတွင်ပြုလုပ်မည့် ဖျော်ဖြေရေးအစီအစဉ်များ၌ မြန်မာဒီဂျေများပါဝင်ခြင်းမပြုရန်လည်း သတိပေးထုတ်ပြန်ထားသည်။

( စစ်ကောင်စီက ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ဗဟိုမဏ္ဍပ်ဆောက်လုပ်နေစဥ်။ ဓာတ်ပုံ - PS)
( စစ်ကောင်စီက ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ဗဟိုမဏ္ဍပ်ဆောက်လုပ်နေစဥ်။ ဓာတ်ပုံ - PS)

ရန်ကုန်မြို့၌ စစ်ကောင်စီဆောက်လုပ်ထားသော ပြည်သူ့ရင်ပြင်ရှိ ဗဟိုမဏ္ဍပ်နှင့် စမ်းချောင်းရဲစခန်းရှေ့ သင်္ကြန်ရေကစားမဏ္ဍပ် တို့ကို ယနေ့ (ဧပြီ ၈) ညပိုင်း၌ အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow (YGN UG) အဖွဲ့က အသိပေးထုတ်ပြန်သည်။

ယနေ့ည ၇နာရီခန့်အချိန်တွင် စမ်းချောင်းမြို့နယ် ဓမ္မစေတီလမ်းပေါ် စမ်းချောင်းရဲစခန်းရှေ့ရှိ ရေကစားမဏ္ဍပ် နှင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရှေ့ ပြည်သူ့ရင်ပြင်အတွင်းရှိ ဗဟိုမဏ္ဍပ် တို့ကို အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုနှင့်ပတ်သက်၍ အထိအခိုက်ကို မသိရသေး‌သော်လည်း ၎င်းတို့အဖွဲ့ဝင်အားလုံး ဘေးလွတ်ရာသို့ရောက်ရှိပြီဟု ဆိုသည်။

( စစ်ကောင်စီက ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ဗဟိုမဏ္ဍပ်ဆောက်လုပ်နေစဥ်။ ဓာတ်ပုံ - PS)
( စစ်ကောင်စီက ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ဗဟိုမဏ္ဍပ်ဆောက်လုပ်နေစဥ်။ ဓာတ်ပုံ – PS)

” ညက မြေနီကုန်းဘက်မှာ ဗုံးပေါက်သံ တစ်ချက်တော့ ကြားလိုက်ရတယ်။ မီးပျက်နေတဲ့အချိန် မီးစက်သံတွေနဲ့ ရောနေတော့ အသံအကျယ်ကြီးတော့ သိပ်မကြားလိုက်ရဘူး။ ဓမ္မစေတီလမ်းပေါ် စမ်းချောင်းရဲစခန်းရှေ့က မဏ္ဍပ်မှာပေါက်တာလို့ သိရပါတယ်။ လူတော့ထိတယ် မကြားမိဘူး “ဟု မြေနီကုန်းအနီး နေထိုင်သူတစ်ဦးက ပြောသည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ပြည်သူ့ရင်ပြင်နှင့် စမ်းချောင်းရဲစခန်းအနီးသို့ စစ်ကားအများအပြား ရောက်ရှိ၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံပြည်သူတစ်ဦးက ဆိုသည်။

Public Service Announcement

Public Service Announcement

“မကြာမီ ကျရောက်မည့် သင်္ကြန်ပွဲကာလအတွင်းတွင်လည်း စစ်ကောင်စီကို အခွန်ပေးဆောင် ပြုလုပ်နေသည့် သင်္ကြန်ပါတီပျော်ပွဲ၊ ရွှင်ပွဲများနှင့် စစ်ကောင်စီကိုယ်စားပြု မြို့နယ်ရေကစားမဏ္ဍပ် များကို ဆက်လက် တိုက်ခိုက်သွားမည် ဖြစ်သည်။ မိဘပြည်သူများ တော်လှန်သင်္ကြန်တွင် ပူးပေါင်းပါဝင်ပေးကြပါ။ စစ်ကောင်စီ ကျင်းပမည့် သင်္ကြန်ပွဲကို မပါဝင်ကြပါနဲ့။ ဆန့်ကျင်ပါရန် ကျွန်ုပ်တို့ Dark Shadow (YGN UG) မှ မေတ္တာရပ်ခံအပ်ပါသည်။” ဟု ယင်းအဖွဲ့က တောင်းဆိုထားသည်။

