Connect with us

Hi, what are you looking for?

သတင်း

ဗားရ်စခန်းသိမ်းတိုက်ပွဲ စစ်​ကောင်စီတပ်ဗိုလ်ကြီးအပါအဝင်၁၄ဦးသေဆုံး၊ ၁၁ဦး အရှင်ဖမ်းမိဟု CNDF ထုတ်ပြန်

စခန်းသိမ်းတိုက်ပွဲဖြစ်ပွားပြီးစစ်တပ်က ​လေ​ကြောင်းမှလာ​ရောက်တိုက်ခိုက်ခဲ့​သော်လည်း CNDF တပ်ဖွဲ့ဝင်များထိခိုက်မှုမရှိ​ဟု တပ်ဖွဲ့ဝင်တစ်ဦးက​ပြောသည်။

(ဗားရ်စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများနှင့် CNDF တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-CNDF)
(ဗားရ်စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများနှင့် CNDF တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-CNDF)

▪︎လက်နက်မျိုးစုံ ၂၁ နှင့် ခဲယမ်း၊ ကျည်များ သိမ်းဆည်းရရှိ၊ တိုက်ပွဲအတွင်း CNDF ရဲဘော် ၁ဦးကျဆုံး

ချင်းပြည်နယ် ဖလမ်းမြို့နယ် ဗားရ်တံတားအနီးရှိ စစ်ကောင်စီရဲ့တပ်စခန်း ကို ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)ကယ​နေ့နံနက် ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်မှဗိုလ်ကြီးတစ်ဦး အပါအဝင် ၁၄ဦး သေဆုံးပြီး ၁၁ဦး အရှင်ဖမ်းမိကြောင်း CNDFက ယနေ့ညပိုင်း၌ သတင်းထုတ်ပြန်သည်။

ဧပြီ ၁၀ရက် နံနက် ၅နာရီခွဲတွင် ဖလမ်းမြို့နှင့် ၁၂ မိုင်အကွာရှိ ဗားရ်ကျေးရွာ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ခဲ့ရာ တစ်နာရီခွဲ ခန့်တွင် စခန်းကို သိမ်းပိုက်နိုင်ခဲ့သည်ဟုသိရသည်။ ​နွေဦး​​တော်လှန်​ရေးကာလတစ်​လျှောက်တိုက်ပွဲများတွင် ယခုစခန်းသိမ်းတိုက်ပွဲမှာ CNDF အတွက်ပထမဆုံးဖြစ်​ကြောင်းသိရသည်။

ဗားရ်စခန်း၌ တာဝန်ကျသည့် စစ်ကောင်စီ တပ်သား ၂၅ဦးအနက် ၁၁ဦးမှာ တိုက်ပွဲအတွင်း သေဆုံးခဲ့ပြီး ၁၄ ဦး အရှင်ဖမ်းမိခဲ့ကြောင်း၊ ဖမ်းမိခဲ့သူများအနက် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည့် ဗိုလ်ကြီး အပါအဝင် ၃ဦး လမ်းခုလတ်တွင် ထပ်မံ သေဆုံးခဲ့၍ သေဆုံးသူ ၁၄ ဦး ရှိခဲ့ကြောင်း အသိပေးထားသည်။

(ဗားရ်စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများနှင့် CNDF တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-CNDF)
(ဗားရ်စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများနှင့် CNDF တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-CNDF)

တိုက်ပွဲအတွင်း ပြည်သူတစ်ဦး သေဆုံးခဲ့ပြီး CNDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စခန်းသိမ်းတိုက်ပွဲမှ လက်နက်မျိုးစုံ ၂၁လက်နှင့် မိုင်းများ၊ကျည်များ။ခဲယမ်းများစွာ ရရှိခဲ့ကြောင်း ဓာတ်ပုံနှင့်အတူ ဖော်ပြခဲ့သည်။

စစ်ကောင်စီအသုံးပြုသည့် MA1-၃လက်၊ MA-2 ၁လက်၊ MA-3 ၂လက်၊ MA-4 ၁လက်၊ G3 ၁၂လက်၊ ၆၀ မမ ၂လက် အပါအဝင် ကျည်ဘောက်များ၊ အီနာဂါဗုံးသီး၊ လက်နက်ကြီးကျည်များ၊ နင်းမိုင်းများ၊ လက်နက်ငယ်ကျည်များ ရရှိခဲ့ကြောင်း အသေးစိတ်စာရင်းနှင့်တကွ ထုတ်ပြန်သည်။ ထို့ပြင် တပ်စခန်းကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း အသိပေးထားသည်။

စခန်းသိမ်းတိုက်ပွဲဖြစ်ပွားပြီးစစ်တပ်က ​လေ​ကြောင်းမှလာ​ရောက်တိုက်ခိုက်ခဲ့​သော်လည်း CNDF တပ်ဖွဲ့ဝင်များထိခိုက်မှုမရှိ​ဟု တပ်ဖွဲ့ဝင်တစ်ဦးက​ပြောသည်။

Public Service Announcement
Public Service Announcement

သို့​သော်စစ်ကောင်စီတပ်သည် ဗားရ်စခန်း သိမ်းပိုက်ခံရမှုကြောင့် တိုက်ပွဲဖြစ်ပွာခြင်းမရှိသည့် ဖလမ်းမြို့နယ် ဝေဘူလမြို့ကို လေကြောင်းမှ ဗုံးကြဲခြင်းလုပ်ဆောင်ခဲ့သည်ဟု ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားသည်။

