Connect with us

Hi, what are you looking for?

သတင်း

ထိုင်းဘက်ကိုခိုလှုံလာသူ ၈၉ ဦးကို နေရပ်ပြန်ပို့

မြန်မာဘက်ခြမ်းကိုပြန်ပို့လိုက်သူတွေဟာ တက်ခ်ခရိုင်၊မဲဆောက်ဒေသက ယာယီဒုက္ခသည်ခိုလှုံရေးစခန်းတွေကဖြစ်တယ်လို့ ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူက ဒီနေ့မှာ ပြောကြားတယ်လို့Thai PBS က ဖော်ပြပါတယ်။

တိုက်ပွဲတွေကြောင့် ထိုင်းဘက်ကိုခိုလှုံကြရစဉ်။ ဓာတ်ပုံ − Mae Sot Media
တိုက်ပွဲတွေကြောင့် ထိုင်းဘက်ကိုခိုလှုံကြရစဉ်။ ဓာတ်ပုံ − Mae Sot Media

တိုက်ပွဲတွေကြောင့်ထွက်ပြေးခိုလှုံလာသူ ၈၉ ဦးကို မြန်မာဘက်ကို ထိုင်းစစ်တပ်က ပြန်ပို့လိုက်တယ်လို့ ထိုင်းမီဒီယာတွေဖော်ပြပါတယ်။

မြန်မာဘက်ခြမ်းကိုပြန်ပို့လိုက်သူတွေဟာ တက်ခ်ခရိုင်၊မဲဆောက်ဒေသက ယာယီဒုက္ခသည်ခိုလှုံရေးစခန်းတွေကဖြစ်တယ်လို့ ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူက ဒီနေ့မှာ ပြောကြားတယ်လို့Thai PBS က ဖော်ပြပါတယ်။

ဒါအပြင် ထိုင်း − မြန်မာ နယ်စပ်အနီး တက်ခ်ခရိုင်ထဲမှာ ဖွင့်လှစ်ထားတဲ့ ယာယီဒုက္ခသည်စခန်း ၁၅ ခုကို ထိုင်းစစ်တပ်က လုံခြုံရေးယူပေးနေတာကို ရပ်ဆိုင်းလိုက်ပြီး အဲဒီဒုက္ခသည်စခန်းတွေကို ပိတ်သိမ်းတော့မယ်လို့လည်း ထိုင်းစစ်တပ်ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

ဒီလိုပိတ်သိမ်းတော့မယ့် ယာယီဒုက္ခစခန်းတွေမှာ မြန်မာဘက်က ခိုလှုံလာသူ ၁၂,၀၀၀ ခန့်ရှိနေပြီးအများစုဟာ တိုက်ပွဲတွေပြန်ငြိမ်သွားချိန်မှာ နေရပ်ပြန်သွားကြတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင်က မြန်မာဘက်ကနေ ခိုလှုံခွင့်တောင်းလာသူတွေကို လုံခြုံမှုမရှိတဲ့အခြေအနေမှာ နေရပ်ပြန်မပို့ဖို့ ထိုင်းအစိုးရကို မနေ့က ဧပြီလ ၁၂ရက်မှာတောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ထိုင်း − မြန်မာ နယ်စပ် မြဝတီမြို့နယ်ထဲက ရွှေကုက္ကိုလ်မြို့ အနီးမှာတိုက်ပွဲတွေဖြစ်ပွားတာကြောင့်ဒေသခံတွေဟာ သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်းဘက်ထဲကိုခိုလှုံခဲ့ကြရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အသတ်ခံခဲ့ရတဲ့ ရုရှားလူငယ် မောင်နှမကို လူသတ်သမားတွေက မြှုပ်နှံထားခဲ့ရာ နေရာမှာ သူတို့အတွက် ရည်စူးပြီး ဆုတောင်းပွဲ တစ်ခုကို ကျင်းပခဲ့ပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကြိုဆိုခဲ့တဲ့ထိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD)ထဲ ဝင်ရောက်ဖို့ အားထုတ်မှုတွေကို ထိခိုက်လာစေနိုင်ကြောင်းထိုင်းရဲ့အဓိကအတိုက်အခံ နိုင်ငံရေး ပါတီက သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲနှစ်ဦးကို ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ဆက်နွှယ်တဲ့ သံသယရှိသူ နှစ်ယောက်ကို သုတ်သင် ရှင်းလင်းခဲ့ကြောင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။