“လောလောဆယ်တော့ စမ်းချောင်းမြို့နယ်ထဲမှာ မီးတန်းကားနဲ့ Double Cub တစ်စီးပတ်နေတယ်၊ ဖမ်းတာဆီးတာတော့ သတင်းမကြားသေးဘူး”ဟု စမ်းချောင်းမြို့နယ်၌ နေထိုင်သူတစ်ဦးက ပြောသည်။

( စစ်ကောင်စီက ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ဗဟိုမဏ္ဍပ်ဆောက်လုပ်နေစဥ်။ ဓာတ်ပုံ - PS)
( စစ်ကောင်စီက ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ဗဟိုမဏ္ဍပ်ဆောက်လုပ်နေစဥ်။ ဓာတ်ပုံ – PS)

Dark Shadow အဖွဲ့သည် သင်္ကြန်ကာလတွင်ပြုလုပ်မည့် ဖျော်ဖြေရေးအစီအစဉ်များ၌ မြန်မာဒီဂျေများပါဝင်ခြင်းမပြုရန်လည်း သတိပေးထုတ်ပြန်ထားသည်။

Dark Shadow (YGN UG) အဖွဲ့အနေဖြင့် စစ်ကောင်စီမှ ကျင်းပသော သင်္ကြန်ပွဲကို လက်မခံကြောင်းနှင့် စစ်ကောင်စီအားပေးထောက်ခံသော သင်္ကြန်ပွဲဖြစ်မြောက်စေရန် ပူးပေါင်းပါဝင်နေသူများကို ပြင်းထန်စွာ အရေးယူသွားမည်ဟု သတိပေးထုတ်ပြန်ထားသည်။

ယင်းအဖွဲ့သည် ယမန်နှစ်ကလည်း မြို့တော်ခန်းမရှေ့ရှိ ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်ကို အဝေးထိန်း‌ဗုံးဖြင့် တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရှိ ကျောက်တံတား၊ စမ်းချောင်း၊ ဒဂုံ၊ ကြည့်မြင်တိုင်၊ မရမ်းကုန်း စသည့် မြို့နယ်တို့တွင် စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်များ တည်ဆောက်၍ ရေပက်ခံသူပြည်သူများဖြင့် စည်ကားနေကြောင်း ပြသရန် ကြိုးပမ်းလျက်ရှိသည်။

သတင်း

အုပ်ချုပ်ရေးမှူးများက နှုတ်ထွက်စာတင်သော် လည်း စစ်ကောင်စီဘက်မှ ထွက်ခွင့်မပြုသောကြောင့် တိမ်းရှောင်သွားသူလည်း ရှိကြောင်း ၎င်းက ဆိုသည်။

သတင်း

လက်ရှိ လူထုကြား ​သောကများ​နေကြသည့် စစ်မှုထမ်းကိစ္စကို အထူးအ​လေး​ပေးပြုလုပ်​နေကြသည့် စစ်ကောင်စီအလိုတော်ရိ ဝန်ထမ်းများ၊ ​ထွေအုပ်၊ ရပ်ကွက်အုပ်ကြီးများနှင့် လက်​​ဝေခံ ထောက်တိုင်များလည်း သတိထား​နေကြရန် ရန်ကုန်ပကဖက ပြင်းထန်စွာ သတိ​ပေးသည်။

သတင်း

အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်များဖြစ်ခဲ့သည်မှာ မှန်ကန်ပြီး လူထိခိုက်မှုမရှိကြောင်း လှိုင်သာယာကင်းထောက်ချန်နယ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။