Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပဇီကြီးရွာလေကြောင်းတိုက်ခိုက်ခံရမှု ​သေဆုံးသူ ၁၂၀ ခန့်အထိတိုးလာ၊ က​လေးငယ် ၁၉ ဦးပါဝင်

စစ်ကောင်စီက လေကြောင်းမှ အဆက်မပြတ်ကင်းထောက်ခြိမ်းခြောက်နေခြင်းမှာအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို မြေပြင် သက်သေအထောက်အထားများဖျောက်ဖျက်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများကပြောသည်။

ပဇီကြီးရွာလေကြောင်းတိုက်ခိုက်ခံရမှု ​သေဆုံးသူ ၁၂၀ ခန့်အထိတိုးလာ၊ က​လေးငယ် ၁၉ ဦးပါဝင်
ပဇီကြီးရွာလေကြောင်းတိုက်ခိုက်ခံရမှု ​သေဆုံးသူ ၁၂၀ ခန့်အထိတိုးလာ၊ က​လေးငယ် ၁၉ ဦးပါဝင်

▪︎စစ်​ကောင်စီတပ်က ရဟတ်ယာဥ် ၂ စီးဖြင့်တစ်​နေကုန်လာ​ရောက်ခြိမ်း​ခြောက်၍ သက်​သေ​ဖျောက်ရန်ကြိုးစား​နေဟု ရှာ​ဖွေကယ်​ဆယ်​ရေးလုပ်​နေသူများ​ပြော

▪︎​သေဆုံးသူအ​ရေအတွက်မှာ ၁၅၀ ​ကျော်မှ ၂၀၀ ခန့်အထိ့ရှိလာနိုင်​ကြောင်းရှာ​ဖွေကယ်ဆယ်​ရေးလုပ်နေသူများ​ပြော

ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်မှုတွင် သေဆုံးပြည်သူဦးရေ၁၂၀ခန့်အထိရှိလာပြီး ၊စစ်​ကောင်စီတပ် ရဟတ်ယာဥ်များက ပဇီကြီးရွာသို့ ယ​နေ့တွင်လည်းတစ်​နေကုန်လာ​ရောက်ခြိမ်း​ခြောက်​နေ၍ ရှာ​ဖွေကယ်ဆယ်​ရေး​ကောင်းစွာမလုပ်နိုင်​ကြောင်း ​ဒေသခံများနှင့် NUG ထိမှသိရသည်။

စစ်ကောင်စီက လေကြောင်းမှ အဆက်မပြတ်ကင်းထောက်ခြိမ်းခြောက်နေခြင်းမှာအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို မြေပြင် သက်သေအထောက်အထားများဖျောက်ဖျက်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများကပြောသည်။

“သူတို့က သက်သေတွေ ဖျောက်ဖို့ကြိုးစားနေတယ်။ ကျွန်တော်တို့ကတော့ မြေပြင်က သက်သေအထောက်အထားတွေအကုန်လုံးကို NUG ကိုရော နိုင်ငံတကာ‌ကိုရော ပို့ထားပါတယ်” ဟုဒေါင်းနီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ လက်နက်ထုတ်လုပ်ရေးတာဝန်ခံကပြောသည်။

ပဇီကြီးရွာပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်ကယနေ့(ဧပြီလ၁၂ရက်) နံနက် ၉နာရီခွဲခန့်မှစ၍ Mi-35 ရဟတ်ယာဉ်နှစ်စင်း ပတ်ပျံကာ ကင်းထောက်နေကြောင်း ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

“လေကြောင်းက မနက်ကရော ညနေကရော ပလူပျံနေအောင် ပျံနေတာ။ ဒီနေ့ တော့ အနားတောင် မကပ်နိုင်ဘူး” ဟု ရုပ်အလောင်းများရှာဖွေရေးအဖွဲ့တွင် ပါဝင်သော ပဇီကြီးမဟုတ်သည့် ကျေးရွာတစ်ရွာမှ ဒေသခံတစ်ဦးကပြောသည်။

အမျိုးသားညီညွတ်​ရေးအစိုးရ(NUG ) ကယ​နေ့(​ဧပြီ ၁၂ ရကိ) ည​နေ ၇ နာရီအထိရရှိထား​​သော စာရင်းများအရ ​သေဆုံးသူ ၁၁၆ ဦးရှိလာပြီးဖြစ်​ကြောင်းသိရသည်။ ​သေဆုံးသူများတွင် အသက် ၁၈ နှစ်​အောက် က​လေးငယ် ၁၉ ဦး(​​ယောကျ်ား​လေး ၈ ဦး၊ မိန်းက​လေး ၁၁ ဦး) နှင့် အသက် ၁၈ နှစ်အထက် ၉၇ ဦး (အမျိုးသား ၈၁ ဦး ၊အမျိုးသမီး ၁၆ ဦး) ဖြစ်​ကြောင်း NUG မှတာဝန်ရှိသူထံမှသိရသည်။

