Connect with us

Hi, what are you looking for?

သတင်း

စစ်ရေးနှင့် မဆိုင်သည့် ပြည်သူများအား သတ်ဖြတ်သည့် စစ်ကောင်စီကို လက်တွေ့ကျစွာ အရေးယူရန် နိုင်ငံတကာအား CNDF တောင်းဆို

လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု နှင့် မြောက်များစွာသော ပြစ်မှုများ အကြိမ်ကြိမ်ကျူးလွန်နေသည့် စစ်ခေါင်းဆောင် အဆင့်ဆင့်နှင့် အာဏာရှင်များအား ဆက်လက် ချေမှုန်း သွားမည်ဖြစ်ကြောင်း CNDFက အသိပေးသည်။

(ဖလမ်းမြို့နယ်၊ ဝေဘူလမြို့အား ဧပြီ ၁၀ရက်က စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ပြီးနောက် ‌မြင်တွေ့ရစဥ်။ ဓာတ်ပုံ - The Chin Journal)
(ဖလမ်းမြို့နယ်၊ ဝေဘူလမြို့အား ဧပြီ ၁၀ရက်က စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ပြီးနောက် ‌မြင်တွေ့ရစဥ်။ ဓာတ်ပုံ - The Chin Journal)

အကြမ်းဖက်စစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူလူထုအပေါ် ရက်စက်ယုတ်မာစွာ တိုက်လေယာဉ်များ အသုံးပြုပြီး ဗုံးကြဲမှုနှင့် နေအိမ်များ မီးရှို့မှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှု၊ ဖောက်ထွန်းလုယက်ခိုယူမှု စသည့် တို့ကို ကျူးလွန်နေခြင်းကြောင့် နိုင်ငံတကာအနေဖြင့် လက်တွေ့ကျကျ အရေးယူပေးရန် တောင်းဆိုကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF)က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်က ယမန်နေ့ (ဧပြီ ၁၀ရက်)တွင် ဖလမ်းမြို့နယ် ဝေဘူလမြို့ကို စစ်ရေးနှင့် မသက်ဆိုင်ဘဲ လေကြောင်းမှ ဗုံးကြဲခဲ့ရာ ပြည်သူ ၉ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့သည်။ နေအိမ် ငါးလုံးလည်း မီးလောင်ပျက်စီးခဲ့သည်။ ဖလမ်း မြို့နယ် ရမ်ထလိုရွာကိုလည်း ဧပြီ ၁၀ရက်တွင် ၆ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထို့ပြင် ရမ်ထလိုရွာမှ နေအိမ် ၁၉လုံး အပါ အဝင် ဖလမ်းမြို့နယ်အတွင်းမှ ပြည်သူလူထုနေအိမ်များကို မီးရှို့ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့သည်။

ယင်းသို့ အကြမ်းဖက်စစ်ကောင်စီ၏ လူမဆန် သောလုပ်ရပ်များကြောင့် အသက်အိုးအိမ် ဆုံးရှုံးမှု အပေါ် ပြည်သူများနှင့်အတူ ဝမ်းနည်းရကြောင်း ဖလမ်းနယ်အတွင်း လှုပ်ရှားသည့် CNDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု နှင့် မြောက်များစွာသော ပြစ်မှုများ အကြိမ်ကြိမ်ကျူးလွန်နေသည့် စစ်ခေါင်းဆောင် အဆင့်ဆင့်နှင့် အာဏာရှင်များအား ဆက်လက် ချေမှုန်း သွားမည်ဖြစ်ကြောင်း CNDFက အသိပေးသည်။

CNDFသည် ဧပြီ ၁၀ရက် နံနက်ပိုင်းတွင် ဖလမ်း မြို့နယ် ဗားရ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၄ဦးသေဆုံးပြီး ၁၁ဦး အရှင်ဖမ်းမိခဲ့ကြောင်း၊ လက်နက် ၂၀ကျော် ရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ စစ်ရှောင်နေရတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေ ပြန်လာကြဖို့ စစ်တပ်က ညွှန်ကြားထားတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။