“ဝေဘူလမြို့ပေါ်မှာ ဂျက်ဖိုက်တာနဲ့ ချတယ်။ အဲဒီမှာ အစကတော့ ပြည်သူ ခြောက်ဦး သေတယ်လို့ ကြားရတာ အခု ၉ဦးပေါ့။ သုံးဦးထပ်တိုးတယ်လို့ ကျနော်တို့ ပြန်ကြားရတယ်။ အဲဒါတင်မကပါဘူး။ ဟားခါးနဲ့ ဖလမ်းကြား တိုက်ပွဲဖြစ်တဲ့နေရာလည်း ဒီညနေမှာ ဂျက်ဖိုက်တာ လေးစီးနဲ့နှစ်စီးက ၄ကြိမ်၊ နှစ်စီးက ၂ကြိမ် အဲဒီတိုက်ပွဲဖြစ်တဲ့နေရာမှာ လာကြဲသွားတယ်။ ကျနော်တို့ဘက်က အထိအခိုက်တော့မရှိဘူးပေါ့” ဟု ဆလိုင်းထက်နီက စစ်ကောင်စီတပ်ရဲ့ ဒီကနေ့ လေကြောင်း တိုက်ခိုက်မှု အခြေအနေကို People’s Spring သတင်းဌာနသို့ ပြောကြားထားသည်။

စစ်ကောင်စီတပ်က ဝေဘူလမြို့ကို လေကြောင်းမှ တိုက်ခိုက်ခြင်းဟာ ဖလမ်းမြို့နယ် ဗားရ်တံတားရှိ စစ်ကောင်စီစခန်း သိမ်းပိုက်ခံရမှုနှင့် ဆက်စပ်သည်ဟု ၎င်းကသုံးသပ်သည်။

“အဲဒီဘက်မှာက တိုက်ပွဲဖြစ်တာရှိတယ်။ အဲဒီ ဖလမ်းမြို့နယ်အတွင်း ဗားရ်တံတားက ရဲစခန်းကို CNDF ဆိုတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ကနေ ဝင်ပြီးတော့ သိမ်းတယ်။ သိမ်းတော့ အဲဒီမှာ ဂျက်ဖိုက်တာ တစ်စီး လာပြီးချသွားတယ်။ အဲဒီမှာ CNDF တစ်ယောက်ရယ် ပြီးတော့ အဲဒီက ဒေသကျေးရွာအုပ်ချုပ်ရေးမှူး တစ်ယောက်တော့ ဆုံးသွားတယ်ပေါ့။အဲဒီကနေ တဆင့် အဲဒီ ဂွင်မှာ ရှိတဲ့ ဝေဘူလမြို့ထဲကို ဝင်ကြဲသွားတာ။ အမှန်က အဲဒီမှာ CNDF ရယ်အခြား ဒေသကာကွယ်ရေးတပ်ဖွဲကတွေ မရှိဘူးပေါ့။ အဲဒါကို တမင် ပြည်သူကို ဦးတည်ပြီးတော့ တမင်ကို လုပ်သွားတာပေါ့။ ဒါက အဲဒီမတိုင်ခင် ထန်တလန်မြို့နယ် ခွာဖိုကျေးရွာမှာ ကြဲချတဲ့ ပုံစံလုပ်သွားတာပေါ့” ဟု ဆလိုင်းထက်နီက ပြောသည်။

မတ်လ ၃၀ရက်က ထန်တလန် ခွာဖိုရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲခဲ့၍ အရပ်သား ပြည်သူ ၉ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဗန်းမော်မြို့၊ ညောင်ပင်ရပ်ကွက်မှ စစ်ဘေးရှောင်များခ်ိုလှုံနေသည့်တောင်လေးလုံဘုန်းကြီးကျောင်းကို စစ်ကောင်စီကပြီးခဲ့သည့် မေလ ၈ရက်တွင်ဗုံးဖြင့်ကြဲချခဲ့သည့်ရုပ်သံမှတ်တမ်းယနေ့ထွက်ပေါ်လာသည်။

ဘာသာပြန်ဆောင်းပါး

အာဏာသိမ်း စစ်ကောင်စီကြောင့် နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ယိမ်းယိုင် ပြိုကျနေခဲ့ရခြင်းက ငလျင်ဘေးသင့်ချိန်မှာ မြန်မာနိုင်ငံအတွက် သေကြေပျက်စီးမှုတွေကို ပိုမို ဆိုးရွားသွားစေခဲ့ကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ ကျန်းမာရေး ပညာရှင်တွေနဲ့ နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တိုက်ပွဲများအတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် အထိနာသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲပြင်းထန်နေစဉ်ဒေသခံပြည်သူ၄၀၀ကျော်ခိုလှုံနေသည့်ဘုန်းကြီးကျောင်းကို စစ်ကောင်စီကယနေ့ (မေလ ၈ရက်)လေကြောင်းမှ ဗုံးကြဲသောကြောင့် စစ်ရှောင် ၁၅ဦးထက်မနည်းသေဆုံးပြီး ၃၀ကျော် ဒဏ်ရာရရှိခဲ့​ကြောင်း ဗန်း​မော်မြို့တိုက်ပွဲသတင်းများ​ဖော်ပြ​ပေး​နေ​သော Banmaw Scout Team နှင့်​ဒေသခံအချို့က​ပြောသည်။