ထိုအပြင် ဒဏ်ရာရသူ ၇၀ ​ကျော်ရှိ​ကြောင်းလည်း သိရသည်။

စစ်​ကောင်စီတပ်က အာဏာသိမ်းပြီး​​နောက်ပိုင်း အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများတွင် ဖားကန့်မြို့နယ် အနန့်ပါ​လေ​ကြောင်းတိုက်ခိုက်မှုမှာ ၆၀ ​ကျော်​သေဆုံးပြီး အများဆုံးဖြစ်​နေခဲ့ရာ မှ ၊ယခု ပဇီကြီးရွာ ​လေ​ကြောင်း​လေ​ကြောင်းတိုက်ခိုက်ခံရတွင် လတ်တ​လောစာရင်းအရပင် ၁၁၆ ဦးရှိလာ၍ စစ်အုပ်စုကျူးလွန်ခဲ့​သောအစုလိုက်အပြုံလိုက်သတ်များမှုတွင် အများဆုံးဖြစ်လာသည်။ သို့​သော် ​သေဆုံးသူရုပ်အ​လောင်းများကိုရှာ​ဖွေ​နေဆဲ ဖြစ်ပြီး အ​ရေအတွက် ထပ်တိုးလာနိုင်​သေးသည်။

​မြေပြင်တွင် ရှာ​ဖွေကယ်ဆယ်​ရေးကူညီလုပ်ကိုင်​ပေး​နေသူအချို့ကမူ ​သေဆုံးသူမှာ ဧပြီ ၁၂ ရက်ညနေပိုင်းကောက်ယူရရှိသည့်စာရင်းများအထိ (၂၀၀)ဦးခန့်ရှိပြီဖြစ်​ကြောင်း လင်းယုန်နီ(ကန့်ဘလူ)တော် လှန်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက People’s Spring သို့ ပြောသည်။

“အခုကျွန်တော်တို့ပြောတဲ့စာရင်းက သေဆုံးတက်နော။ အဲဒါကြောင့် ကျွန်တော်က သေဆုံး (၂၀၀) ခန့်ဆိုပြီး ပြောတာ။ ထိခိုက်ကို စာရင်းထဲ ထည့်မထားဘူး။ ထိခိုက်ပြီးမှ သေဆုံးတဲ့သူပဲ စာရင်းထည့်ထားတယ်”ဟု ၎င်းက ဆက်​ပြောသည်။

ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ လက်နက်ထုတ်လုပ်ရေးတာဝန်ခံကမူ ​သေဆုံးသူ ၁၅၀ ​ကျော်အထိရှိလာ​ကြောင်း​ပြောသည်။

စစ်တပ်က​လေ​ကြောင်းမှပျံဝဲ ခြိမ်း​ခြောက်​နေသဖြင့် ရှာ​ဖွေကယ်ဆယ်​ရေးလုပ်ငန်းများ ​နှောင့်​နှေး​နေရ​ကြောင်းလည်း ၎င်းတို့က​ပြောသည်။

ယနေ့ (ဧပြီ ၁၂ )ညနေအထိ ရုပ်အလောင်း ၈၀ ကျော် မီးသင်္ဂြိုလ်ပြီးနေပြီး ပျောက်‌ဆုံးနေသူအများအပြား ကျန်ရှိနေသေးသည်ဟု ရုပ်အလောင်းများရှာဖွေနေသူများကပြောသည်။

ဧပြီ ၁၁ ရက်နံနက်ပိုင်းက ကန့်ဘလူနယ် ပဇီကြီးကျေးရွာတွင် တိုက်နယ်အဆင့် ကျေးရွာ ပကဖ၊ ပအဖ၊ ပလဖ စုပေါင်းရုံးဖွင့်ပွဲအနေဖြင့် ဧည့်ခံကြွေးမွေးနေချိန် ဒေသခံပြည်သူများလာရောက်သုံးဆောင်၍ စု ဝေးနေစဥ် နံနက် ၇ နာရီ ၄၅ မိန်ခန့်တွင် စစ်တပ်သုံးဂျက်ဖိုက်တာတစ်စီးနှင့်တိုက်ခိုက်​ရေးရဟတ်ယာဥ် M-i35 နှစ်စ်စင်းတို့ဖြင့် လေကြောင်းမှတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကြွေးမွေးဧည့်သည့်နေရာသို့ ရောက်ရှိလာသူများတွင် အိမ်ခြေ (၂၀၀)ကျော်ရှိ ပဇီကြီးကျေးရွာမှ ပြည်သူများအပါအဝင် ဘေးတွင်းစင်၊ ချောင်းသာ၊ ရွာသာယာနှင့် မဲဇာတောစသည့်ကျေးရွာများမှ ဒေသခံပြည်သူများလည်း ပါဝင်ကြောင်းသိရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။